မနက်စာစားမယ်ဆိုပြီး ထွက်သွားတာ နေ့လည်ခင်းရောက်သည် အထိ
ပြန်မလာသေးတဲ့ liကြောင့် jen ဝမ်းနည်းနေမိသည်။
မနက်က liကို ပြေးဖတ်သည့်ကောင်မလေးက ဘယ်သူလဲဆိုတာ
ခေါင်းထဲမှာလည်း အကြိမ်ကြိမ်အဖြေရှာနေမိသေးသည်။စဉ်းစားနေတုန်းမှာပင် lili ရုံးခန်းထဲကို ဝင်လာသည်
ဟိုကောင်မလေး မပါပဲ liliတစ်ယောက်ထဲ ပြန်လာသည်မို့
တော်သေးသည်ပြောရမည်။ မဟုတ်ရင် ဒေါသထွက်ရလွန်းလို့
တစ်ခုခု ထလုပ်မိလိမ့်မည်ထင်သည်။"liliပြန်လာပြီလား ဘယ်တွေသွားနေတာလဲ"
"ဘယ်သွားသွား မင်းနဲ့ မဆိုင်ပါဘူး"
"ဒါနဲ့ ဟိုကောင်မလေးက ဘယ်သူလဲဟင်"
"sweetကို ပြောတာလား အဲ့တာ liရဲ့ ရည်းစားလေ"
အမှန်ဆို အဲ့လိုမဖြေချင်ပေမဲ့ သူမကို ပြန်ချေချင်နေတဲ့ စိတ်တွေက
အတင်းစေခိုင်းနေသောကြောင့် ပြောလိုက်ခြင်းဖြစ်သည်။ကျမ အဲ့လို ဖြေလိုက်တော့ ဘာမှ ပြန်မပြောတော့ပဲ
ခေါင်းလေးငုံ့သွားသည့် သူမ။
ခနနေတော့ ရုံးခန်းထဲကနေ မပြေးရုံတမယ် ထွက်သွားသည်လေ။jen liစကားကိုကြားကြားချင်း မျက်ရည်ဝဲလာသည်မို့
ခေါင်းကိုသာ ငုံ့ထားမိသည်။
မျက်ရည်တွေကို မထိန်းနိုင်တဲ့ အဆုံးရုံးခန်းထဲက ထွက်လာကာ
သန့်စင်ခန်းဘက်သို့ ထွက်လာခဲ့လိုက်သည်။သန့်စင်ခန်းထဲမှာ ပိတ်လှောင်ထားတဲ့ စိတ်ကို ဖွင့်ပေးမိတော့
မျက်ရည်တွေက ထိန်းမနိုင်သိမ်းမနိုင်စီးဆင်းလာခဲ့သည်။ကျမကြောက်တယ် သူထားသွားမှာကိုကြောက်တယ်။
အခြားတစ်ယောက်ကို ကျမထက်ပိုပြီးချစ်ပြနေမှာကြောက်တယ်။
အရင်က အကြောင်းတွေစဉ်းစားမိတိုင်းလည်း ကိုယ့်ကိုကိုယ် မုန်းမိတယ်။သူကိုယ့်ကို ချစ်တဲ့ အချစ်ထက် မပိုရင်တောင် မလျော့တဲ့ အချစ်တွေနဲ့
ချစ်ခဲ့တာပါ။
မာနတွေကသာ ခုလို နာကျင်ရမယ်မှန်းသိခဲ့ရင်
တကယ်ပါ ကျမ အဲ့လမ်းကို ရွေးမိမှာ မဟုတ်ဘူး။ကျမ ငိုနေတုန်း နောက်ကနေ လာပုတ်တဲ့ လက်တစ်စုံကြောင့်
ကျမ လန့်သွားမိသည်။ ကျမလှည့်ကြည့်မိတော့ unnie soo
ကိုယ့်ပုခုံးလေးကို ပုတ်ကာ နှစ်သိမ့်ပေးသည့် အပြုအမူလေးလုပ်နေသည်။
YOU ARE READING
Jealous
Randomကိုယ့်စကားဆို အမြဲနားမထောင်တက်တဲ့ ကိုယ့်ရဲ့ နှလုံးသားကြီးက ခုလည်း မင်းမှ မဟုတ်ရင်ချစ်မပေးနိုင်ဘူးဆိုပြီး ဆန္ဒတွေပြနေလေရဲ့...