Part-32

1K 26 2
                                    

အရင်ကဆို ရုံးခန်းထဲမှာ သူ့ကို ကိုယ်ကခိုးကြည့်လိုက်
ကိုယ့်ကို သူ့ကခိုးကြည့်လိုက်နဲ့ သံသရာလည်နေပေမဲ့
ခုတော့ ချစ်မွှေးလေးက ကိုယ့်ပေါင်ပေါ်ထိုင်ပြီး
ကိုယ့်ကို အတင်းကပ် ချွဲနေလေရဲ့။

"Honey Jenကိုချစ်လားဟင်"

"ရော....ခက်ပြီ Babyမေးနေတာ အခါတစ်ရာလောက်တောင်
ရှိတော့မယ် ချစ်ပါတယ်ဆိုဗျာ"

"ဘာလဲ အခုကတည်းက ငြိုငြင်နေတာလား
ချစ်တယ်လေးဖြေရတာကို ငြီးငွေ့နေတာလား"

"မဟုတ်ပါဘူး Babyရဲ့
ရှင်လေးမောနေမှာဆိုလို့ပြောတာပါ
ဘယ်လောက်မေးမေး အခါတစ်သောင်းလောက်မေးမေး
ဘယ်ချိန်မေးမေး ဘယ်နေရာမှာပဲမေးမေး
Honeyစီက အဖြေက "ချစ်တယ်"ပဲဖြစ်နေမှာလေ
အရင်ကလည်း ချစ်တယ် ခုလည်း ချစ်တယ် နောင်လည်း ချစ်နေမှာ"

"စကားတတ်တယ်နော်"

"အချစ်က သင်ပေးတာလေ"

Li ပြောရင်း Jen ပါးလေးကို နမ်းလိုက်တော့ ရှက်သွားတယ်
ထင်ပါရဲ့ ပါးလေးတွေတောင်ရဲလာတယ်။
ကိုယ့်ပေါင်ပေါ်ကနေ ထရပ်ပြီး သူ့စားပွဲစီ ရှက်ရမ်းရမ်းပြီး
ပြေးသွားတဲ့ သူမလေးကို ကြည့်ပြီး အချစ်တွေပိုရပြန်သေးသည်။

နေ့လည် ထမင်းစားချိန်လောက်ရောက်တော့
ကိုယ့်ရုံးခန်းထဲကို sweetရောက်လာသည်။

"Li နေ့လည်စာတူတူစားရအောင်လို့ sweetလာခေါ်တာ"

သူမဘက်ကို မသိမသာလေးလှမ်းကြည့်လိုက်တော့
သူမက ခေါင်းလေးငုံ့ကာ မျက်နှာလေးမဲ့နေသည်။
သူမ မကြိုက်ဘူးဆိုတာ သိပေမဲ့ ဒီအကြောင်းတွေကို
sweet ကိုပြောပြပြီး မြန်မြန် ဖြတ်ချင်တာမို့ လိုက်သွားလိုက်မိသည်။

"inn sweet
liလည်း ပြောစရာရှိတယ်"

"ok သွားစို့"

ကိုယ့်လက်ကို အတင်းစွဲကာ ခေါ်သွားသည့် sweetနောက်ကို
လိုက်သွားရသည်။ သူမလေး ထမင်းမစားရသေးတာ သိသည်မို့
မြန်မြန်ပြောပြီး ပြန်လာရန်လည်း အတွေးထဲမှာ ရှိပြီးသားပင်။

စားသောက်ဆိုင်တစ်ခုရောက်တော့ sweetက စားစရာတွေမှာပေးသည်။
အရင်လို ဂရုစိုက်ပေးနေဆဲမို့ ကိုယ်ကစပြောရမှာ အားနာပေမဲ့
မတက်နိုင်ဘူးလေ။Babyအတွက်ဆို ကိုယ်လူကြမ်းကြီးပဲလုပ်ရလုပ်ရ
အဆင်ပြေပါတယ်။

JealousWhere stories live. Discover now