Part-15(Unicode ver)

1.8K 123 0
                                    

liliန့ဲ chae ကျောင်းရောက်ရောက်ချင်း ဆရာမကြီးကသူ့အခန်းကို
လာခ့ဲပါဆို၍ နှစ်ယောက်သား ကျောင်းရုံးခန်းကိုထွက်လာခ့ဲလိုက်သည်။

"lili chaeကပြောတယ်
သမီးပြိုင်ပွဲ ဝင်မပြိုင်ချင်ဘူးဆို
ဟုတ္လား"

"ဟုတ် ဆရာမကြီး
liliဝင်မပြိုင်ဖြစ်ဘူး
တောင်းပန်ပါတယ်နော်"

"ဆရာမကြီး ဆန္ဒကတော့ ဝင်ပြိုင်စေချင်တယ်ကွယ်
သမီးက ပထမရနိုင်တယ်
တကယ်လို့ အခက်အခဲရှိရင် ပြောလေ ဆရာမကြီးကူညီမှာပေါ့"

"အခက်အခဲတော့ မရှိပါဘူး ဆရာမကြီး
ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကြောင့်ပါ"

"ဟုတ်ပါပြီကွယ်
အ့ဲတာဆိုရင်တော့ ဆရာမကြီး အတင်းမတိုက်တွန်းတော့ပါဘူး
သမီးစိတ်ပြောင်းသွားရင်တော့ လာပြောနော်"

"ဟုတ် ဆရာမကြီး"

"အေး သြားသြား အတန်းထဲပြန်သွားတော့နော်"

liliန့ဲ chaeလည်း အတန်းထဲကိုပြန်လာခ့ဲလိုက်သည်။

အတန်းထဲကို နှစ်ယောက်သား တူတူဝင်လာတော့
somiက

"Hey...နှစ်ယောက်သား တပူးပူးတတြဲတြဲ န့ဲ ဘယ္ကျပန္လာတာလဲ"

"ရုံးခန်းကပါ somiရယ်
liliမေပါ့ ပန်းချီပြိုင်ပွဲဝင်မပြိုင်ဘူးဆိုလို့
ဆရာမကြီးက ခေါ်မေးတာ"

"ဟင်..lili ဘာလို့ ဝင်မပြိုင်တာလဲ
နင်သာဆို ပထမရနိုင်တယ်လေ ပြီးတော့ ပညာသင်ဆုလည်း
ပေးမှာ မလား"

ပညာသင်ဆု ဆိုသည့်အသံကြားတော့ jenလည်း ခေါင်းလေးထောင်ကာ
စကားပြောနေသည့် liliနှင့် somiတို့ဘက်သို့ လှည့်ကြည့်လာသည်။

"ဒီတိုင်းပါပဲ somiရယ်
ငါဝင်မပြိုင်ချင်လို့ပါ"လို့ပြောကာ jenဘက်ကိုလှမ်းကြည့်လိုက်ရင်း
jenနှင့်အကြည့်ချင်းစုံသွားတော့ jenကအရင် ထိုအကြည့်တွေကို
လွှဲလိုက်သည်။

နေ့လည်ထမင်းစားချိန်ရောက်မှ jenက somiကိုကပ္ကာ

"ဟ့ဲ ပန်းချီပြိုင်ပွဲ ပထမဆုက
ပညာတော်သင်လွှတ်မှာပေါ့ ဟုတ္လား"

"ဟုတ်တယ်လေ ဘာလို့လဲ jen
နင်ဝင်ပြိုင်မလို့လား"

"မဟုတ်ပါဘူးဟယ်
ဒီတိုင်းမေးကြည့်တာပါ"

JealousWhere stories live. Discover now