💭lalisa...lalisaမုန့်လေးနဲ့ကော်ဖီလေးသွားဝယ်တာကို
ကြာလိုက်တာ
သူ့ဟာမလေးနဲ့ပျော်ပါးနေတော့ ငါ့မုန့်ကိုမေ့နေတာများလား💭jenတွေးလို့မပြီးသေးခင်မှာတင်
liliပြေးဝင်လာပြီး သူမရှေ့မှာကော်ဖီနဲ့မုန့်ကိုတင်ပြီး
မောနေလေရဲ့။အဲ့အထိjen liliကိုဒေါသမထွက်သေးပေမဲ့
chaeနောက်ကရောက်လာပြီး လက်တစ်ဖက်ကliliကျောကိုကိုင်ကာ
တဖက်က ဗိုက်ကိုဖိပြီးမောနေတဲ့Chaeအဲ့မြင်ကွင်းကိုမြင်လိုက်ရတော့ Jenရဲ့ ပုန်းနေတဲ့ဒေါသတွေက
ဘယ်ကနေထွက်လာလို့ လာမှန်းမသိဖြစ်သွားသည်။"lalisa နာရီကိုကြည့်ဦး
နင်ဘယ်တွေသွား အလေလိုက်နေလို့ ခုမှရောက်လာရတာလဲ""မဟုတ်ပါဘူး jenရယ်....."
"တော်...နင်ပြောတာ ဘာမှမကြားချင်ဘူး
နင့်လက်နဲ့ဝယ်လာတဲ့ အဲ့ကော်ဖီလည်း မသောက်ချင်တော့ဘူး"ဆိုပြီး jenကော်ဖီကို ခုံပေါ်ကနေ လက်နဲ့ တွန်းချလိုက်တယ်
စာသင်ခန်းရဲ့ကြမ်းပြင်လေးကတော့
ကော်ဖီခါးခါးရဲ့ အရသာကိုခံစားလိုက်ရတာပေါ့။အတန်းထဲကကျောင်းသူတွေအပါအဝင် chaeပါ
ထိုအဖြစ်အပျက်တွေကိုကြောင်တောင်တောင်လေးကြည့်နေမိကြသည်။ဆရာမလည်းရောက်လာပြီဖြစ်တာကြောင့်
liliလည်းသူ့ကြောင့်မှောက်ကြတာပါဆိုပြီးကြမ်းပြင်ကိုသူပဲ
သန့်ရှင်းရေးလုပ်လိုက်ရသည်။jenလည်း ဆရာမစာသင်နေပြီမို့ ဘာမှဆက်မပြောတော့ပဲ
စာထိုင်သင်နေပေမဲ့ဘေးက somiက လာလာတို့နေတာကြောင့်
လေသံတိုးတိုးလေးဖြင့်..."ဘာလဲ Somiမ ရာ
ငါသိပ်စိတ်ကြည်နေတာ မဟုတ်ဘူးနော်""ဟဲ့...liliက အဲ့ကော်ဖီကို ကန်တင်းမှာမရလို့
အပြင်ထိသွားဝယ်ရတာဟဲ့
သူ ဆိုင်ရှင်အန်တီကြီးနဲ့ပြောနေတာတွေ ငါကြားလိုက်တယ်""အဲ့တော့ ငါကဘာလုပ်ရမှာလဲ
ကော်ဖီရအောင်ဝယ်ရမှာ သူ့တာဝန်လေ""liliသနားပါတယ်ဟယ်
နင်ကော်ဖီခွက်တွန်းချလိုက်တော့ သူ့မှာမျက်နှာငယ်လေးနဲ့
အဝေးကြီးထိ သွားဝယ်လာပေးရတာကို""တော်တော့ somiစကားမများနဲ့
ဆရာမ ဆူခံရမယ်""အေးပါ မယ်ချေရယ်
ပြီးမှ မျက်ရည်နဲ့မျက်ခွက်ဖြစ်နေမှာစိုးလို့ပြောပြတာ"jenလည်းsomiကိုဘာမှဆက်မပြောတော့ဘဲ
စာကိုသာ လိုက်ကြည့်နေလိုက်တော့သည်
