Part-8(Unicode ver)

1.4K 116 0
                                    

ဒီနေ့ပေါ့
ဒီနေ့ကLiliဘဝကိုပြောင်းလဲသွားစေမဲ့နေ့
တနည်းပြောရရင် jenရဲ့အရုပ်ကလေးအဖြစ်ပြောင်းလဲသွားတဲ့နေ့

သွားဆိုသွား ထိုင်ဆိုထိုင်
စေခိုင်းသူက သူမသာဆိုရင်
ငြင်းခွင့်မရှိတဲ့ဘ၀

အရင်ကလည်း အရုပ်သာသာဆိုပေမဲ့
ခုတော့jenလက်ခုပ်ထဲကရေလေးပေါ့။

liliရဲ့appaစီးပွားရေးမှာ အရှုံးပေါ်တာကြောင့်
အိမ်တွေပါရောင်းလိုက်ရပြီး
liliကိုကျောင်းဆက်ထားဖို့မတက်နိုင်တဲ့အကြောင်း
Jenရဲ့apppa Kimကို တိုင်ပင်တော့
Kimကjenနဲ့တူတူ liliကို သူကျောင်းထားပေးမယ်ဆိုပြီး
liliကို သူအိမ်မှာပဲခေါ်ထားလိုက်တယ်လေ။

"သမီးlili ဘာမှ အားမနာနဲ့နော်
တခုခုလိုရင်အန်ကယ်တို့ကိုပြော
သမီးappaနဲ့ အန်ကယ်က ဟိုးငယ်ငယ်ကတည်းက သူငယ်ချင်းတွေလေ"

"ဟုတ်အန်ကယ်
liliကိုကျောင်းထားပေးလို့ကျေးဇူးတင်ပါတယ်နော်"

"မလိုပါဘူးကွယ်
သွားသွား နားတော့
သမီးအခန်းက jenအခန်းရဲ့ဘေးက အခန်းနော်"

"ဟုတ်အန်ကယ်"

liliလည်း အပေါ်ထပ်ကအခန်းကို တက်လာတော့
jenကသူ့အခန်းရှေ့က ရပ်စောင့်နေပြီး

"lisaငါ့အခန်းထဲလိုက်ခဲ့ဦး
ပြောစရာရှိတယ်"

"inn"

အခန်းထဲရောက်တော့ jenကကုတင်ပေါ်မှာ ထိုင်ရင်း liliကို

"နင့်ကို ငါ့appaကကျောင်းထားပေးမှာနော်
သိတယ်မလား"

"အင်း...သိပါတယ်"

"အေး...ဘယ်အရာမှ အလကားတော့မရဘူးဆိုတာ နင်လည်းသိမှာပါ
အဲ့တော့ ဒီနေ့ကစပြီး နင့်appaလာမခေါ် မချင်း
ငါခိုင်းတာလုပ်ရမယ်ဟုတ်ပြီလား"

"innပါ
အရင်ကလည်း နင်ခိုင်းတာ ငါအကုန်လုပ်နေကြပဲလေ
အဆင်ပြေပါတယ်"

"အဲ့ဆိုသွားတော့
ငါခေါ်ရင်တော့ ဘယ်နေရာရောက်နေနေ
ရောက်တဲ့အရပ်က ချက်ချင်းပြေးလာခဲ့ကြားလား"

"inn"

Liliလည်းjenပြောပြီးပြီးချင်း
ကိုယ့်အခန်းကိုပြန်လာခဲ့လိုက်တယ်။

💭ဟူး...အရင်ကတည်းက
jenအမိန့်ဆို ဘယ်အရာမှ မငြင်းနိုင်ခဲ့ဘူး
ခုလည်း သူ့အမိန့်တွေအောက်မှာ
ငါပျော်မိနေဦးမယ်ထင်တယ်💭

နောက်တစ်နေ့မနက်....

Jenအိပ်ယာက နိုးနိုးချင်းliliအခန်းကိုသွားကာ
တံခါးကို အတင်းထုနေသည်။

"lalisa ငါခေါ်နေတာကြားလား
ထွက်ခဲ့ဦး"

"အင်း...jenပြောလေ"

"လာခဲ့...ငါရေချိုးမလို့
ကျောင်း အချိန်ဇယားတွေတိုက်ထားပေး ပြီးမှ
နင်လုပ်စရာရှိတာ ဆက်လုပ်"

liliလည်းjenရဲ့ လွယ်အိတ်လေးထဲကို
ကျောင်း အချိန်ဇယားအတိုင်းထည့်ပေးပြီးမှ
သူ့အတွက်သူ စပြင်ဆင်ရတော့တယ်။

.............................................................................................
အပေါ်ကအပိုင်းတွေနဲ့ နည်းနည်းလွဲတာလေးတွေများရှိနေမလား
မသိဘူး။အဲ့အတွက်တောင်းပန်ပါတယ်နော်🙏
လိုအပ်ချက်လေးတွေကိုထောက်ပြလို့ရပါတယ်

သည်းခံပြီးဖတ်ပေးတဲ့ ၁ယောက်ချင်းစီတိုင်းကို
ကျေးဇူးအထူးတင်ပါတယ်နော်🙏
Thank you❤️Love you❤️

JealousWhere stories live. Discover now