Part-27

980 36 0
                                    

ညပိုင်းအိပ်ယာဝင်ရန် ပြင်နေတုန်း မသိတဲ့ ဖုန်းနံပါတ်တစ်ခု
ဝင်လာပေမဲ့ ချက်ချင်းပင် ကောက်ကိုင်မိလိုက်သည်။

"Hello အမိန့်ရှိပါ"

"inn liliလား"

"ဘယ်သူလဲ မသိဘူးနော်"

"yaaa...ကျမ အသံကိုတောင်မမှတ်မိဘူးလား  jennie kimရှင့်
jennie kim"

"aww ဘာကိစ္စရှိလို့လဲ"

"appaကို ရှင်JS groupမှာ အလုပ်လုပ်နေကြောင်းပြောတော့
appက ရှင့်ကို ညစာ ဖိတ်ကျွေးချင်တယ်တဲ့
အဲ့တာ မနက်ဖြန် အဆင်ပြေလား"

"inn"

"အဲ့တာဆို jen appaကို ပြောလိုက်ပြီနော်"

"inn inn"

စကားကို တိုတိုပဲပြောကာ ဖုန်းချသွားတဲ့ liliကြောင့်
jenရဲ့ ရင်ထဲမကျေနပ်မှုတွေ ဗြောင်းဆန်နေလေပြီ။

jenရဲ့ appaက liliတို့ရဲ့ ကျေးဇူးရှင်ဆိုလည်း မမှားတာကြောင့်
liliမငြင်းပဲလက်ခံလိုက်ခြင်းဖြစ်သည်။
jenနှင့် အမှတ်တရများစွာ ရှိခဲ့သည့် ထိုအိမ်ကို သွားရမည်ဆိုသည့်
အတွေးနှင့် ရင်ထဲမှာ ရင်ခုန်သံတွေ ဗလောင်ဆူနေပြီ ဖြစ်သည်။

မနက်ခင်းliliရုံးကို ထွက်လာတော့
jenမှာ ရုံးခန်းထဲတွင်ရောက်နှင့်နေပြီဖြစ်သည်။
ခါတိုင်းဆို မနက်စောစော မထတက်ပေမဲ့ liliအတွက်ဆိုသည့်
စိတ်လေးနှင့် စောစော ထကာ မနက်စာတောင် ပြင်ခဲ့သေးသည်။

"အစောကြီးရောက်နေတာလား"

"inn lili
ဒီမှာ lili စားဖို့ မနက်စာပြင်လာခဲ့ တယ် စားလိုက်နော်"

"ရတယ် စားလိုက် ငါစားခဲ့ပြီးပြီး"

ကိုယ်ငြင်းလိုက်လို့ ထင်သည် ခေါင်းလေးကို ငုံ့ကာ
ငိုတော့မည့် ပုံစံ လုပ်ပြနေတာကြောင့် နောက်ဆုံးမနေနိုင်သည့်
ကိုယ်ကပဲ အလျော့ပေးကာ မနက်စာကို နှစ်ထပ်ကွမ်း စားရပေတော့မည်။

"ပေးပေး စားရင်ရပြီမလား
စားပွဲပေါ်တင်ခဲ့"

ကိုယ်က စားမယ်ပြောမှ ခုနက သူမဟုတ်သည့်အတိုင်း ပြုံးဖြီးကာ
စားပွဲပေါ်မှာ ပြင်ဆင်လာသည့်မုန့်များကို ချပေးလာသည့် သူမ။

JealousWhere stories live. Discover now