"lisaငါ့အတွက်
ကော်ဖီနဲ့မုန့်ဝယ်လာပေး ငါဒီနေ့ထမင်းမစားချင်ဘူး ကန်တင်းလည်း
မသွားချင်ဘူး"
"inn jen
နင်နေကောင်းတယ်မလား"
"ငါ့အတွက်နင်ပူပေးစရာမလိုပါဘူး
ဝယ်ခိုင်းတာသာဝယ်လာခဲ့"
Jen liliကိုပြောစရာရှိတာပြောပြီး သူ့ခုံမှာပဲပြန်ဝင်ထိုင်နေလိုက်သည်။
"lisaနင်နဲ့ jenနဲ့က
တော်တော်ရင်းနှီးတာလားဟင်"
"chaeနင်ဟာလေတော်တော်စပ်စုတယ်နော်
နောက်ငါမပြောလည်း နင်သိလာမှာပါ
ခုတော့ ငါမုန့်သွားဝယ်ပေးလိုက်ဦးမယ်"
"ငါလည်းလိုက်မယ်လေဟာ"
"သဘောပဲ"
Liliရှေ့ကထွက်သွားတော့ chaeနောက်ကနေ
ခုန်စွခုန်စွနဲ့ liliနောက်ကိုလိုက်သွားတယ်။
💭liliနဲ့အဲ့chaeဆိုတဲ့ ၁ယောက်ကဘာတွေလဲဟာ
အမြဲတပူးပူးတတွဲတွဲနဲ့....
အာ...Jennieအဲ့တာ နင့်နဲ့မှမဆိုင်ပဲဘာလို့တွေးနေရတာလဲ
ခေါင်းရှုပ်လိုက်တာ အဲ့တာတွေအကုန်lalisaနင့်ကြောင့်ပဲ💭
liliကန်တင်းမှာကော်ဖီနဲ့မုန့်ဝယ်ပေမဲ့ဆိုင်ရှင် အန်တီကြီးက
"သမီးကော်ဖီက ဒီနေ့မရဘူးကွဲ့
မနက်ဖြန်ကျောင်းပိတ်ရက်ဆိုတော့
ထပ်မဝယ်ဘဲ ထားထားလိုက်တာ
အခြားဖျော်ရည်လေးယူသွားပါလားသမီး"
"ဒုက္ခပါပဲအန်တီရယ်
သူငယ်ချင်းကမှာလိုက်တာ သူလိုချင်တာမရရင်တော့
ရစ်ခံရတော့မှာ"
"ကျောင်းပြင်မှာတော့ကော်ဖီဆိုင်လေးရှိတယ်လေ သမီး
နည်းနည်းတော့ဝေးတယ်ထင်တယ်
ဂိတ်စောင့်ဦးလေးကြီးကိုပြောပြီးကျောင်းမတက်ခင်ပြန်လာရင်တော့
ရမယ်ထင်တယ်"
"ဟုတ်အန်တီကျေးဇူးနော်
သမီး အဲ့လိုသွားဝယ်လိုက်မယ်"
liliလည်းပြောပြောပြီးချင်း
ကျောင်းပေါက်ဝကို တန်းပြေးတာကြောင့်chaeခဗျာ liliကိုမှီအောင်
လိုက်ပြေးရသေးသည်။
ကျောင်းတံခါးနားရောက်တော့ ဂိတ်စောင့်ဦးလေးကြီးက
"သမီးတို့ ဘာကိစ္စရှိလို့လဲ"
"ဟိုလေ သမီးကော်ဖီလေးသွားဝယ်ချင်လို့ တံခါးလေးဖွင့်ပေးပါဦး"
"ဖြစ်ပါ့မလား သမီးရယ်
ကော်ဖီဆိုင်ကဝေးတယ်မလား"
"ရပါတယ်ဦးလေးရဲ့
Liliကျောင်းမတက်ခင်အမှီပြန်လာမှာပါ"
"အေးပါ အဲ့တာဆိုလည်း သွားသွား
ကျောင်းတက်ချိန်တော့ မှီအောင်ပြန်လာနော်"
"ဟုတ်ဦးလေး"
ဂိတ်စောင့် ဦးလေးကြီးနဲ့စကားပြောပြီး
Chaeဘက်လှည့်ကာ
"chaeနင်ကအတန်းထဲပြန်နှင့်တော့
ငါသွားဝယ်လိုက်ဦးမယ်"
"ဟာ...မပြန်ချင်ပါဘူး နင်နဲ့လိုက်ခဲ့မယ်"
"မလိုက်ချင်စမ်းပါနဲ့ဟာ
နင်ကနှေးတိနှေးတုံ့နဲ့ မဖြစ်ဘူး
နေခဲ့ ဆိုနေခဲ့ဟာ"
"အဲ့တာဆိုလည်း ဒီနားကပဲစောင့်နေမယ်"
"အေးပြီးရောပြီးရောစောင့်နေ"
chaeကိုပြောလို့ မရမှန်းသိ၍ ဆက်မပြောတော့ပဲ
စောင့်နေခိုင်းလိုက်တော့သည်။
liliလည်းကော်ဖီဆိုင်ကိုချော်မလဲရုံ တမယ်အပြေးလေးသွားပြီး
jenအတွက်ကော်ဖီဝယ်ကာပြန်လာခဲ့လိုက်သည်။
အသွားအပြန်နာရီဝက်လောက်ကြာတာမို့
ကျာင်းကလည်းတက်ခါနီးနေပြီ
Chae💭liliရေကြာလိုက်တာဟာ
ကျောင်းကလည်းတက်တော့မယ်
မြန်မြန်ပြန်လာပါတော့💭
ခနကြာတော့ Liliကော်ဖီဘူးလေးကိုင်ကာပြေးလာနေသည်ကို
chaeလှမ်းမြင်နေရသည်။
"liliရာကြာလိုက်တာကျောင်းတက်တော့မယ်ဟ"
"လာchae စကားများမနေနဲ့တော့
မြန်မြန်သွားမယ် jenဗိုက်ဆာနေလောက်ပြီ"လို့ပြောရင်း
အတန်းထဲရောက်အောင်အတင်းပြေးနေတဲ့liliကိုကြည့်ရင်း...
💭Liliရယ်နင်မသိတာလား
နင်လည်းဘာမှမစားရသေး သလို ငါလည်းဘာမှမစားရသေးဘူးလေ
နင့်ရဲ့အရာရာတိုင်းကို jenကပဲလွှမ်းမိုးထားတာလား?....💭
.............................................................................................
Reader 1ယောက်စီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်နော်
Thank you❤️Love you❤️
YOU ARE READING
Jealous
Acakကိုယ့်စကားဆို အမြဲနားမထောင်တက်တဲ့ ကိုယ့်ရဲ့ နှလုံးသားကြီးက ခုလည်း မင်းမှ မဟုတ်ရင်ချစ်မပေးနိုင်ဘူးဆိုပြီး ဆန္ဒတွေပြနေလေရဲ့...
