Unnie ရဲ့ JS groupမှာ ပထမဆုံး အလုပ်ဆင်းရမဲ့နေမို့
စောစောထပြီး ပြင်ဆင်ကာ ထွက်လာခဲ့လိုက်သည်။စောထွက်လာလို့သာ တော်တော့သည် အရေးထဲဆို
ကားလမ်းတွေကပိတ်ပြီ။ ရှေ့ကကားတွေက မထွက်သေးတာမို့
ဘေးဘယ်ညာကို မျက်စိလေးကစားမိတော့။
သူမကားဘေးမှာ ဘေးချင်းယှဉ်လျက် ရပ်နေသည့်
တချိန်က ကျေးဇူးရှင် crushလေးရဲ့ကားပင်။............
jen appaက JS groupမှာ ရှယ်ယာဝင်ထားတာကြောင့်
jenကို ထိုGroupသို့ လေ့လာရန် လွှတ်လိုက်သည်။အမှန်ဆို jenမသွားချင်မှာ ဟိုမှာဆို သာမန်ဝန်ထမ်းနေရာက စလုပ်ပြီး
လေ့လာရမှာလေ appa ကုမဏ္ဏီမှာဆို ကိုယ်က သူဋ္ဌေးသမီးမှန်း
လူတိုင်းသိနေတော့ သိပ်မခိုင်းရဲ။ အဲ့တာကြောင့်လည်း appaက
လက်ကြောတင်းအောင်ဆိုပြီး JS groupမှာ အလုပ်သွားလုပ်
ခိုင်းသည်လေ။ liliလည်း ရှိနေမလားဆိုသည့်စိတ်လေးလည်း
အပါအဝင်ပေါ့။မနက်စောစောထွက်လာပေမဲ့ ကားကလာပိတ်နေပြန်ပါပြီ။
သီချင်းကို သံကုန်ဖွင့်က ဖီးလ်နေရင်း တစ်ခုခုက ကျမကို ကြည့်နေသလို
ခံစားနေရတာကြောင့် ဘေးဘီကိုကြည့်မိတော့
ကျမရဲ့ ချစ်လှစွာသော lili။ကိုယ်နဲ့ အကြည့်ချင်းစုံမိသွားတော့ ချက်ချင်းပင် ပြန်လှည့်သွားသည့်
သူမ။ ဘေးတစ်စောင်းလေး မြင်နေရသည့် မျက်နှာလေးကိုက
သြဇာအပြည့်နှင့် ခန့်ညားနေသည်။💭
ဟူး....ကြာရင် သူကြောင့်ရူးတော့မယ်။ ဘာလို့ အဲ့လောက်ထိ
ကြည့်ကောင်းနေရတာလည်း ကောင်မလေးတွေ ဝိုင်းကြည့်ရင်
ဘယ်လိုလုပ်မလဲ ရည်းစားသာဖြစ်လို့ကတော့
lalisaရေ ရှင့်ကို မျက်စိအောက်က ကို အပျောက်မခံတော့ဘူး💭သူမကားနောက်ကနေ ကပ်လိုက်လာခဲ့ရင်း JS groupကိုပင်
ရောက်လာချေပြီ။
သူမကတော့ ရှိုးစမိုး အပြည့်နဲ့ ကိုယ့်ကိုတောင်လှည့်မကြည့်ပဲ
ကားပေါ်က ဆင်းသွားတယ်။သူမကို အမှီပြေးလိုက်လာရင်း ပတ်လုဆဲဆဲ ဓာတ်လှေကားကို
အတင်းမှီအောင်ဖွင့်ကာ ဝင်လိုက်သည်။သူမကတော့ ကိုယ့်ကိုကြည့်ပြီး သက်ပြင်းတောင်ချနေလေရဲ့။
မတက်နိုင်ဘူးလေ သူနဲ့တူတူ သွားချင်တာကို။

YOU ARE READING
Jealous
Randomကိုယ့်စကားဆို အမြဲနားမထောင်တက်တဲ့ ကိုယ့်ရဲ့ နှလုံးသားကြီးက ခုလည်း မင်းမှ မဟုတ်ရင်ချစ်မပေးနိုင်ဘူးဆိုပြီး ဆန္ဒတွေပြနေလေရဲ့...