Part-16

978 35 0
                                    

jenတစ်ယောက် အထက်တန်းတုန်းကနဲ့ မတူတော့ပဲ
ပိုပြီးဆိုးလာခဲ့တယ်
jenရဲ့ eomma နဲ့ appaကလည်း အလုပ်တွေပဲ
ဖိလုပ်နေတာကြောင့် jen ကိုလည်း အချိန်ပေးပြီး
မဆုံးမနိုင်တာလည်းပါသည်။

lili ကတော့ အချိန်ပိုင်းအလုပ်လုပ်ကာ
ဘဝကို အေးချမ်းစွာဖြတ်သန်းနေပေမဲ့
jenရဲ့ရန်ပွဲနဲ့ အရှုပ်ထုပ်ပေါင်းများစွာကို
ခေါင်းခံပြီး ရှင်းပေးနေရဆဲ

နံရံမှာကပ်ထားတဲ့ နာရီလေးကိုကြည့်ကာ
သက်ပျင်းအကြိမ်ကြိမ်ချနေသည့် ကောင်မလေးတစ်ယောက်

နာရီမှ ညွှန်ပြသည့် အချိန်မှာ ည11နာရီပင်ထိုးနေပြီ
jen ပြန်မလာသေးတာကြောင့် lili ဧည့်ခန်းမှာ ထိုင်စောင့်နေရသည်။

💭jenရယ် မိုးအရမ်းချုပ်နေပြီဟာ ငါစိတ်ပူလှပြီ
ခါတိုင်းလည်း နင်ဒီချိန်မှ ပြန်လာတက်ပေမဲ့ နင်ပြန်မရောက်မချင်း
ငါ့မှာ ရင်တွေပူရတယ်
ဒီအခြေအနေကို ငါနေသားမကျသေးဘူးထင်ပါရဲ့💭

liliတွေးနေတုန်း ခနအကြာမှာပဲ ခြံရှေ့က ကားဟွန်းတီးသံကြောင့်
ခြံထဲကို ပြေးဆင်းကာ ခြံတံခါးကို မြန်မြန်ဖွင့်​ပေးလိုက်သည်။

ကားထဲမှာ ကောင်လေးတစ်ယောက်
ထိုကားပေါ်မှဆင်းလာသူမှာ
သူမရဲ့အိမ်မက်တွေကိုတောင်ချနင်းပြီး အသက်ထက်ချစ်ရတဲ့ jen

ဒီမြင်ကွင်းက liliအတွက် ရိုးနေပါပြီလေ
မမြင်ချင်ရင်တောင် အမြဲမြင်တွေ့နေရတဲ့ မြင်ကွင်းတစ်ခု

မရိုးနိုင်တာကတော့ အဲ့မြင်ကွင်းကိုမြင်တဲ့အချိန်တိုင်း
တဆစ်ဆစ်နာကျင်တဲ့ liliရဲ့နှလုံးသားပင်။

jenက ထိုကားထဲကကောင်လေးကို နှုတ်ဆက်ကာ
အိမ်ထဲကို တမ်းဝင်သွားတယ်။
ဘေးမှာ ရပ်နေသည့်liliကိုတောင် မမြင်ချင်ယောင်ဆောင်သွားသည်။

liliလည်း ခြံတံခါးကို မြန်မြန်ပိတ်ကာ
jenနောက်ကို လိုက်လာခဲ့သည်။

jenက သူမအခန်းထဲကို မဝင်သေးဘဲ ဧည့်ခန်းဆိုဖာမှာထိုင်ကာ

"lisaလာဦး ပြောစရာရှိတယ်"

"ပြောလေ jen"

"မနက်ဖြန် ငါကလပ်သွားရင် နင်ရောလိုက်ခဲ့ရမယ်"

JealousWhere stories live. Discover now