Part-26

987 41 0
                                    

ရုံးခန်းထဲ ဝင်ဝင်လာချင်း ဆိုဖာမှာ အခန့်သားထိုင်နေသည့်
သူမကြောင့် နည်းနည်း စိတ်ကျဉ်းကျပ်သွားသည်မှာ အမှန်ပင်
ကိုယ်ကမှ ရင်မဆိုင်ရဲလို့ သူ့ရှေ့က ထွက်သွားခဲ့တာပါဆို
ခုမှ ကံကြမ္မာက အတင်းဆုံပေးနေပြန်ပြီလေ။

ကျမလည်း ဘာမှ မပြောပဲ ကိုယ့်အလုပ်ခုံမှာသာ ဝင်ထိုင်ပြီး
အလုပ်လုပ်နေလိုက်သည်။
သူမက မိနစ်အနည်းငယ်ကြာတော့မှ ကျမကို စိတ်မရှည်တော့သည့်ပုံစံနှင့်

"lalisa ခု ကျမက ဘာလုပ်ရမှာလဲ
အလုပ်လုပ်ဖို့လာတာပါဆို ထိုင်နေရမှာလား"

"မင်းငြိမ်ငြိမ်လေးထိုင်နေရင်တော့ ငါ့အတွက်အကျိုးရှိတာပေါ့"

"ဒီမှာ unnie jisooကပြောတယ် liliက တာဝန်ယူပြီး
အလုပ်တွေကို ရှင်းပြပေးလိမ့်မယ်တဲ့"

"တကယ်ပါပဲ....တကယ့် ငဂျစ်နဲ့မှ လာတွေ့နေရတယ်လို့"

liliတိုးတိုးလေးပြောလိုက်ပေမဲ့
jen ကြားဖြစ်အောင်ကြားလိုက်သေးသည်။

"Heyyy....တိုးတိုး တိုးတိုးနဲ့ အတင်းတုပ်မနေနဲ့
ခုဘာလုပ်ရမှာလဲပြော"

"အဲ့လောက် အလုပ်လုပ်ချင်နေလည်း
ရေခပ်ပေး ရေဆာတယ်"

"အလုပ်ကိစ္စပဲပြောတာလေ အဲ့ဟာတွေ မပါဘူး"

"မရဘူးကွာ ခုလောလောဆယ် ရေဆာတယ်
ရေမသောက်ရရင် ဘာမှ ဆက်မလုပ်နိုင်ဘူး"

နှုတ်ခမ်းတဆူဆူနဲ့ ပြောနေသည့် ကျမ liliရယ်ပါ။
မာကျောသလိုလို နေနေပေမဲ့ အရင်ကလို ချစ်ဖို့ကောင်းဆဲပါပဲ။

သူမ ဘာလုပ်ခိုင်းခိုင်း jenလုပ်ပေးမိမှာပါ။ ခုက သူ့ကို စချင်လို့သာ
ဘုကလန့်ပြန်ပြောနေတာ။

ရေလေးတစ်ခွက် ခပ်လာလိုက်ပြီး liliရှေ့ချပေးလိုက်သည်။

"ရပြီလား အဲ့မှာရေ"

"inn...ဟိုနားမှာသွားထိုင်နေ လိုရင်ခေါ်မယ်"

"yaaa...အလုပ်သင် လာလုပ်နေတဲ့သူနော်
အဲ့လို ထိုင်နေလို့ရောရလား"

"ရတယ် ဒီမှာ ငါ့သဘောပဲ သွားထိုင်နေ"

ကျမနည်းနည်း အသံမာပြီးပြောလိုက်မိလားမသိဘူး
မျက်နှာငယ်လေးနဲ့ ဆိုဖာမှာငြိမ်ငြိမ်လေးထိုင်နေလေရဲ့။

JealousWhere stories live. Discover now