ကုန်တိုက်မှliliတို့အိမ်ပြန်ရောက်တော့ နှစ်ယောက်သားစကားမပြော
ဖြစ်ကြ ကိုယ့်အခန်းကိုဝင်အောင်းနေလိုက်တာ
ညနေထမင်းစားချိန်ရောက်မှတွေ့ဖြစ်ကြတော့သည်။jenနဲ့lili တိတ်စိတ်စွာ ထမင်းစားနေပေမဲ့
ထို တိတ်စိတ်မှုကိုဖြိုခွင်းလိုက်တဲ့ အသံက liliရဲ့ဖုန်းသံ။liliဖုန်းကိုင်လိုက်ပြီး
"inn Chae ပြောလေဘာကိစ္စလဲ"
Chaeဆိုသည့်အသံကြားသည့်နှင့် jen တစ်ယောက်lili ကိုမော့ကြည့်
လိုက်သည်။
liliက ထမင်းစားပွဲမှ ထကာဧည့်ခန်းကို
ဖုန်းပြောဖို့ထွက်လာလိုက်တယ် ထမင်းစားနေတဲ့ jenကို
အားနာတာကြောင့်ရောပေါ့။💭liliကဘာလို့ထသွားရတာလဲ
ငါ့ကို မကြားစေချင်တဲ့ကိစ္စတွေရှိလို့ များလား
အား...lalisa ငါ့ကိုအတွေးများအောင် ဒင်းသိပ်လုပ်တယ်💭ဧည့်ခန်းထဲမှ liliကတော့
"ဟုတ်တယ် chae ငါပြိုင်ပွဲဝင် မပြိုင်ဖြစ်လောက်ဘူး"
"ဘာလို့လဲဟာ
ဆရာမကြီးကပြောတယ် ပထမက နိုင်ငံခြားကို ပညာတော်သင်လွှတ်မယ်
တဲ့ အဲ့တာနင့်ရည်မှန်းချက်ပဲမလား""ဟင်...တကယ် ပညာတော်သင်လွှတ်မှာတဲ့လား chae
ငါမကြားမိပါဘူး""တကယ်ပြောနေတာ lili
ခုနက ငါ့ကိုဆရာမကြီးဖုန်းဆက်ပြောတာ
နင့်ကိုရော ပြောလိုက်ပါတဲ့
နင်က ပထမရနိုင်တယ်တဲ့""ငါထပ်စဉ်းစား လိုက်ဦးမယ် chaeရယ်"
"lili နင်တစုံတယောက်ကြောင့် တွေဝေနေတာဆိုရင်တော့
ငါအကြံပေးမယ်နော် ကိုယ့်တက်လမ်းကိုတော့ ရိုက်မချိုးနဲ့ဦး""မဟုတ်ပါဘူး chaeရယ်
ငါ့အကြောင်းနဲ့ ငါပါ""inn ပါ
အဲ့တာဆိုလည်း နင်စဉ်းစားလိုက်ဦး
ပြီးရင် ငါ့ကိုအကြောင်းပြန်ဟုတ်ပြီလား"chae ဖုန်းချလိုက်ပြီး...
💭ငါမှန်းတာ မှန်တယ်မလား lili
နင်တစ်စုံတစ်ယောက်ကြောင့် တွေဝေနေတာ
အဲ့တစ်ယောက်ကလည်း jenမလား....💭other side
liliလည်း chae နဲ့ဖုန်းပြောပြီး ထမင်းစားခန်းထဲပြန်ဝင်လာလိုက်သည်။
"lisa ခုနက chaeမလား"
"inn ဟုတ်တယ် jen"
"ဘာတွေများ သိပ်အရေးကြီးနေလို့
ငါ့ရှေ့မှာ မပြောနိုင်တဲ့ထိ ဖြစ်ရတာလဲ""မဟုတ်ပါဘူးဟာ နင်အနှောက်ယှက်ဖြစ်မှာစိုးလို့
ငါဧည့်ခန်းမှာ သွားပြောလိုက်တာပါ""ဘာကိစ္စလဲ ဟိုပြိုင်ပွဲကိစ္စပဲမလား"
"ဟုတ်တယ်jen ငါအဲ့ပြိုင်ပွဲ ပြိုင်လို့ရမလားဟင်"
"lalisa ငါစကားကို နှစ်ခါပြောရတာ မကြိုက်ဘူးနော်
မပြိုင်ရဘူးလို့ ပြောပြီးသားပဲ မဟုတ်လား""ဒါပေမဲ့ jen ရယ်"
"တော်တော့ lisa ဘာမှမရှင်းပြနဲ့
ဘာမှမကြားချင်ဘူး
နင်ငါ ပြောသလိုပဲလုပ် အထွန့်မတက်နဲ့"jen လည်းliliကို ပြောပြီးတာနဲ့ အပေါ်ထပ်ကို
တန်းတက်သွားတော့သည်။💭jenရယ် ပန်းချီပညာရှင်ဖြစ်ချင်တာ ငါ့အိမ်မက်ပါ
ဒါပေမဲ့ နင့်အမိန့်တွေနဲ့ယှဉ်လာရင်တော့ ငါ့အိမ်မက်တွေကို
ချနင်းပြစ်ဖို့လည်း အဆင်သင့်ပါပဲ💭Next Day
lili အိပ်ယာမှနိုးကာ ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး
အောက်ထပ်ကို ဆင်းလာခဲ့သည်။"အန်တီ jenရော"
"jenလေးက ကျောင်းသွားနှင့်ပြီကွဲ့
အသင်းရှိလို့ဆိုလားပဲ""အော်..ဟုတ်အဲ့တာဆို liliဘာသာပဲသွားလိုက်တော့မယ်"
"သမီးlili
jen eomma နဲ့ appaက မနက်ဖြန်လည်း ပြန်မလာနိုင်
သေးဘူးတဲ့ အန်တီဆီကို ဖုန်းဆက်တယ်
jen လေးကိုလည်း ဂရုစိုက်ပေးဖို့ lili ကိုမှာပေးပါတဲ့""ဟုတ် အန်တီ lili jen ကိုဂရုစိုက်မှာပါ
ခုကျောင်းသွား လိုက်ဦးမယ်နော်"lili လည်း ကျောင်းသွားဖို့ bus ကားဂိတ်ကိုသာ ဦးတည်ပြီး
ထွက်လာခဲ့လိုက်သည်။
ကားဂိတ်ရောက်တော့ chaeက စောရောက်ပြီးliliကို စောင့်နေသည်မို့
နစ်ယောက်သား ကျောင်းကိုတူတူ ထွက်လာခဲ့လိုက်သည်။.............................................................................................
နည်းနည်းအေးနေပါသေးတယ် ဆောတီးပါနော်
နောက်ပိုင်းမှာ အစပ်လေးတွေနဲ့ အချိုလေးတွေ ထပ်လာပါမယ်လို့😗Reader 1 ယောက်ချင်းစီတိုင်းကို
ကျေးဇူးအထူးတင်ပါတယ်နော် 🙏

YOU ARE READING
Jealous
Randomကိုယ့်စကားဆို အမြဲနားမထောင်တက်တဲ့ ကိုယ့်ရဲ့ နှလုံးသားကြီးက ခုလည်း မင်းမှ မဟုတ်ရင်ချစ်မပေးနိုင်ဘူးဆိုပြီး ဆန္ဒတွေပြနေလေရဲ့...