Part-24

1K 32 2
                                    

ဒီနေ့ somiက သူ့သူငယ်ချင်းကို သွားကြိုရမှာမို့တဲ့
ကိုယ့်ကို အတင်းလေဆိပ်ခေါ်လာတယ်လေ။

လေယာဉ်ဆိုက်မဲ့ အချိန်က တစ်နာရီကျော်ကျော်လောက်ကျန်သေးတာကို
စောထွက်လာလို့ somiကို စိတ်ထဲကနေ ရန်တွေ့နေမိတယ်။
သူကြောင့် အလုပ်နားရက်လေးမှာ အေးဆေးမအိပ်ရဘူးလေ။

သန့်စင်ခန်းသွားချင်သလိုလို ဖြစ်လာတာနဲ့ somiကို ပြောပြီး
ထွက်လာခဲ့မိတယ်။ ကျမပြန်လာတော့
somiနဲ့ ရပ်စကားပြောနေတဲ့ ကောင်မလေး 2ယောက်။
ကျမကိုတော့ ကျောပေးလျက်ပေါ့။ ကျောပြင်လေးတစ်ခုကိုတော့
ရင်းနှီးနေသယောင် အနှစ်နှစ်အလလ လွမ်းနေခဲ့ရတဲ့
ကျောပြင်လေးလိုပေါ့။

somiနား သွားရပ်ကာ မျက်နှာချင်းဆိုင်ကြည့်မိတော့

ကျမ ရဲ့ သိပ်ချစ်ရပါတယ်ဆိုတဲ့သူမ သုံးနှစ်လုံးလုံး စောင့်နေမိတဲ့သူမ
အရပ်လည်းပိုရှည်လာတယ် ထင်ရသလို အရင်က
ကျမနဲ့ဆို နူးညံ့နေတက်တဲ့ သူမ မျက်နှာလေးက ခုတော့
ကိုယ့်ကို မမှတ်မိဘူးဆိုတဲ့ မျက်နှထားလေးနဲ့။

မျက်လုံးဝိုင်းဝိုင်းလေးက တော့ အရင်လိုမပြောင်းလဲ
သူ့မျက်ဝန်းထဲမှာ နူးညံ့မှုကို တွေ့လိုက်ပေမဲ့ ခနတာသာ။

"lili နင်ဟာ မပြောမဆိုနဲ့ ထွက်သွားရတယ်လို့ ငါကလွမ်းနေတာ"

"တောင်းပန်ပါတယ် somiရယ် ငါလည်း ရုတ်တရက်သွားတာမို့
မပြောဖြစ်လိုက်တာ"

"aပါ နောက်လည်းမကြာမကြာတွေ့မယ်နော်
ဒါနဲ့ နင်ဒီကို အပြီးပြန်လာတာလား"

ကျမမေးချင်နေတဲ့ မေးခွန်းလေးကို somiမေးလိုက်လို့
ကျေးဇူးတောင် တင်နေမိပြီ။

"သိပ်တော့မသေချာဘူး somi
ခုက unnie sooရဲ့ JS group မှာ အလုပ်ဝင်လုပ်ပေးမလို့
ပြန်လာတာလေ"

"innပါ
jen နင်liliကိုစကားပြောလိုက်ဦးလေ လွမ်းနေတာမလား"

💭
somiမကတော့ လှော်ပေးနေပြန်ပါပြီ
သူ့အကြည့်တွေကို ရင်မဆိုင်ရဲလို့မှ ငြိမ်နေပါတယ်ဆို 💭

"lili မတွေ့တာ ကြာပြီနော်"

"ဟုတ်ကဲ့ jennie မတွေ့တာကြာပြီလေ တစ်စုံတစ်ယောက်ကြောင့်ပေါ့
အလုပ်လေးတွေလည်းရှိတော့ သွားလိုက်ပါဦးမယ်နော်"

JealousWhere stories live. Discover now