Part-12(Unicode ver)

1.8K 115 0
                                    

Liliနဲ့jen တို့အိမ်ပြန်ရောက်တော့
အိမ်မှာjenရဲ့appaနဲ့eommaကိုမတွေ့လို့မေးကြည့်မှ
နယ်ဘက်ကို အလုပ်ကိစ္စနဲ့၂ရက်လောက်သွားတယ်တဲ့။

jenတစ်ယောက်ကတော့ liliကိုလွယ်အိတ်သယ်လာခဲ့ဖို့ပြောပြီး
အပေါ်ထပ်ကအခန်းကိုကော့ကော့ကော့ကော့နှင့် တက်သွားလေရဲ့။

ကျမလည်း jenအခန်းထဲဝင်လွယ်အိတ်လေးထားပြီး
ပြန်ထွက်မယ်အလုပ်မှာ

"lisa ခန
ငါခြေထောက်လေးညောင်းလို့ နှိပ်ပေးစမ်းပါ"

"အင်း"

liliလည်း သူ့လွယ်အိတ်လေးကို jenရဲ့ကုတင်ခြေရင်းမှာချကာ
ကုတင်ပေါ်ထိုင်နေတဲ့ jenရဲ့ခြေထောက်လေးကို
ကြမ်းပြင်မှာ တင်ပြင်လေးခွေထိုင်ကာ နှိပ်ပေးနေရသည်။

သူမတို့ နှစ်ယောက်ကြားက တိတ်ဆိတ်မှုတွေကို
စတင်ဖြိုခွင်းလိုက်သူမှာ jenပင်...

"Lisaနင်နဲ့chae youngဆိုတဲ့တစ်ယောက်က
ဘာတွေလဲ"

"ဘာမှမဟုတ်ပါဘူးဟာ
ဟိုတနေ့က မိုးရွာတော့ သူကူညီပေးရင်းနဲ့ခင်သွားတာ"

"အေး...ငါရှုပ်ရှုပ်ရှက်ရှက်တွေ မကြားချင်ဘူးနော်
နင်ခုနေနေတာ ငါ့အိမ်အဲ့တော့ ငါ့စကားကိုနားထောင်ရမယ်"

"innပါ ငါသိပါတယ်"

"ရပြီ...သွားတော့
ရေချိုးပြီးဆင်းလာခဲ့ ညနေစာစားမယ်
နောက်မကျစေနဲ့နော်
စောင့်ရတာကို ငါမကြိုက်ဘူး"

"innပါ jenရဲ့"

liliလည်းလွယ်အိတ်ကလေးကိုကောက်ယူကာ
သူမအခန်းဘက်သို့ထွက်လာခဲ့လိုက်သည်။

liliရေချိုးနေရင်း jenနဲ့ သူမရဲ့ငယ်ငယ်ကအကြောင်းတွေကိုလည်းတွေးတောနေမိသည်။
ရေချိုးတာ နည်းနည်းကြာသွားပြီမို့
jenစောင့်နေမလား ဆိုပြီးရေချိုးခန်းမှအမြန်ထွက်
အင်္ကျီလဲကာအောက်ထပ်ကိုမြန်မြန်ဆင်းလာခဲ့လိုက်သည်။

ထမင်းစားခန်းထဲမှာ jenမရောက်သေးတော့မှ
သက်ပျင်းလေးချကာ
ထိုင်ခုံမှာဝင်ထိုင်နေလိုက်တယ်။

"သမီး ထမင်းစားတော့မလား
jen eommaကမှာသွားတယ်
liliကိုလည်းသေချာစောင့်ရှောက်ပေးပါဆိုပြီးလေ"

"ရပါတယ်အန်တီ
liliဗိုက်မဆာသေးပါဘူး jenဆင်းလာမှ တူတူစားလိုက်တော့မယ်"

"အေးပါ သမီးရယ်
ဆာရင်ပြောနော်"

"ဟုတ်"

နာရီဝက်လောက်ကြာတော့ jenအိမ်ပေါ်ထပ်မှဆင်းလာပြီး
ထမင်းစားပွဲမှာဝင်ထိုင်လိုက်သည်။

jenရောက်လာတော့ အန်တီကြီးက
liliတို့ကို ထမင်းပြင်ပေးပြီး
စောင့်ပေးနေပေမဲ့
jenကမိုးချုပ်နေပြီမို့ အိမ်ကိုပြန်ဖို့ပြောလိုက်တယ်လေ။

"lisaငါ့ကို
ငါးရိုးနွှင်ပေး ငါငါးနဲ့စားချင်တယ်"

liliလည်းလက်လေး ထပ်ဆေးပြီး
jenအတွက်ငါးရိုးနွှင်ကာ ငါးဖတ်ကလေးများကို jenပန်းကန်ထဲ
ထည့်ပေးနေရသည်။

jenလည်း ထမင်းစားနေရင်းliliကိုကြည့်ကာ...

"lisa မနက်ဖြန်စောစောထ
ကျောင်းပိတ်ရက်ဆိုတော့ ကုန်တိုက်သွားပြီးဝယ်စရာရှိတယ်
နင်လည်းလိုက်ရမယ်"

"inn ပါ"

"တော်တော့ ထပ်မနွှင်နဲ့တော့
ငါဝပြီ နင်စားပြီးရင်ပန်းကန်တွေဆေးပြီး
အပေါ်တက်နားတော့"

ပြောချင်တာပြောပြီး Jenလည်းအပေါ်ထပ်ကိုတက်လာခဲ့လိုက်သည်။

💭Jenရယ်ငါ့မှာတော့ နင့်နဲ့တူတူစားရမယ်ဆိုပြီး
ပျော်နေတာ ခုတော့တစ်ယောက်ထဲစားရတော့မယ်💭

liliလည်း ထမင်းကို မစားချင်စားချင်နှင့် နည်းနည်းသာစားကာ
ပန်းကန်တွေ အကုန်ဆေးပြီး သူမအခန်းထဲသို့သာဦးတည်ခဲ့တော့သည်...

.............................................................................................
Reader 1ယောက်စီတိုင်းကို
ကျေးဇူးအထူးတင်ပါတယ်နော်🙏
Thank you❤️Love you❤️

JealousWhere stories live. Discover now