သူအိမ်မက်ကလန့်နိုးလာခဲ့တယ်။
မပီပြင်ဝိုးတဝါးနဲ့ ကျောခိုင်းသွားတဲ့
အရိပ်တစ်ခုကြောင့် တစ်ကိုယ်လုံးချွေးတွေ
နဲ့စိုရွှဲနေပြီး၊ရင်ထဲမှာလည်းတဆစ်ဆစ်
နာကျင်နေတယ်။
အိမ်မက်ထဲ ဝမ်းနည်းမူတွေက၊နိုးလာတာတောင်နာကျင်နေဆဲ။
သူ ကိုကျောခိုင်းထွက်သွားခဲ့တာ၊ဘယ်သူလဲ ကျောပြင်ကိုသာဝိုးတိုးဝါးတားမြင်လိုက်ရသည်မို့ ဘယ်သူလဲမသဲကွဲချေ။
အပြင်ကြည့်တော့မိုးလင်းနေပြီ။
စောင်တွေကြားရုန်းကန်ထမည်ဆဲဆဲ Jisooyaa
ဝင်လာလေသည်။
" Manoနိုးပြီလား နိုးရင်ထတော့
ရေချိုးပြီးမနက်စာလာစား
ဒီနေ့သင်တန်းသွားရမှာမလား "
" အင်း
Jisooyaaဒီနားလာခဲ့ပါလား "
" ဘာလုပ်မလို့လဲ ထတော့မြန်မြန် "
လူကိုကြည့်ပီး မနက်စောစောစီးစီး
လာချွဲနေတဲ့ချွဲစိန်မလေး လက်နစ်ဖက်မြင့်ကာအတင်းဆွဲထူခိုင်းနေတယ်။ မထူရင် အိပ်ယာပေါ်က ဒီတစ်သက်ထွက်တော့မှာ မဟုတ်။
ဆွဲထူပေးလိုက်တော့မှ ကိစ္စာကပီးသွားလေတော့သည်။
" ဒါကြောင့်မို့ Jisooyaa ကိုချစ်တာ မွမွ "
" ဟာ ဒီကောင်မလေး၊ညစ်ပတ်လိုက်တာ
မျက်နှာမသစ်ဘာမသစ်နဲ့ "
" ချစ်လို့ကိုး "
လျှာလေးထုတ်ပြောင်ပြကာ အခန်းထဲကပြေးထွက်လာခဲ့သည်။
~~~~~~~~~~~~~
သူ သင်တန်းရောက်တာနဲ့ခန်းမကြီးထဲတန်းတန်းမတ်မတ်လျှောက်လာခဲ့တယ် ။
တစ်စုံတစ်ယောက်များရှိလေမလား
ဆိုတဲ့မျှော့်လင့်ချက်နဲ့အတူ ခန်းမထဲဝင်ခဲ့
လိုက်တယ်။
ဟူးးးးးး !သက်ပြင်းတစ်ချက်မှုတ်ထုတ်မိပြန်တယ်။ တိတ်ဆိတ်နေတဲ့ခန်းမထဲ စိတ်ပျက်လက်ပျက်လှဲချပြီးမျက်လုံးမှိတ်ထားလိုက်တော့တယ်။တွေ့ချင်နေတဲ့သူ မတွေ့ရတော့ ၊လစ်ဟာသွားတဲ့နှလုံးသားဟာ ဟင်လင်းပြင်ကြီးလို့ ထပ်တွေ့ချင်တဲ့ ဒီအပြုံး ဒီမျက်ဝန်းတွေ
ခဏတာတွေ့ခဲ့ရလို့ လွမ်းတယ်ဆိုတဲ့
စကားပြောလို့ဖြစ်ပါမလား!တွေ့ခဲ့ရင်ရော ဘာပြောရမှာလဲ
သူမျက်နှာလေးရော ငေးကြည့်ခွင့်ပြုပါမလား။တစ်ယောက်တည်း အတွေးတွေနဲ့ ချာချာလည်နေသည်။
YOU ARE READING
နှောင်ကြိုးရဲ့အလွန်
Fanfictionကျမမှာ အန်ကန်သမီးတင်တောင်းဖို့ ကြိုးလေးတစ်ချောင်းနဲ့ချည်နှောင်ထားတဲ့ ချစ်ခြင်းမေတ္တာတရားတစ်ခုဘဲရှိတာပါ။ အဲဒီချစ်ခြင်းမေတ္တာနဲ့ဘဲ အန်ကန်သမီးတင်တောင်းမှာပါ Manoban >>>> နီနီ ဥယျဉ်ထဲမှာ နီနီ ပျိုးထားတဲ့ပန်းက ဒီတစ်ပင်တည်းသာ၊ အဲဒီအပင်လေး နေရောင်ခြည်ရပြီ...