စိတ်ထဲမှာတော့....💭ဟူး....ငါလွန်များသွားပြီလား မသိဘူး
မဟုတ်ဘူး ငါမလွန်ဘူး သူကအချိန်မှီမှရောက်အောင်ပြန်မလာပဲ💭Other side
"Lisa နင်ဘာလို့ jenကိုရှင်းမပြလိုက်တာလဲ
နင်ကျောင်းပြင်သွားဝယ်ရတယ်ဆိုတာကိုလေ""တော်ပါပြီဟာ ငါရှင်းမပြချင်လို့ပါ"
"နင်ဟာလေ
ကိုယ့်ကို အဲ့လောက်ပြောခံရတာကိုငြိမ်ခံနေတယ်""တော်တော့chae
ဆရာလာနေပြီ စာလိုက်ကြည့်တော့"chaeဆက်ပြောချင်သေးပေမဲ့ ဆရာဝင်လာတာကြောင့်
ထပ်မပြောဖြစ်လိုက်စိတ်ထဲမှာတော့ ကြိတ်မနိုင်ခဲမရဖြစ်နေတော့တယ်။ညနေကျောင်းဆင်းချိန်
"lisa နင်ကိုယ့်ဘာသာပြန်ခဲ့ ငါနဲ့မလိုက်ခဲ့နဲ့"
"ငါတစ်ယောက်ထဲ လမ်းလျောက်ပြန်လာရမှာလား Jen"
"နင့်ဟာနင်ဘာနဲ့ပြန်လာလာ ငါ့အပူမပါဘူး"
"lili အဲ့တာဆို ငါလိုက်ပို့မယ်လေ
ငါနဲ့တူတူပြန်တာပေါ့"ဘေးကနေ chaeရောက်လာပြီး jenနဲ့lili စကားပြောနေတာကြားပြီး
ဝင်ပြောလိုက်ချင်းဖြစ်သည်။အဲ့အခါမှjenက
"lalisa ကားပေါ်တက်ပြန်မယ်"
"ခုနက လမ်းလျောက်ပြန်ဆို jen"
"နင်တော်တော်ရှည်ပါနော်
ငါစိတ်မပြောင်းခင်မြန်မြန်တက်လိုက်တော့"liliလည်းစပ်ဖြီးဖြီးနဲ့ ကားပေါ်တက်ထိုင်ကာ
"Chae ငါသွားပြီနော်"
"inn"
jenနဲ့liliတို့ကားလေးမြင်ကွင်းမှပျောက်သွားသိထိ
တိတ်တိတ်လေး chaeငေးကြည့်နေမိသည်။💭ဟူး....တဖတ်သတ်အချစ်တဲ့
ကိုယ်ချစ်ရပါတယ်ဆိုတဲ့ သူက
အခြားသူကို သိပ်ချစ်ပြနေတာကို မမြင်ချင်ပဲမြင်နေရတာ
သိပ်ပင်ပန်းတယ်....💭.............................................................................................
Reader 1ယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်နော်🙏
Thank you❤️Love you❤️ဖတ်လို့အဆင်ပြေရဲ့လားဟင်
အဆင်မပြေရင်လည်းပြောလို့ရပါတယ်နော်
ကြိုးစားပြီး ထပ်ရေးပေးပါ့မယ်🙏
YOU ARE READING
Jealous
Randomကိုယ့်စကားဆို အမြဲနားမထောင်တက်တဲ့ ကိုယ့်ရဲ့ နှလုံးသားကြီးက ခုလည်း မင်းမှ မဟုတ်ရင်ချစ်မပေးနိုင်ဘူးဆိုပြီး ဆန္ဒတွေပြနေလေရဲ့...