ကိုယ်လည်း chaeနဲ့တွေ့ပြီး ပြန်လာတော့
စားပွဲခုံပေါ် လက်လေးတင်ကာ မှောက်အိပ်နေသည့် သူမ။ကိုယ်လည်း ဘာမှ မပြောပဲ တိတ်တိတ်လေးသာဝင်ခဲ့ပြီး
စားပွဲမှာ ဝင်ထိုင်ကာ အလုပ်သာဆက်လုပ်နေလိုက်သည်။ခနနေတော့ အိပ်ချင်မူးတူးလေးနဲ့ ကိုယ့်ကိုကြည့်ကာ
"lili ပြန်ရောက်ပြီလား
jenကစောင့်နေတာ""ကိုယ့်အလုပ်ကိုယ်လုပ်နေပါလား ဘာလို့စောင့်နေတာလဲ
ပြီးတော့ စောင့်နေတယ် မထင်ပါဘူး မင်းအိပ်နေတာပါ""ဟီး....အဲ့တာက ညကအိပ်တာနည်းနည်း နောက်ကျသွားလို့"
သွားလေးဖြီးကာ စပ်ဖြီးဖြီးပြောနေသည့် သူမက တကယ့်ကို
ကလေးလေး တစ်ယောက်လိုပါ။
ကျမလည်း စကားဆက်မပြောဘဲ အလုပ်လုပ်နေတော့
သူမကနေ စပြီး"lili ညက appaပြောတာ ဘယ်လို သဘောရလဲ"
"ဘာကိုလဲ"
သူမ မေးသည့် အကြောင်းအရာကို သဘောပေါက်ပေမဲ့
ကျမ မသိချင်ယောင်ဆောင်နေမိသည်။"ဟာ liliကလည်းကွာ
နေရာချပေးမယ်ဆိုတာလေ""aww အဲ့တာလား ငါက ဘာကို သဘောရ ရမှာလဲ
ဖြစ်မှမဖြစ်နိုင်တာကို"ကိုယ်ပြောလိုက်တဲ့ စကားကြောင့် သူမ မျက်နှာလေး သိသိသာသာ
ငယ်သွားသည်။ မျက်ဝန်းတစ်ဝိုက်မှာ မျက်ရည်လေးလဲ ဝဲကာနေသည်။"appaက ပြောတာလေ liliကငြင်းမယ်ပေါ့"
"အစကတည်းက ကိုယ်ကအရင် အငြင်းခံခဲ့ရတဲ့သူပါ jennie
ခုကိစ္စကိုလည်း စဉ်းစားမယ်ပဲ ပြောခဲ့တာပါ
လက်ခံမယ်လို့ မပြောခဲ့ပါဘူးနော်"ပြောနေရင်း အတိတ်က အမှတ်တရတွေကို သတိရလာသည်
အခန်းထဲမှာ ဆက်မနေချင်တော့တာမို့ lili အပြင်သာထွက်လာခဲ့လိုက်သည်။liliအပြင်ထွက်သွားတော့မှ ထိန်းထားသည့်မျက်ရည်စများက
အပြင်ကို အတင်းခုန်ထွက်လာတော့သည်။
အရင်က ကိုယ်သူ့အပေါ်အရမ်းဆိုးခဲ့တာ သိပေမဲ့
ပြင်ဆင်ခွင့်မရတော့မှာကို ကြောက်တယ်။Liliလည်း ရုံးခန်းကို ပြန်မသွားချင်တော့ တာကြောင့်
unnie sooကို ပြောကာ အိမ်ကိုပဲ ပြန်လာခဲ့လိုက်တော့သည်။
သူမ ဘယ်လိုနေမလဲဆိုပြီး နှလုံးသားကြီးက တွေးပူနေပေမဲ့
ခနတာရအောင် မေ့ဖျောက်ထားမိသည်။
ဝိုင်ရဲ့ အကူအညီနဲ့ဆိုပိုမှန်မည်ပေါ့။
မဟုတ်ရင် အဲ့နှလုံးသားကြီးကလေ သူမ မှ သူမ ဖြစ်နေတာ။
YOU ARE READING
Jealous
Randomကိုယ့်စကားဆို အမြဲနားမထောင်တက်တဲ့ ကိုယ့်ရဲ့ နှလုံးသားကြီးက ခုလည်း မင်းမှ မဟုတ်ရင်ချစ်မပေးနိုင်ဘူးဆိုပြီး ဆန္ဒတွေပြနေလေရဲ့...