မဆုံတဲ့ဖူးစာ
>>>>>>>>>>Junban သက်ပြင်းတစ်ချက်မှုတ်ထုတ်
လိုက်သည်။ ကိုယ့်ရှေ့ရောက်နေတဲ့သမီး
နှစ်ယောက်ကို ကြေကွဲစွာကြည့်နေရတယ်။
ဘယ်လမ်းကိုရွှေးချယ်မလဲ။ ဘယ်လမ်းဘဲ
ရွှေးရွှေး သူနဲ့သမီးနှစ်ယောက်ကနာကျင်ရမှာဘဲ။နောက်ဆုံးတော့ အဖြစ်မှန်ကိုဘဲ သူရွှေးချယ်ရမှာဘဲမလား။ သက်ပြင်းတစ်ရှိုက်မှာ အတိတ်တွေဟာအရိပ်ပမာ ပစ္စုပ္ပာန်ကိုလာခို
ဝင်ကြတယ်။* တီ..တီ...တီ *
ဝင်လာတဲ့ သူဖုန်းသံကြောင့် အိပ်ယာ
ပေါ်ကနေလေးကန်စွာထထိုင်လိုက်တယ်။
ဖုန်းပေါ်နံပါတ်စိမ်းတစ်လုံးက နေရာယူ
နေတယ်။" ဟဲလို Junban ပြောနေပါတယ်။"
"..........."
" ဗျာ....ဟုတ်ကဲ့။ ဘယ်ဆေးရုံလဲခင်ဗျာ။
ကျတော်ခုချက်ချင်းလာခဲ့ပါမယ် "ကိုယ့်ဘေးအိပ်ပျော်နေသေးတဲ့ Yon mano
ရဲ့ပါးပြင်တစ်ချက်ငုံနမ်းမိတယ်။
ပြန့်ကျဲနေတဲ့ အကျီကိုကောက်ဝတ်ပြီး မှန်တင်ခုံပေါ် စာလေးတစ်ကြောင်းချန်ထား
ခဲ့လေသည်။' ကိုယ့်ပြန်လာခဲ့မယ်။ ဒီကဘဲစောင့်နေ
ပေးပါ မင်းရဲ့Junban 'ခုနဆက်သွယ်လာတဲ့နေရာကို သူအမြန်ရောက်အောင်လာခဲ့လေသည်။ အဖေတက်နေတဲ့ဆေးရုံမို့ ရောက်လက်စ အဖေကိုလည်း ဝင်ကြည့်သွားရမယ်။ အဖေဟာအသက်အရွယ်ကြောင့်ကျန်းမာရေးချို့ယွင်းလာတယ်။
ကြောင့် ကျောင်းပြီးခါစ ဘာမှာမလုပ်တတ်
မကိုင်တတ်ပါဘဲ စီးပွားရေးတွေကိုသူမှာ
မနိုင်မနင်းလုပ်နေရသည်။ ခဏလေးစိတ်ထွက်ပေါက်အနေနဲ့ ကလပ်သွားခဲ့ရာမှာ Yon Manoနှင့်ဆုံဆည်းခွင့်ရခဲ့သည်။ သူမျက်စီရှေ့မှာ နတ်သမီးလေးတစ်ပါးတွေ့လိုက်ရတော့ ဘယ်ဘက်ရင်ဘတ်ကလှပ်ခနဲဖြစ်သွားတာ ဘာကြောင့်လဲ။ သူမအကြောင်းရောက်လာတော့ နှလုံးသားထဲ နွေးခနဲပါဘဲ။ Yon Mano
ဆီအမြန်ပြန်ချင်တဲ့ စိတ်ကြောင့်ကားကိုအရှိန်အနည်းငယ်တင်လိုက်သည်။" ကား accident နဲ့ရောက်လာတဲ့ သူရဲ့ နောက်ဆုံးခေါ်ဆိုထားတဲ့ဖုန်းနံပါတ်အတိုင်း ဒေါက်တာတို့ဆက်သွယ်လိုက်ရတာပါ "
YOU ARE READING
နှောင်ကြိုးရဲ့အလွန်
Fanfictionကျမမှာ အန်ကန်သမီးတင်တောင်းဖို့ ကြိုးလေးတစ်ချောင်းနဲ့ချည်နှောင်ထားတဲ့ ချစ်ခြင်းမေတ္တာတရားတစ်ခုဘဲရှိတာပါ။ အဲဒီချစ်ခြင်းမေတ္တာနဲ့ဘဲ အန်ကန်သမီးတင်တောင်းမှာပါ Manoban >>>> နီနီ ဥယျဉ်ထဲမှာ နီနီ ပျိုးထားတဲ့ပန်းက ဒီတစ်ပင်တည်းသာ၊ အဲဒီအပင်လေး နေရောင်ခြည်ရပြီ...