Jen ရဲ့ appက ညစာစားရန် ခေါ်ထားသည်မို့ ပြင်ဆင်ကာjenတို့အိမ်ကို
ထွက်လာခဲ့လိုက်သည်။"liရောက်ပြီလား လာappတို့စောင့်နေတယ်"
"inn "
liလည်းjenနဲ့အတူ အိမ်ထဲသို့ဝင်လာလိုက်သည်။
"liliရောက်ပြီလား လာထိုင်
အန်ကယ်တို့က သမီးကိုလွမ်းနေတာ
နိုင်ငံခြားပညာတော်သင်သွားကတည်းက မတွေ့ရတော့တာနော်""ဟုတ်တယ် အန်ကယ် liliလည်း အန်ကယ်တို့ကို
သတိရနေတာပါ""ကြည့်ပါဦး liliကချောလာလိုက်တာ
အန်တီတောင် liliလို သမီးလေးတစ်ယောက်လောက်လိုချင်လာပြီ""eommaကလည်း jenတစ်ယောက်လုံးရှိနေတာကို"
"ရှင်က အဆိုးလေးလေ
liliရေ jenကို အပ်ပါတယ်နော် အရင်လို ဂရုစိုက်ပေးပါဦး""ဟုတ်ကဲ့ အန်တီ"
"liliလည်း ဆာနေလောက်ရောပေါ့
စားကြစို့လေ စားရင်းပြောတာပေါ့"ထမင်းစားရင်း jen appaမှ
"သမီးlili အန်ကယ်တို့ပြောစရာရှိတယ်
jenရော နားထောင်နော်
သမီးတို့လက်ခံဖို့မျှော်လင့်တယ်""ဟုတ်ကဲ့" liliရော jenပါ တူတူဖြေလိုက်သည်။
"lili မိဘတွေနဲ့လည်းတိုင်ပင်ပြီးသား အရင်ကတည်းက
ပြောခဲ့တာဆိုလည်းပိုမှန်တာပေါ့
သမီးliliနဲ့ jenကို အန်ကယ်တို့ နေရာချထားပေးချင်တယ်
မငြင်းကြပါနဲ့နော် သမီးတို့အတွက်ပါ""နေရာချထားပေးချင်တယ်ဆိုတာ
လက်ထပ်ခိုင်းတာလား အန်ကယ်""ဟုတ်တယ် သမီး"
"ဟို.... liliကလေ"
"မငြင်းပါနဲ့လား သမီးရယ်
jenကိုလည်း သမီးနဲ့ပဲ စိတ်ချတာမို့ ငယ်ငယ်ကတည်းက
ပေါင်းလာတဲ့သူတွေဆိုတော့ သံယောဇဉ်လည်းရှိမှာပေါ့
လက်ခံပေးပါနော် lili""ဟုတ် အန်ကယ် liliစဉ်းစားလိုက်ပါ့မယ်"
အန်ကယ်တို့က liliနဲ့ appa eommaတို့ရဲ့ကျေးဇူးရှင်တွေဆိုလည်း
မမှားတာမို့ အန်ကယ့်စကားကိုမငြင်းနိုင်တာတော့ အမှန်ပင်။အလိုက်မသိတဲ့ နှလုံးသားကြီးကလည်း သူ့ပိုင်ရှင်မှန်းသိနေတော့
အတင်းတွေ လက်ခံချင်နေလေရဲ့။
YOU ARE READING
Jealous
Randomကိုယ့်စကားဆို အမြဲနားမထောင်တက်တဲ့ ကိုယ့်ရဲ့ နှလုံးသားကြီးက ခုလည်း မင်းမှ မဟုတ်ရင်ချစ်မပေးနိုင်ဘူးဆိုပြီး ဆန္ဒတွေပြနေလေရဲ့...