Shopping Mall ထဲမှာ များပြားလှတဲ့လူတွေကြားထဲ ထူးခြားလှတဲ့ကောင်မလေးနှစ်ယောက်လည်းရှိနေလေသည်။ လက်ချင်းတွဲချိတ်လို့ ပျော်ရွှင်ကြည်နူးနေပုံက Mall တစ်ခုလုံးမှာ သူတို့နှစ်ယောက်ဘဲရှိသည့်အလား။
သူတို့ချင်းအကြည့်ချင်း၊အပြုံးချင်းဖလှယ်တတ်ကြသလို၊လူလစ်ရင်လစ်သလိုအနမ်း
ချင်းလည်းဖလှယ်တတ်ကြပြန်သေးတယ်။
(မလစ်ရင်လည်းလုပ်ပါတယ်လစ်ကြီးက😂)" ဟဲ့ ....ဟိုမှာ လီဆာမလား "
" ဟင်.... ဘယ်မှာလဲ။
ဟုတ်လို့လားသေချာမှမမြင်ရတာ "" ငါတို့မသိမသာလေးသွားကြည့်ကြမယ်လေ။
ဟုတ်တော့လည်းမြင်ဖူးတာပေါ့။ လီဆာ အပြင်မှာမြင်ဖူးရမှာလွယ်တာမှတ်လို့။
လာပါသေချာအောင်သွားကြည့်ရအောင် "" ဟီး..ဟုတ်ရင် ငါကတော့ လက်မှတ်ထိုးခိုင်းအုံးမယ် "
" ငါကတော့ ဓာတ်ပုံလေးတစ်ပုံလောက်
တွဲရိုက်ရရင်သေပျော်ပါပြီ "" သူဘေးနားက သူဇနီးထင်တယ်နော်။ သူကလက်ထပ်ပြီး အနုပညာအလုပ်တွေ နားလိုက်ပြီတဲ့ နှမြောစရာကြီး။ ငါတို့ ဓာတ်ပုံရောရိုက်ရပါမလား "
သို့လောသို့လောနဲ့ဘေဘီ နောက်ကထွက်လာတဲ့စကားသံတစ်ချို့ကြောင့် သူဘေဘီကိုကြည့်မိသည်။ ဘာမှမဖြစ်သလိုနဲ့ သူကော်ဖီခွက်ထဲသကြားတစ်ဇွန်းထည့်၍ သေချာမွှေနေလေသည်။
" နီ နို့ထည့်အုံးမလား။ ဘေဘီခွက် နို့ထည့်ထားတာ သောက်ကြည့်။ ကြိုက်ရင်ထည့်ပေးမယ် "
နီ ဆီကစကားသံစောင့်နေတုန်း မြင်ကွင်းထဲဝင်လာတဲ့ ပုံရိပ်ကြောင့် အကြည့်တွေကိုလွှဲလိုက်သည်။ ထို့နောက် နီနီရဲ့ညာဘက်ပြောင်းထိုင်လိုက်သည်။ အဲဒီတော့မှာ သူရှေ့က သာလိကာတစ်အုပ်နဲ့ဆုံပါလေတော့သည်။
" လီဆာမှ လီဆာအစစ် "
" ငါပြောသားဘဲ လီဆာပါလို့။ အပြင်မှာပိုချောတယ်။ နှစ်ယောက်လုံးကချစ်စရာလေး။ တကယ်လိုက်ဖက်တဲ့အတွဲဘဲ "
" သူတို့ကြည့်ပြီးအားကျလိုက်တာ။
စတယ်လာ ငါတို့တွဲကြမလား "" ချီးဘဲ..."
တစ်ယောက်တစ်ပေါက် ပေါက်ပေါက်ဖေါက်နေကြတဲ့ ဆယ့်ကျော်သက်လေးတွေကို သူပြုံးပြလိုက်တယ်။ အဲဒီတော့မှာ လက်ပံပင် ဆက်ရက်နားသလို ပိုဆူညံသွားတော့တယ်။
YOU ARE READING
နှောင်ကြိုးရဲ့အလွန်
Fanfictionကျမမှာ အန်ကန်သမီးတင်တောင်းဖို့ ကြိုးလေးတစ်ချောင်းနဲ့ချည်နှောင်ထားတဲ့ ချစ်ခြင်းမေတ္တာတရားတစ်ခုဘဲရှိတာပါ။ အဲဒီချစ်ခြင်းမေတ္တာနဲ့ဘဲ အန်ကန်သမီးတင်တောင်းမှာပါ Manoban >>>> နီနီ ဥယျဉ်ထဲမှာ နီနီ ပျိုးထားတဲ့ပန်းက ဒီတစ်ပင်တည်းသာ၊ အဲဒီအပင်လေး နေရောင်ခြည်ရပြီ...