Part-22

986 34 0
                                    

lili uniမသွားတာ ဒီနေ့နဲ့ဆို 3ရက်
ဖြစ်နိုင်ရင် ခုချက်ချင်းကို ပညာတော်သင်သွားချင်လှပါပြီလေ။

ခါတိုင်းဆို ကျောင်းလစ်နေကြပေမဲ့ ဒီနေ့တော့ liliရှိမလားဆိုသည့်
စိတ်လေးနဲ့ အတန်းထဲမှာ ထိုင်စောင့်နေမိသည်။
အချိန်တွေသာကုန်သွားတယ် သူရောက်မလာခဲ့ဘူး။
ကျမကို သိပ်များ စိတ်နာသွားလေသလား။

"jen နင်ဒီနေ့ဘာဖြစ်နေတာလဲ မှိုင်တွေလို့
ပြီးတော့ အရင်က အတန်းချိန်လဲ မှန်မှန်မတက်ဘဲ ခုမှပြောင်းလဲနေတယ်"

"somi ငါ...ငါလေ liliဖွင့်ပြောတာကို ငြင်းလိုက်တယ်သိလား"

"ဟင်..ဘာလို့လဲ liliက နင့်ကို သိပ်ချစ်တာ ငါအသိပဲ
ပြီးတော့ နင်လည်း သဘောကျတယ်မလား ဘာလို့ငြင်းလိုက်တာလဲ
lili တော်တော်ခံစားသွားရမှာ"

"ငါသိတယ် ဒါပေမဲ့ ငါ့ကြောင့် liliတက်လမ်းတွေ ပိတ်မှာ
ငါကြောက်တယ်ဟာ"

"နင် liliအတွက်လည်း စဉ်းစားပေးသင့်တယ်လေ
သူ့အိမ်မက်တွေထက်တောင် နင့်ကိုပိုချစ်တာ ငါလည်းသိသလို
နင်လည်းအသိပဲ အရာရာသည်းခံပြီး အရိပ်တကြည့်ကြည့်နဲ့
နင်ပြန်ချစ်လာမလားဆိုပြီး စောင့်နေတဲ့ liliကိုကြတော့
နင်မသနားတော့ဘူးလား"

"တော်ပြီ somi ထပ်မပြောပါနဲ့တော့
ငါလည်းပျော်နေတာမဟုတ်ပါဘူး ငါလည်းချစ်ခဲ့တဲ့သူပါ
အနည်းနဲ့အများတော့ နာကျင်ရပါတယ်"

"innပါ ကိုယိ့စိတ်ကိုသေချာသိအောင်လုပ် jen
နောက်ကျမှသိရင် နာကျင်စရာတွေများလိမ့်မယ်"

jenတစ်ယောက် အတွေးနွံထဲမှာ ချာချာလည်နေပြီ
ရုန်းလေနစ်လေပေါ့ သေချာတာတစ်ခုက
liliမရှိရင် သူမ မနေတက်ပါဘူး

တစ်ပတ်လောက်ကြာတော့ သူမ ချစ်တယ်ဆိုတဲ့ အကြောင်း
ဝန်ခံဖို့ liliရှိရာ အပြေးလေးလာခဲ့ပေမဲ့
အချစ်က ကျမကို ဒဏ်ခက်လိုက်ပြီလေ။

lili ပညာတော်သင်ထွက်သွားပြီတဲ့ unnie sooကပြောတယ်
သူရှိတဲ့နေရာကို ဘယ်သူ့မှ မပြောဖို့လဲ မှာသွားတယ်တဲ့လေ
သူ သိပ်များစိတ်နာသွားလေသလား။

ထပ်ပြီးအခွင့်အရေးရမယ်ဆို မင်းရင်ခွင်ထဲကို အပြေးလေးပြေးလာခဲ့
မယ်။ သိပ်ချစ်တယ် lili။

lili chaeရှိတဲ့ uniကို ပြောင်းလာခဲ့လိုက်သည်။
chaeကတော့ကျမကိုတွေ့လို့ပျော်နေရှာတယ်
jen ငြင်းလိုက်တဲ့အကြောင်း သူမကိုပြောပြတော့
သူကပြောတယ် နင်က အမှတ်မှ မရှိဘဲတဲ့လေ။

chaeရေ နင်လူတစ်ယောက်ကို ရင်ဘတ်ကြီးနဲ့ ရင်းပြီး
မချစ်ဘူးသေးလို့ပါ။
တကယ်နှလုံးသားထဲကသာ နက်နက်နဲနဲချစ်မိသွားတဲ့အခါ
သူဘာလုပ်လုပ်ကို အပြစ်လို့မဆိုရက်တော့
အဲ့လူသားလေးကိုလဲ ဘယ်တော့မှမေ့နိုင်မယ်မထင်ပါ။

အချစ်ဦးမို့ ရူးတာမဟုတ် နှလုံးသားနဲ့တစ်ထပ်တည်းကျအောင်
ချစ်မိခဲ့လို့ သူမ အပေါ်မှာ စွဲစွဲလမ်းလမ်းကို ရူးသွပ်နေမိတာ။

သူ့ကိုမေ့မလားဆိုပြီး သောက်မိတဲ့ ဝိုင်နဲ့အရက်တွေကလေ
ကိုယ့်ကို လှောင်ပြောင်နေသလိုပဲ မူးရင် မင်းကို ပိုသတိရလာတယ်။

lili ဒီကိုပညာတော်သင်ရောက်ပြီးကတည်းက
ညဘက်ဆို အရက်နဲ့ ဆေးလိပ်တွေသောက်တက်လာတယ်။
chaeအခန်းနဲ့ liliအခန်းက မျက်နှာချင်းဆိုင်မို့
ညဘက်တွေliliအရက်မသောက်ဖို့ သွားတားပေမဲ့
အရင်းအနှိီးသာ သူကတော့ သောက်ဆဲ သောက်မြဲ။

အရင်ကလိုပဲ စာတော်ပေမဲ့ အရင်က သူမရဲ့ နူးညံ့တဲ့အပြုအမူ
အပြောအဆိုနဲ့ ချစ်တက်တဲ့နှလုံးသားကတော့
တစ်စုံတစ်ယောက်ကြောင့် ခနတာပျောက်ဆုံးနေပြီ။

chae ကျောင်းပိတ်ရက်ရှည်တွေမှာ koreaကို ပြန်ပေမဲ့
liliက တော့မပြန်ဖြစ် နာကျင်စရာတွေကို
အသစ်ကပြန်စမိနေမှာစိုးလို့လေ။

စချစ်ခဲ့တဲ့သူကမှ ရှုံးတာမဟုတ်ပါဘူး
ချစ်ရဲ့သားနဲ့ ကိုယ့်ခံစားချက်ကို မသိချင်ယောင်ဆောင်မိတာလဲ
အရှုံးတစ်ခုပါပဲ.......

.............................................................................................
အပိုင်းက တိုသွားတယ် ဆောတီးပါနော်

Reader 1ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်နော်🙏

Thank you ❤love you❤

JealousWhere stories live. Discover now