Rosé တစ်ယောက်အတွေးပေါင်းများစွာနဲ့အိမ်ပြန်ရောက်လာတော့တယ်။
ကြားလာရတဲ့သတင်းက သူတို့၂ယောက်ကတွဲနေတာလေ!တဲ့
ဒါဆိုအကုန်လုံးသိကြပြီး မသိသေးတာက သူတစ်ယောက်တည်းပေါ့!!
စိတ်မြန်လက်မြန်ရှိတဲ့ Rosé တစ်ယောက် Jenအခန်းထဲဝင်လာခဲ့တော့တယ်။" နင်နဲ့ Mano တွဲနေတာလား "
တံခါးမခေါက်အသံမပေးဘဲဝင်လာတဲ့
Roséကြောင့် စိတ်စနိုးစနောင့်ဖြစ်သွားရသည်။
လက်ထဲက လက်သည်းနီစုတ်တံကို
ပုလင်းထဲပြန်ထည့်ပြီးသေချာလေ
လုံအောင်ပိတ်လိုက်သည်။" အင်း...ငါနဲ့ ဘေဘီတွဲနေတာဖြင့်ကြာလှပြီ။
နင်ကအခုမှာ ဘာတွေ ထဖောက်နေရတာလဲ "ဘေဘီ!တဲ့
သူမအံသြနေမိတာအမှန်။ဒါဆိုမနက်က Manoလဲကျတုန်း Jenကဘေဘီလို့အော်လိုက်တာ ငါ နားကြားမှားတာမဟုတ်ဘူးဘဲ!
" နင် ကိုမိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားလိမ့်မယ့်လို့ ဘယ်တုန်းကမှမထင်ခဲ့ဘူး "
Rosé အပြောကြောင့် လက်သည်းနီ ဆိုးထားတဲ့လက်ချောင်းလေးတွေ၊ခြောက်အောင်မှုတ်နေရာမှာ အကြည့်တွေကို Roséဆီဦးတည်
လိုက်သည်။"မိန်းကလေးချင်းမချစ်ရဘူးလို့
နင် ကိုဘယ်သူပြောလဲ။နင် လည်း ဘေဘီကိုစိတ်ဝင်စားနေတာလို့တော့မပြောနဲ့နော်။
ညီမချင်းဆိုပေမယ့် မုန့်ဘဲမျှဝေစားမယ်။
အချစ်ကတော့ မျှဝေမပေးနိုင်ဘူး။ရှင်းတယ်နော် "Roséမျက်နှာကသူခိုးလူမိသွားသလို အိုးတိုးအမ်းတမ်းကြီးဖြစ်သွားတာ
သူ မြင်လိုက်သည်။Rosé လည်း ဘေဘီကိုစိတ်ဝင်စားနေတယ်ဆိုတာ သူမ ရိပ်မိနေခဲ့တာကြာပြီ။" ငါ ရေချိုးတော့မလို့ နင် ပြန်ရင်တံခါး Lockလေးချထားပေးခဲ့... "
Rosé ဟာစိတ်ဆိုးမာန်ဆိုးနဲ့တံခါးကို ငြင်ငြင်သာသာဆောင့်ပိတ်သွားလေသည်။ကိစ္စာမရှိပါဘူး။သူ အသည်းဘယ်လိုကွဲမလဲဆိုတာ
ထမင်းစားခန်းရောက်ရင် သိမှာမို့အေးဆေး
ရေချိုးပြီးမှာဆင်းလာခဲ့တော့တယ်။" နင် အသည်းကွဲနေတာလား"
ဇလုံထဲ ကင်ချီနဲ့ထမင်းကို
ပယ်ပယ်နယ်နယ် သမနေသော Rosé
ကိုရေခွက်ရေထည့်ရင်းမေးလိုက်သည်။
YOU ARE READING
နှောင်ကြိုးရဲ့အလွန်
Fanfictionကျမမှာ အန်ကန်သမီးတင်တောင်းဖို့ ကြိုးလေးတစ်ချောင်းနဲ့ချည်နှောင်ထားတဲ့ ချစ်ခြင်းမေတ္တာတရားတစ်ခုဘဲရှိတာပါ။ အဲဒီချစ်ခြင်းမေတ္တာနဲ့ဘဲ အန်ကန်သမီးတင်တောင်းမှာပါ Manoban >>>> နီနီ ဥယျဉ်ထဲမှာ နီနီ ပျိုးထားတဲ့ပန်းက ဒီတစ်ပင်တည်းသာ၊ အဲဒီအပင်လေး နေရောင်ခြည်ရပြီ...