ခေါင်းငုံနေတဲ့ သူပခုံးကိုအန်ကန်ဟာ တစ်ချက်ပုတ်၍ထွက်သွားတာ အချိန်တစ်ခုကြာခဲ့လေပြီ။ သူအင်အားတွေချိနဲလာသလို ခံစားလာရတယ်။ မေတ္တာနဲ့ထွေးတိုင်းမနွေးနိုင်ပါလားဆိုရင် အဲဒီမေတ္တာကိုနွေးသွားအောင် ပလာတာကင်တဲ့ မီးဖိုထဲထည့်ပြီးနွေးအောင်လုပ်မယ်။
" Manoban.... "
ဆတ်ခနဲလှည့်ကြည့်လာတဲ့ ဘေဘီအကြည့်မှာ
နွေးထွေးမူတွေပါမနေ။ စိမ်းသက်တဲ့အကြည့်တွေနဲ့ လက်နေတဲ့မျက်ဝန်းမှာ မာနတွေကပ်ငြိနေတယ်။" ပြော...."
".........."
" ပြော...ကျမ မျက်ဝန်းကိုစိုက်ကြည့်ပြီး ပြော
ကျမကို ဘယ်တုန်းကမှ တကယ်မချစ်ခဲ့ဘူး။ကျမကိုပေးခဲ့တဲ့ ကြင်နာမူ၊နွေးထွေးမူတွေ
ဟာ အတုအယောင်ဘဲလို့။ ကျမ ခန္ဓာကိုယ့်ကို ထိတွေ့ခဲ့တဲ့ ဟော့ဒီလက်တွေဟာလည်း ချစ်ခြင်းမပါတဲ့ ရမ္မက်တစ်ခုတည်းနဲ့ဘဲထိတွေ့ခဲ့တာလို့ပြော...."နီ လက်တွေဆုပ်ကိုင်ပြီး မျက်ဝန်းချင်းဆုံစွာပြောမိတဲ့စကားတွေ။ တကယ်တန်းအဲလိုပြောလာခဲ့မှာလည်း သူကြောက်တယ်။ နီ ဟာသူအတွက်နဲ့ဆို ဘာမဆိုလုပ်ရဲတာမို့။
သူအဖြစ်ဟာ လှေလှော်ရင်တက်ကျိုးရတော့
မလို။" အဲလိုအကြည့်တွေကိုမလွှဲနဲ့။ နောက်တစ်
ကြိမ် ကျမ ရှင်ရှေ့ပေါ်လာနိုင်မှာမဟုတ်လို့
ကျမမျက်လုံးတွေကို ကြည့်ပြီးပြော။ အရာအားလုံးဟာ ခဏတာသာယာမူအတွက် ဖန်တီးယူခဲ့တာပါလို့...."တဆတ်ဆတ်တုန်နေတဲ့ အဲဒီနှုတ်ဖျားက ဘာမှပွင့်အံကျမလာ။ ဘေဘီသိတာပေါ့။ ဘေဘီအပေါ် နီလောက်ချစ်ပေးနိုင်မယ်သူမရှိဘူးဆိုတာ။ အမေရင်းကတောင် ဘေဘီကိုစွန့်ပစ်ထားခဲ့တာ။
စိတ်ဒဏ်ရာတွေနဲ့ နွမ်းကြွနေခဲ့တဲ့ ပန်းတစ်ပွင့်ကို သူမရဲ့အချစ်တွေနဲ့ ပေါင်းသင်းလို့ပြုစုပျိုးထောင်ပေးခဲ့တာ။ သူမကိုသူမနာကျင်မူဆိုတဲ့ မြေဩဇာပါလောင်းထည့်ပြီး သူကိုပျိုးပေးခဲ့တာ။ သူအပေါ်ချစ်ခြင်းတရားတွေနဲ့ ပက်ဖြန်းပြီး ရှင်သန်ကြီးထွားစေခဲ့တာ။
" ငါ.. နင်...ကို..ဘယ်..တုန်း..ကမှာ..မချစ်ခဲ့ဘူး "
တစ်လုံးချင်းထွက်ကျလာတဲ့ ခြောက်ကပ်ကပ်စကားသံဟာ သူအတွက်ဟာသတစ်ပုဒ်လို
မရယ်နိုင်ခဲ့။
YOU ARE READING
နှောင်ကြိုးရဲ့အလွန်
Fanfictionကျမမှာ အန်ကန်သမီးတင်တောင်းဖို့ ကြိုးလေးတစ်ချောင်းနဲ့ချည်နှောင်ထားတဲ့ ချစ်ခြင်းမေတ္တာတရားတစ်ခုဘဲရှိတာပါ။ အဲဒီချစ်ခြင်းမေတ္တာနဲ့ဘဲ အန်ကန်သမီးတင်တောင်းမှာပါ Manoban >>>> နီနီ ဥယျဉ်ထဲမှာ နီနီ ပျိုးထားတဲ့ပန်းက ဒီတစ်ပင်တည်းသာ၊ အဲဒီအပင်လေး နေရောင်ခြည်ရပြီ...