Liliကျောင်းသွားဖို့ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး
အောက်ထပ်ကိုဆင်းလာတော့
Jenရဲ့eommaက
"liliသမီးလာ မနက်စာစားမယ်လေ"
"ဟုတ်အန်တီ
ဒါနဲ့jenရောဟင်"
"jenကကျောင်းသွားနှင့်ပြီ သမီးရဲ့
ခနနေDriverဦးလေးပြန်လာမှ လိုက်ပို့ခိုင်းလိုက်နော်သမီး"
"ရတယ်အန်တီ
သမီးbusပဲ စီးသွားလိုက်မယ်"
"ဖြစ်ပါ့မလား သမီးရယ်
အရင်က စီးဘူးတာလဲမဟုတ်ပဲနဲ့"
"ရပါတယ်အန်တီရဲ့"
"inn ပါ
အဲ့ဒါဆို မနက်စာစားတော့
ပြီးရင်ဂရုစိုက်သွားနော်
အန်တီလည်း အပြင်သွားစရာလေးရှိလို့"
"ဟုတ်အန်တီ"
liliလည်း မနက်စာစားပြီးကျောင်းသွားဖို့
busကားဂိတ်ကိုအရင်ထွက်လာလိုက်သည်။
ထိုင်ခုံလေးမှာ ထိုင်ပြီးbusကိုစောင့်နေတုန်း
"ဟေး...lisa ဒီမှာ ၁ယောက်ထဲဘာလုပ်နေတာလဲ"
Chaeကားပေါ်ကနေလှမ်းအော်လိုက်ခြင်းဖြစ်သည်။
"busစောင့်နေတာလေ"
"ကျောင်းသွားဖို့ မလား
ငါလည်းကျောင်းသွားမှာပဲလေ
ငါနဲ့အတူ တခါတည်းလိုက်ခဲ့လိုက်တော့"
"တော်ပါပြီဟာ
ရပါတယ်"
"မရပါဘူး ခုတက်
နင်မတက်ရင်ငါလည်း နင်နဲ့busတူတူလိုက်စီးတော့မယ်"
"အေးဟာ...လိုက်ခဲ့မယ်
ပိုက်ဆံကုန်လည်း သက်သာတာပေါ့"
"တက်မြန်မြန်
ကျောင်းနောက်ကျတော့မှာပဲ"
ကားပေါ်ရောက်တော့chaeကအရင်စပြီး
"ခါတိုင်းလည်းbusနဲ့သွားနေကြလား"
"မဟုတ်ပါဘူး
ခုမှစီးဘူးတာ"
"နောက်နေ့ ငါနဲ့အတူတူသွားမယ်လေ
နင်ဒီbusကားဂိတ်မှာစောင့် ငါလာခေါ်လှဲ့မယ်"
"တော်ပါပြီဟာ
ကျေးဇူးအတင်မခံချင်ဘူး"
"ကူညီမဲ့သူက
ခယနေရတယ်
lalisa နင်ဟာလေ ဘယ်လိုဟာလေးမှန်းကို မသိဘူး"
"နင်လာခေါ်မယ်ဆိုတာသေချာတယ်နော်
ပြီးမှ ငါ့ကိုလိမ်ထားခဲ့ရင်ဘယ်လိုလုပ်မလဲ"
"lalisaဆိုတဲ့ရှင့်ကို ကျမ မလိမ်ရဲပါဘူးနော်
ဘယ်လိုလဲ ငါနဲ့တူတူသွားမယ်မလား"
"inn"
💭busကားခလေးဖြစ်ဖြစ်ချွေတာပြီးသားဖြစ်တာပေါ့လေ
Chaeရေ တကယ်ကျေးဇူးတင်ပါတယ်💭
"ကျေးဇူးတင်စကားလေးတောင်မပြောတော့ဘူးလား"
"တော်ပြီဟာ အဲ့တာဆို
မလိုက်တော့ဘူး"
"အမလေး...စတာပါကျေးဇူးရှင်လေးရယ်
ကျမကပဲတောင်းပန်ပါတယ်
ဟုတ်ပြီလား"
"ပြီးရော"
💭liliနင်ဟာလေ
ဘယ်လိုလေးမှန်းကိုမသိဘူး
ငါနင့်ကိုcrushမိနေပြီလားမသိဘူး💭
ဒီလိုနဲ့liliနဲ့chaeကျောင်းကိုရောက်လာခဲ့တယ်။
liliကအရင်ကားပေါ်က ဆင်းပြီးသွားတော့
"ရား....lalisa ငါ့ကိုစောင့်ဦးလေဟာ"
"မှီအောင်လိုက်ခဲ့လေ"
chaeလည်းliliရဲ့ခြေလှမ်းကျယ်ကြီးတွေကို
မှီအောင်အပြေးလေး လိုက်လာရသည်။
liliအတန်းထဲ ဝင်ဝင်ချင်းအပေါက်ဝမှာ ခနရပ်ပြီး
jenခုံကို လှမ်းကြည့်တော့jenကsomiနဲ့စကားပြောနေတယ်လေ။
liliရုတ်တရက်ရပ်လိုက်တာကြောင့်
chaeပြေးလာတာ အရှိန်မထိန်းနိုင်ပဲဝင်တိုက်လိုက်မိသည်။
"lalisaနင်ဘာလို့ ဇွတ်ရပ်လိုက်တာလဲ
ဒီမှာစာအုပ်တွေပြုတ်ကျကုန်ပြီ"
lisaဆိုတဲ့အသံကြားတာကြောင့် somiနဲ့စကားပြောနေသည့်jenက
မျက်မှောင်လေးကြုတ်ကာ လှမ်းကြည့်လိုက်သည်။
lili jenလှမ်းကြည့်သည်ကိုမြင်တာမို့
chaeကိုစကားပြန်မပြောပဲ ကုပ်ကုပ်လေးသာ ကိုယ့်ခုံကိုယ်ဝင်ထိုင်တယ်။
.............................................................................................
Reader ၁ယောက်ချင်းစီတိုင်းကို
အထူးကျေးဇူးတင်ပါတယ်နော်🙏
Thank you❤️Love you❤️
YOU ARE READING
Jealous
De Todoကိုယ့်စကားဆို အမြဲနားမထောင်တက်တဲ့ ကိုယ့်ရဲ့ နှလုံးသားကြီးက ခုလည်း မင်းမှ မဟုတ်ရင်ချစ်မပေးနိုင်ဘူးဆိုပြီး ဆန္ဒတွေပြနေလေရဲ့...
