ခေါင်းအနည်းငယ်နောက်ကျိကျိနဲ့နိုး
လာတဲ့သူဟာ ညာဘက်လွှတ်နေတဲ့နေရာကြောင့်ငေါက်ခနဲထထိုင်မိတယ်။ဘေဘီ!
တင်းကျပ်နေတဲ့ ဘယ်ဘက်လက်ကြောင့်
ငုံကြည့်မိသည်။ သူလက်ဆုပ်ကိုင်၍ကုတင်
ပေါ်ခေါင်းတင်အိပ်ပျော်နေတဲ့ ဘေဘီ။
ဘေးမှာလည်းရေဇလုံနှင့်ပဝါတစ်ထည်ရှိ
နေလေသည်။
ကြည့်ရတာ ညတုန်းကသူအဖျားတက်ပုံ
ပေါ်တယ်။ သန့်စင်ခန်းသွားချင်တာမို့
ဘေဘီလက်အသာလေးဖြည့်ကြည့်မိသည်။
ဖြေလျော့မသွားသည့်အပြင် ပိုတင်းကျပ်
သွားလေသည်။ နဖူးကဆံနွယ်တွေကို
ဖွဖွလေးထိတွေ့မိတယ်။" ခုချိန်ထိဘေဘီကိုပိုင်ဆိုင်ခွင့်ရ
တာဟာ အိမ်မက်များလားတွေးမိနေတုန်း။
ခုလိုဘဲဘေးနားအကြာကြီး ချစ်နေပေးမှာ
မလား."" သေချာတာပေါ့ အချစ်ရယ်။ ဘယ်တော့မှာ
မခန်းတဲ့ပင်လယ်ရေလို ဘေဘီအချစ်တွေ
ကလည်း သူတို့နဲ့အတူရှိနေလိမ့်မယ်။
နိုးနေတာကြာပြီလား။ဘေဘီကိုနိုးလိုက်
ရော့ပေါ့။ခေါင်းကိုက်နေသေးလား။
မနက်စာစားပြီးဆေးခန်းသွားရမယ်နော် "သူလက်ဖြည်လျော့နေတဲ့ နီနီကြောင့် သူနိုးလာခဲ့သည်။ တင်းနေတဲ့ လည်ပင်းကို ဘယ်ညာလှည့်လိုက်တော့ ဂျိုးဂျိုးကျွတ်ကျွတ်အသံ
တြွေမည်ကုန်တယ်။
နီနီနဖူးစမ်းကြည့်တော့ ခပ်နွေးနွေးသာကျန်တော့သည်။ စိတ်ချရအောင်ဆေးခန်းသွား
မြှဖစ်မည်။" ဘေဘီနိုးနေတာဘဲ။ အပေါ်တက်
အိပ်တာမဟုတ်ဘူး။ လည်ပင်းတော့
နာနေတော့မှာဘဲ။ညကအဖျားတက်သေး
တာလား။ နီနီ ကိုရေပတ်တင်ပေးရတော့
ဘေဘီတစ်ညလုံးမအိပ်ရသေးဘူးပေါ့။
နီနီကြောင့် ဘေဘီပင်ပန်းသွားရပြီ "" ဘေဘီ မပင်ပန်းပါဘူး နီရယ်။
တော်ပါသေးရဲ့ညကအဖျားကျသွားလို့
ဘာလို့ ဘေဘီမျက်နှာဘဲကြည့်နေရတာလဲ။
အရမ်းချောလာလို့လား။ "" ဘေဘီမှာ နီနီကိုပြောစရာတစ်ခုခုများ
မရှိဘူးလား "သူတို့ကြား စက္ကန့်အနည်းငယ်တိတ်ဆိတ်
သွားတယ်။" ဘေဘီမှာ နီနီကိုမပြောပြရသေးတဲ့အကြောင်းအရာတစ်ချို့ရှိတာ ဝန်ခံပါတယ်။တစ်နေ့နေ့တော့ ဘေဘီပြောပြမှာပါ။
ဘယ်နေ့လဲဆိုတာတော့ ဘေဘီကိုယ်တိုင်မသိဘူး။အဲဒီနာကျင်စရာ အပိုင်းအစတွေကို ဆွဲထုတ်ပြဖို့ ဘေဘီကိုယ်တိုင်အချိန်
လိုနေသေးလို့ပါ နီရယ်။
YOU ARE READING
နှောင်ကြိုးရဲ့အလွန်
Fanfictionကျမမှာ အန်ကန်သမီးတင်တောင်းဖို့ ကြိုးလေးတစ်ချောင်းနဲ့ချည်နှောင်ထားတဲ့ ချစ်ခြင်းမေတ္တာတရားတစ်ခုဘဲရှိတာပါ။ အဲဒီချစ်ခြင်းမေတ္တာနဲ့ဘဲ အန်ကန်သမီးတင်တောင်းမှာပါ Manoban >>>> နီနီ ဥယျဉ်ထဲမှာ နီနီ ပျိုးထားတဲ့ပန်းက ဒီတစ်ပင်တည်းသာ၊ အဲဒီအပင်လေး နေရောင်ခြည်ရပြီ...