liliကိုအတင်းဆွဲခေါ်လာပြီး ကားနားရောက်မှ
"အဲ့တစ်ယောက်က ဘယ်သူလဲ" jenသိပေမဲ့ တမင်မေးလိုက်ခြင်းပင်။
"ငါ အချိန်ပိုင်းလုပ်တဲ့ ဆီက အမပါဟ
unnieက ညီမရင်းတစ်ယောက်လို ဂရုစိုက်ပေးတယ်လေ
အဲ့တာကြောင့် ခင်နေတာပါ jenရယ်""နင်အချိန်ပိုင်းလုပ်တာ ငါဘာမှ မပြောဘူး
ရှုပ်ရှုပ်ရှက်ရှက်တွေတော့ ငါမကြားချင်ဘူးနော်
ခုထဲက တစ်ခါထဲမှာထားမယ်""inn ပါ"
liliနဲ့ jenလည်း စကားပြောပြီးတာနဲ့
ကားပေါ်တက်ကို အိမ်သို့ပဲ ဦးတည်မောင်းလာခဲ့တော့သည်။"lisa နင်ဗိုက်မဆာဘူးလား"
"ဆာတာပေါ့ jenရဲ့ ဘာမှ မစားရသေးတာကို"
"ခနစောင့် ငါခေါက်ဆွဲသွားပြုတ်လိုက်ဦးမယ်"
"ငါပြုတ်လိုက်ပါ့မယ် jenရယ်
တော်ကြာ အပူလောင်နေဦးမယ်""ခေါက်ဆွဲလောက်တော့ ကျမလည်းပြုတ်တက်ပါတယ်
lalisaရယ် ဆိုဖာပေါ်မှာ ငြိမ်ငြိမ်သာထိုင်ပြီးစောင့်နေ"jenလည်း ပြောပြောပြီးချင်း ထမင်းစားခန်းထဲကို မြန်မြန်လေးဝင်သွား
လိုက်သည်။
ထမင်းစားခန်းထဲဝင်သွားသည့် jenရဲ့ ကျောပြင်လေးကို
အပြုံးတွေ တပွေ့တပိုက်ကြီးနဲ့ ကြည့်နေမိသူမှာ liliပင်။💭jenငါ့ အပေါ်မှာနည်းနည်းလောက် လျော့ပေးရင်ကောင်းမှာပဲ
ငါ့အချစ်တွေကို နည်းနည်းလောက်ပဲဖြစ်ဖြစ် မြင်ပေးပါနော်jen💭တခါတလေ တဖတ်သက်ဆိုသည့် အချစ်က နာကျင်လွန်းလို့
အဝေးကို ပြေးထွက်သွားချင်ပေမဲ့ အဲ့နာကျင်မှုကိုပဲ
ခုံခုံမင်မင် ထွေးပွေ့ထားမိသည် မလား။မာနဆိုတဲ့ အရာလေးက အချစ်နဲ့တွေ့ရင်
လက်မြောက်အရှုံးပေးရတာ သဘာဝပဲလေ။"အား........."
liliရဲ့ အတွေးတွေကိုပင် ရပ်တန့်အောင် လုပ်နိုင်ခဲ့သည်
ထမင်းစားခန်းထဲက အသံတစ်ခုjenအသံမှန်းသိတာမို့ lisaတစ်ယောက် ထမင်းစားခန်းထဲကို
ချော်မလဲရုံ တမယ် ပြေးလာခဲ့သည်။
YOU ARE READING
Jealous
De Todoကိုယ့်စကားဆို အမြဲနားမထောင်တက်တဲ့ ကိုယ့်ရဲ့ နှလုံးသားကြီးက ခုလည်း မင်းမှ မဟုတ်ရင်ချစ်မပေးနိုင်ဘူးဆိုပြီး ဆန္ဒတွေပြနေလေရဲ့...