jen တစ်ယောက် ဒီနေ့မနက်လည်း စောစောနိုးနေပြန်သည်။
အိပ်မပျော်တာဆို ပိုမှန်မည်
liliက ခေါက်ဆွဲခွံ့ကျွေးသည့်အချိန်တွေကို စဉ်းစားမိတိုင်း
မရပ်တန့်နိုင်တဲ့ ရင်ခုန်သံတွေကြောင့်ရောပေါ့။jen သူမ အခန်းထဲကနေ အောက်ထပ်ကိုဆင်းလာတော့ liliက
ထမင်းစားခန်းထဲမှာ ကုပ်ကုပ် ကုပ်ကုပ်နှင့် ဘာတွေလုပ်နေလည်းမသိ။"lisa ဘာလုပ်နေတာလဲ အချိန်ပိုင်းမသွားဘူးလား"
"သွားမှာ jenရဲ့ နည်းနည်းစောနေလို့
နင့်အတွက်ပါ မနက်စာပြင်ပေးနေတာလေ""ဒီနေ့ လိုက်ပို့မယ် နင့်အလုပ်ကို
ငါလည်း အဲ့ဘက်သွားစရာရှိလို့""ဟင်...jenက liliရဲ့ အလုပ်နေရာကို သိတာလား
ပြောမပြ ဖြစ်ပဲနဲ့"သူခိုးလူမိသွား သလိုမို့ jenလည်း အမူအရာကို
အတက်နိုင်ဆုံးထိန်းချုပ်ကာ"သိတာပေါ့ ဟိုနေ့ညက နင့်ဆိုင်ပိုင်ရှင်ဆိုတာ
kim jisooမလား သူက အသိုင်းအဝိုင်းတောင့်တဲ့သူပဲ
ငါသိတာပေါ့"အမှန်တော့ jisooဘယ်သူလဲဆိုတာကို somiပြောပြမှသိချင်းပါ
lisa အချိန်ပိုင်း အလုပ်စလုပ်သည့် နေ့ကတည်း
jen တစ်ယောက် liliနောက်ကို တိတ်တိတ်လေးလိုက်ကြည့်ထားခြင်းပင်"inn ပါ အဲ့တာဆို မနက်စာမြန်မြန်စားလိုက်လေjen
အလုပ်ချိန်နည်းနေပြီ"jenလည်း liliလုပ်ပေးသည့် မနက်စာလေးကို စားပြီးနောက်
liliရဲ့အချိန်ပိုင်းအလုပ်စီကို ဦးတည်ကာ ကားလေးနှင့်ထွက်လာခဲ့သည်။" ဆိုင်ရောက်ပြီဆိုတော့ ငါဆင်းတော့မယ်နော်
jenက ကျောင်းတန်းသွားမှာလား""ကျောင်းတော့ တန်းမသွားပါဘူး အစောကြီးရှိသေးတာကို
ဒါနဲ့ နင်ကျောင်းကို busနဲ့ ပဲ သွားမှာလား""inn တစ်ခါတလေလဲ busနဲ့ တစ်ခါတလေလဲ unnieလိုက်ပို့တယ်
လေ""aww innပါ
သွားတော့ အလုပ်နောက်ကျနေမယ်"liliလည်း jenကို နှုတ်ဆက်ပြီး ဆိုင်ထဲကို ဝင်လာခဲ့လိုက်သည်။
"lili ခုနက လိုက်ပို့တာ jenဆိုတဲ့ တစ်ယောက်မလား
မနေ့ညက လည်းကလပ်မှာတွေ့ခဲ့တယ်လေ"
YOU ARE READING
Jealous
Randomကိုယ့်စကားဆို အမြဲနားမထောင်တက်တဲ့ ကိုယ့်ရဲ့ နှလုံးသားကြီးက ခုလည်း မင်းမှ မဟုတ်ရင်ချစ်မပေးနိုင်ဘူးဆိုပြီး ဆန္ဒတွေပြနေလေရဲ့...