unnie soo ရုံးခန်းကပြန်လာတော့ စားပွဲပေါ်မှာမှောက်အိပ်နေတဲ့
သူမ။ခုနက ငိုထားရတာ ပင်ပန်းသွားလို့ ထင်ပါရဲ့။အဲ့လိုအကြာကြီး အိပ်နေရင် ဇက်တွေဘာတွေနာမှာ စိုးတာကြောင့်
သူမ ကိုယ်လေးကို ညင်ညင်သာသာလေးပွေ့ကာ ဆိုဖာပေါ်
ခေါ်လာခဲ့လိုက်သည်။
သူမခေါင်းလေးကို ကျမပေါင်ပေါ် တင်လိုက်သည်ထိ ထိုအနှိီမလေးမှာ
မနိုးသေး။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်မှာ တကယ့်ကို ကလေးလေး
တစ်ယောက်လိုပင်။တစ်နာရီကျော်လောက်ကြာမှ နိုးလာပြီထင်ပါတယ် လှုပ်စိလှုပ်စိ
လုပ်နေတယ်လေ။
မျက်လုံးလေးပွင့်လာတော့ ကျမကို မြင်ပြီး လန့်သွားတယ် ထင်ပါရဲ့
ကြောင်တောင်တောင်လေး ကြည့်နေလေရဲ့။"နိုးပြီလား"
"inn"
"အဲ့တာဆိုလည်း ထဦး ပေါင်တွေတောင့်နေပြီ"
ကျမပြောလိုက်မှ အားနာသွားတယ် ထင်ပါရဲ့ သူမလေးက
ခပ်မြန်မြန် ထ ထိုင်နေသည်။"စားပွဲပေါ်မှောက်အိပ်ရင် ဇက်နာမှာစိုးလို့"
"ကျေးဇူးနော် li"
"liတို့ ကြားမှာ ကျေးဇူးဆိုတာ လိုလို့လားjen"
"လိုတာပေါ့ liရဲ့
liနဲ့ jenနဲ့က ဘာမှ မှ မတော်ပဲလေ""နောက်တော်ရမှာပဲမလား"
"ဘာကို ပြောတာလဲ li"
"jen appa ပြောထားတဲ့ ကိစ္စလေ
liလက်ခံလိုက်တော့မလို့ ""တကယ်လား li"
စပ်ဖြီးဖြီးလေးနဲ့ ပြန်မေးနေသည့် သူမကို
အချစ်တွေ ပိုရပြန်ပါတယ်။ကျန်ကိစ္စတွေခေါင်းထဲ မထည့်ချင်တော့
သူမကိုပဲရွေးချယ်လိုက်တော့မည်။
သူမကို ရွေးချယ်လိုက်လို့ ရင်ဆိုင်ရမဲ့ အရာအားလုံးကို
ကျေကျေနပ်နပ်ကြီး ရင်ဆိုင်သွားမှာပါ။
ကိုယ့်မှာ သူမလေး ရှိနေရင်ပဲ ရပြီ။"တကယ်ပြောတာ jen
liလက်ခံလိုက်ပြီ"ဘာမှ ဆက်မပြောပဲ ကိုယ့်ကို လာဖတ်ကာ ငိုနေတဲံ့သူမ။
သူမ ကိုယ်လေးကို အချိန်တော်တော်ကြာကြာ ပြန်ဖတ်ပေးထားမိသည်။
YOU ARE READING
Jealous
Randomကိုယ့်စကားဆို အမြဲနားမထောင်တက်တဲ့ ကိုယ့်ရဲ့ နှလုံးသားကြီးက ခုလည်း မင်းမှ မဟုတ်ရင်ချစ်မပေးနိုင်ဘူးဆိုပြီး ဆန္ဒတွေပြနေလေရဲ့...