jenတစ်ယောက် စိတ်တိုလို့သာ liliကိုဆွဲခေါ်လာပေမဲ့
ကားပေါ်မှာ တပတ်လေးတထည်ထဲနဲ့ ကြုံ့ကြုံ့လေးထိုင်နေသော
liliကြောင့်ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။"ဘာလို့ သူ့အိမ်လိုက်သွားရတာလဲ"
jenကအရင်စကား စလိုက်ခြင်းဖြစ်သည်။"နည်းနည်းစိတ်ရှုပ်နေလို့"
"ဘာလို့လဲ ငါ့ကြောင့်လား"
"ဟင့်အင်း"
"အဲ့ဒါဆို ဘာလို့လဲ"
"အမှန်တိုင်းပြောရင် နင်စိတ်ဆိုးမှာပေါ့"
"မဆိုးဘူးပြော"
"ငါ....ငါ နင်နဲ့ခွဲရမှာကြောက်လို့ ပြီးတော့ ငါ့ကိုအရုပ်တစ်ရုပ်လို
ဆက်ဆံနေတာကိုလည်း မကြိုက်ဘူး
မင်းရဲ့ အမိန့်မှန်သမျှကို တခုမှ မငြင်းပဲလိုက်နာခဲ့တာကိုလည်းသိမှာပါ
အဲ့တာဘာလို့လဲ ဆိုတော့ မင်းကိုချစ်လို့""ဟင်...ဘာပြောတယ် ချစ်တယ် ဟုတ်လား"
"ဟုတ်တယ် jen ငါနင့်ကို ချစ်တယ်"
အမှန်တော့ပြောဖို့ စိတ်ကူးမရှိပေမဲ့ lili ဘယ်လိုမှ ဆက်ပြီးမျိုသိပ်
မထားနိုင်တော့လို့ပါ။"ငါကတော့ နင့်ကို မချစ်ပါဘူး
နင်အဲ့လိုတွေ ထပ်မပြောရင်ကောင်းမယ်""ဘာလို့လဲ အဲ့တာဆို မျှော်လင့်ချက်တွေပေးပြီး သဝန်တိုပြတာဘာလို့လဲ
နင့်အမိန့်တွေကြောင့် အိမ်မက်တွေကိုတောင် ချနင်းခဲ့တဲ့ ငါကရော
နင်ပြန်ချစ်လာနိုး ပြန်ချစ်လာနိုးနဲ့ စောင့်ခဲ့ရတဲ့ ငါက
နင့်အတွက်တော့ ဟာသတစ်ခုဖြစ်နေခဲ့မှာပေါ့""တော်တော့..lisa
ငါဆက်မပြောချင်ဘူး ပြီးတော့ ပြီးတော့ နင်အဲ့လိုဆက်ပြောနေမယ်ဆို
ငါ့ရှေ့ကထွက်သွားလိုက်""အရင်ကတည်းက ထွက်သွားစေချင်နေတာမလား
ရတယ် နင့်ရှေ့ ဘယ်တော့မှာ ထပ်ပေါ်မလာအောင်နေမှာမို့
ပျော်အောင်သာနေလိုက်ပါ"liliလည်း ဒေါသထွက်နေတာကြောင့် ကားတံခါးကို စောင့်ပိတ်ကာ
sooအခန်းကိုပဲပြန်လာခဲ့လိုက်သည်။တခါတလေ တဖတ်သက်ချစ်ရတာ ကြာလာတော့လည်း
နာကျင်မှုတွေကို ပေါက်ကွဲပြစ်လိုက်ချင်တယ်
နှလုံးသားက အတင်းစေခိုင်းနေတဲ့ ကိစ္စတွေကို
ဦးနှောက်ကလည်း မတားတဲ့အပြင် သိပ်အလိုလိုက်နေတယ်လေ။
YOU ARE READING
Jealous
Randomကိုယ့်စကားဆို အမြဲနားမထောင်တက်တဲ့ ကိုယ့်ရဲ့ နှလုံးသားကြီးက ခုလည်း မင်းမှ မဟုတ်ရင်ချစ်မပေးနိုင်ဘူးဆိုပြီး ဆန္ဒတွေပြနေလေရဲ့...