ကျွီ......ကားဘရိတ်နင်းသံ၌သူရဲ့ခြေအစုံဟာ ဖလက်ဖောင်းပေါ်ရပ်မိနေလေပြီ။
လတ်ဆတ်တဲ့ညလေးညှင်းကို ရှုရှိုက်ရင်း
သူရဲ့ခြေဦးတည့်ရာက သူရဲ့နားခိုရာ နေရာလေးဆီလျှောက်နေခဲ့တယ်။ဘာလိုလိုနဲ့ ငါဒီရောက်နေတာ ဆယ်နှစ်တောင် ရှိတော့မှာပါလား !
အခုဆို သူဟာ Jisooyaa တို့မိသားစုနဲ့နေလာခဲ့တာ အတော်လေးကြာနေခဲ့ပြီ။မေ့ပစ်ချင်တဲ့အတိတ်ဆိုတာကြီးက အိမ်မက်ထဲ ညတိုင်းဝင်ရောက်နေမြဲ၊ ငိုရှိုက်နေဆဲ ဒူးကအမာရွက်ကိုပွတ်သတ်မိတိုင်း ဝဲတက်လာတဲ့မျက်ရည်တွေ၊ စိုးရွံမိခဲ့တဲ့အားငယ်မူတွေဟာ Jisooyaa ကြောင့်သာ သူဖြေသိမ့်နိုင်ခဲ့တာဖြစ်လိမ့်မယ်။
အတွေးတွေနဲ့ လျှောက်လာခဲ့တာ အိမ်လေးကိုတောင် လှမ်းမြင်နေရပြီ။
တွေ့ပါပြီ။အမှောင်မပြေသေးတဲ့အလင်းရောင်ကြောင့်မြင်လိုက်ရပါပြီသူမကတော့....." Jisoonya ....."
ခေါ်သံနဲ့အတူ သွယ်လျှဝင်းမွတ်နေတဲ့လက်အစုံဟာ သူခါးသေးသေးလေးကို တင်းနေအောင်ဖက်လာရင်း ပါးပြင်လေးကပါအဆစ်
ပါပြီးကျောပေါ်ကပ်ခံလိုက်ရသည်။" အချွဲလေးပြန်လာပြီပေါ့။ ကဲ......
ရှေ့ကိုလည်းလာပါအုံး Manoရယ်။ သွားတာအဆင်ပြေလား ဘယ်လိုလဲပြောပါအုံး "မေးလိုက်တော့ သက်ပြင်းသဲ့သဲ့ချသံကြားလိုက်ရသည်။နွမ်းလျသွားတဲ့ မျက်နှာလေးကြောင့် အဆင်မပြေတာသိသာနေပြီမို့ သူမကိုထပ်မမေးလိုတော့ပါ။
" ဗိုက်ဆာပြီ Jisooya ဘာဟင်းချက်လဲ "
" ကဲ.... ဒါဆိုလဲ ရေသွားချိုး ထမင်းပွဲ
ပြင်လိုက်မယ် ".သူ မပြောချင်ရင် မမေးတာပိုကောင်းပါတယ်လေ။အရာရာကိုမျို သိပ်နိုင်အောင်
အမြဲကြိုးစားနေသူလေး ၊ဘယ်တော့မှကိုယ့်ခံစားချက် သူများရှေ့ထုတ်မပြတတ်တဲ့
ဒီကလေးကြောင့် သူမသက်ပြင်းသာချမိတော့တယ်။" ဟုတ်.. ဒါဆို Mano ရေသွားချိုးတော့မယ် "
သူ Jisooyaa ပါးလေးရွှတ်ခနဲ
နမ်းကာထွက်လာခဲ့လိုက်တယ်။
ဗိုက်ကလဲအရမ်းဆာနေလေသည်။
Jisooyaa လက်ရာ အပီတွယ်အုံးမှာဘဲ!
BẠN ĐANG ĐỌC
နှောင်ကြိုးရဲ့အလွန်
Fanfictionကျမမှာ အန်ကန်သမီးတင်တောင်းဖို့ ကြိုးလေးတစ်ချောင်းနဲ့ချည်နှောင်ထားတဲ့ ချစ်ခြင်းမေတ္တာတရားတစ်ခုဘဲရှိတာပါ။ အဲဒီချစ်ခြင်းမေတ္တာနဲ့ဘဲ အန်ကန်သမီးတင်တောင်းမှာပါ Manoban >>>> နီနီ ဥယျဉ်ထဲမှာ နီနီ ပျိုးထားတဲ့ပန်းက ဒီတစ်ပင်တည်းသာ၊ အဲဒီအပင်လေး နေရောင်ခြည်ရပြီ...