ညနေကထမင်းသိပ်မစားထားတာကြောင့်
Liliဗိုက်ထဲမှာ ဆန္ဒတွေပြနေတော့သည်။သည်းမခံနိုင်တဲ့အဆုံးအောက်ထပ်က မီးဖိုချောင်းကိုသွားကာ
မုန့်ရှာစားရန်ဆုံးဖြတ်ပြီး
အခန်းထဲမှထွက်လာခိုက် jenအခန်းမှ ညီးသံအချို့ကိုကြားလိုက်ရသည်။ဝင်ဖို့မ၀င်ဖို့တွေဝေနေပေမဲ့ ညီးသံတွေပိုကျယ်လာတာကြောင့်
လော့မချထားတဲ့jenအခန်းလေးကို
မြန်မြန်လေးဝင်လာလိုက်တယ်။liliမြင်လိုက်ရတဲ့မြင်ကွင်းကတော့
ကုတင်ပေါ်မှာ ရုန်းကန်ပြီးချွေးတွေရွှဲနေတ့ဲကောင်မလေး၁ယောက်ပါးစပ်ကလဲ"ထားမသွားပါနဲ့"ဆိုတဲ့စကားကို
ဘယ်နှကြိမ်ဘယ်နှခါမှန်း မသိအောင်ညီးတွားနေတဲ့JenLiliလည်းစိတ်ပူသွားကာ
jenရဲ့ ကုတင်ဘေးဝင်ထိုက်လိုက်ပြီး ပခုံးလေးကိုလှုပ်ကာနိုးလိုက်သည်။"Jen...jen...
ဘာဖြစ်တာလဲထပါဦး
ငါရှိတယ်လေ...jen"အဲ့ခါမှ jenလည်းညီးနေတာလေးရပ်ကာ
မျက်ရည်တွေရွှဲနေတဲ့ မျက်လုံးလေးကပွင့်လာပြီး
liliကိုကြည့်နေမိသည်။"ဘာဖြစ်တာလဲjen
ရေသောက်မလား
ငါယူပေးမယ်""inn"
Liliလည်း ကုတင်ဘေးခုံမှာတင်ထားတဲ့
ရေဘူးထဲကရေကိုခွက်ထဲမြန်မြန်ထည့်ပြီး jenကိုကမ်းပေးလိုက်သည်။"ကျေးဇူး"
jenကliliကို"ကျေးဇူး"လို့ ပြောဖို့နေနေသာသာ
ချိုချိုသာသာတောင်မပြောတက်တာမို့
liliငေးကြည့်နေမိသည်။
ခနကြာတော့မှ"ရပါတယ်Jenရဲ့
နင်ကြောက်နေသေးလား
ငါစောင့်နေပေးရမလား""innငါအိပ်ပျော်မှ
နင့်အခန်းပြန်တော့ ခုတော့ငါ့ဘေးမှာနေပေး""innပါ
အိပ်ပျော်အောင်အိပ်နော်
ဘေးနားမှာ ငါရှိနေပေးမယ်"Jenလည်းစိတ်ကို အတည်ငြိမ်ဆုံးထားကာ
ပြန်အိပ်လိုက်တော့သည်။မနက်ခင်းjenနိုးလာတော့
လက်ကို တခုခုကကိုင်ထားသလိုခံစားမိတာကြောင့်
ကြည့်လိုက်တော့
jenလက်ကိုကိုင်ကာ ကုတင်ပေါ်ခေါင်းလေးတင်ပြီး အိပ်ပျော်နေတဲ့Lili
![](https://img.wattpad.com/cover/278967203-288-k295311.jpg)
YOU ARE READING
Jealous
Randomကိုယ့်စကားဆို အမြဲနားမထောင်တက်တဲ့ ကိုယ့်ရဲ့ နှလုံးသားကြီးက ခုလည်း မင်းမှ မဟုတ်ရင်ချစ်မပေးနိုင်ဘူးဆိုပြီး ဆန္ဒတွေပြနေလေရဲ့...