" Jisooyaa... "
သူ နောက်ကနေJisooyaaကို အရှိန်နှင့်ပြေးဖက်လိုက်တာမို့ ရှေ့ဟပ်ထိုးလဲကျမလိုဖြစ်သွားတဲ့
Jisooyaa ခန္ဓာကိုယ်ကိုထိန်းလိုက်ရသည်။
နို့မိုဆို ကြမ်းပြင်ပေါ်နှစ်ယောက်လုံးဟပ်ထိုး မှောက်ခုံတြွေဖစ်သွားကြလိမ့်မယ်။" Mano ဘယ်လိုဖြစ်လို့ ငယ်ငယ်ကအကျင့်တွေမပျောက်ရသေးတာလဲ။ ကိုယ့်ကိုယ်ကိုအိုင်ဒေါတစ်ယောက်ဆိုတာလဲ သတိကပ်အုံး "
တွေ့တာနဲ့ကပ်ချွဲတတ်တဲ့ ဒီချွဲစိန်လေးကိုသူမှာလွမ်းနေခဲ့ရတာ။ သူကိုမျက်နှာချင်းဆိုင်လာတဲ့
ဒီမိန်းကလေးဟာ ရင်ကျက်တည်ငြိမ်မူတွေ မျက်နှာပေါ် ဖြတ်ပြေးနေလေသည်။။သူဘဝနဲ့သဲ့ယူသင်ခဲ့ရတဲ့ သင်ခန်းစာတွေကြောင့်ဖြစ်မည်။" လွမ်းနေလို့လေ Jisooyaaရယ်။ အော် ...Manoသိလိုက်ပါပြီ။ Jisooyaaက Manoကိုမှာမလွမ်းတာ။ ဟုတ်တယ်မလား "
သူ တမင်မျက်နှာညိုး၍ပြောတော့ Jisooyaaကသူကိုမျက်လုံးပြူး၍ကြည့်လာသည်။
ဘာသိတာလဲဆိုတဲ့ အကြည့်ကိုဆောင်နေလေသည်။" အော်...သိပြီ၊သိပြီ။ Jisooyaa ကအခုချစ်သူတွေဘာတွေရနေပြီပေါ့။ ဒါနဲ့ Jisooyaa အကြင်နာတွေဘာတွေပေးပြီးကြပြီးလား။ ချစ်သူချင်းဆိုတော့ အကြင်နာတွေဘာတွေပေးကြမှာပေါ့နော်။ဒါဆို အခုJisooyaa နာမည်က Kim Jisoo မဟုတ်တော့ဘဲ Kiss Jisoo ဖြစ်သွားပြီပေါ့ ဟား....ဟား..."
ဒီကလေးရင့်ကျက်နေပါပြီဆိုတဲ့အတွေးကို သူပြန်ရုပ်သိမ်းလိုက်သည်။ အရင်တုန်းက ငယ်သေးလို့မရင့်ကျက်နိုင်သေးတာ။အခုအိုင်ဒေါဖြစ်လာတော့ ဂျပ်ပါမပြည့်တော့တာ။
" မဟုတ်တာတွေ လျှောက်ပြောမနေနဲ့၊ ဘယ်လိုလုပ်ဒီရောက်လာတာလဲ "
နီးရာအခန်းထဲဆွဲခေါ်လာခဲ့သည်။ အပြင်မှာဆို
သူ Fanတွေနဲ့စကားကောင်းကောင်းပြောရမည့်မဟုတ်။ လူတွေကလဲ သတ်မှတ်ဧရိယာထဲကိုတောင် လုံခြုံရေးတွေကြား ကျော်ဝင်လာကြတော့မတတ်။" Manoလည်းမသိဘူး။ လေယာဉ်ပေါ်မတက်ခင် နာရီပိုင်းအလိုဘဲသိတာ "
သူ Kim mano ဆိုတဲ့အမျိုးသမီးအိမ်ရှေ့ ရှိနေတုန်း Lrene ဆီကဝင်လာတဲ့ဖုန်းကြောင့် အံဩသွားရသည်။ ငါးနှစ်လုံး ကိုးရိုးယား Ent ကသူကိုပြန်မခေါ်ခဲ့သလို သူပြန်လာမယ်လို့လဲမတောင်းဆိုခဲ့။Us မှာရှိတဲ့ Entနဲ့သာသူလက်တွဲလုပ်ကိုင်ခဲ့ရတယ်။
လေယာဉ်က ဆင်းလာတော့ ဒီဘဲတန်းလာခဲ့ရတယ်။ Lrene မေးတော့ ရောက်ရင်သိမယ်တဲ့။
YOU ARE READING
နှောင်ကြိုးရဲ့အလွန်
Fanfictionကျမမှာ အန်ကန်သမီးတင်တောင်းဖို့ ကြိုးလေးတစ်ချောင်းနဲ့ချည်နှောင်ထားတဲ့ ချစ်ခြင်းမေတ္တာတရားတစ်ခုဘဲရှိတာပါ။ အဲဒီချစ်ခြင်းမေတ္တာနဲ့ဘဲ အန်ကန်သမီးတင်တောင်းမှာပါ Manoban >>>> နီနီ ဥယျဉ်ထဲမှာ နီနီ ပျိုးထားတဲ့ပန်းက ဒီတစ်ပင်တည်းသာ၊ အဲဒီအပင်လေး နေရောင်ခြည်ရပြီ...