မင်္ဂလာပွဲ ပြီးတော့ လူကြီးတွေကို နှုတ်ဆက်ကာ
ဟန်နီးမွန်း ခရီးကို အချစ်တွေ အပြည့်နဲ့ ထွက်လာခဲ့လိုက်သည်။
"Honey baby နည်းနည်းပင်ပန်းနေလို့
ခနမှေးလိုက်ဦးမယ်နော်
ကားမောင်းလို့ ဖြစ်တယ်မလား"
"ဖြစ်တာပေါ့ ကလေးရဲ့
Honey ဟိုရောက်ရင် နိုးပေးမယ်နော်"
"inn Honey"
ဟန်နီးမွန်း ခရီးလမ်းတစ်လျောက်မှာတော့
အချစ်တေးသံလေးတွေ ထုံသင်းပျံ့လျက်ပင်။
ချစ်ရသူရဲ့ မျက်နှာလေးကို ကားမောင်းရင်း တစ်ချက်တစ်ချက်
လှမ်းငေးရတာလဲ ကိုယ့်အတွက်တော့ ပြည့်စုံချင်း တစ်မျိုးပဲ။
အရာရာတိုင်းအတွက် ကျေးဇူးပါ ကလေးငယ်
ကိုယ့်ကိုရွေးချယ် ပေးခဲ့တဲ့အတွက်ရောပေါ့။
မျက်ရည်သုတ်ပေးတဲ့ လက်မဟုတ်ဘဲ
မျက်ရည်ဆိုတာ ဘာလဲလို့ မေးယူရတဲ့ထိ ကိုယ်မင်းကို ဂရုစိုက်ပြီး
ချစ်နေပေးမှာပါ ကလေးရေ။
ဟန်းနီးမွန်း ခရီးအတွက် ကြိုတင် ဘိုကင်လုပ်ထားတဲ့ ဟော်တယ်ထိ
ရောက်လာပြီးတာတောင် ကလေးငယ်က မနိုးသေး။
နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတာမို့ မနှိုးလည်းမနှိုးရက်။
အချိန်အနည်းငယ်ကြာမှ ကိုယ်လုံးလေး လှုပ်ကာ မျက်လုံးလေးပွင့်လာ
သည်။ သူမ ကို ငေးကြည့်နေတဲ့ ကျမကို မြင်တော့
မျက်လုံးလေးပြူးကာ
"Honey ရောက်နေတာကြာပြီလား babyကို နှိုးလိုက်ရောပေါ့"
"မကြာသေးပါဘူး babyရဲ့
ပြီးတော့ ကိုယ့်ကလေးလေးက နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာကို
ကိုယ်ကနှိုးရက်ပါ့မလားလို့"
"အဲ့တော့ အကြာကြီးစောင့်လိုက်ရတယ်မလား
ကားလည်းမောင်းလာရတာကို Honey ပင်ပန်းနေမှာပေါ့"
"ဟင့်အင်း jennieဆိုတဲ့ ကိုယ့်ကလေးလေးကို
ငေးနေရတာနဲ့ ပင်ပန်းတယ်ဆိုတာ ဘာလဲတောင် မေးယူရမယ်ထင်တယ်"
"ဟင့် အပိုတွေ တော်တော် စကားတတ်နေပါလား "
"ကလေးအတွက်ဆို အကုန်တတ်တယ် ဟုတ်ပြီလား"
"ဘာကို အကုန်တတ်တာလဲ"
"အော်....စကားတတ်တာကို ပြောပါတယ်"
YOU ARE READING
Jealous
Nezařaditelnéကိုယ့်စကားဆို အမြဲနားမထောင်တက်တဲ့ ကိုယ့်ရဲ့ နှလုံးသားကြီးက ခုလည်း မင်းမှ မဟုတ်ရင်ချစ်မပေးနိုင်ဘူးဆိုပြီး ဆန္ဒတွေပြနေလေရဲ့...
