" ချိုတယ်မလား "
" မချိုပါဘူး။ နီနီ ပန်းသီးနဲ့လဲစားရ
အောင်နော် "" ဟာ...မလဲပါဘူး။ အဲဒီပန်းသီးတော့ကုန်အောင်စားရမယ်နော်။ ထမင်းလည်းကောင်းကောင်းမစားဘူး။ဒါပြီးရင် နောက်ထပ်ဘာမှာစားလို့မရတော့ဘူးဆိုတာ သိတယ်မလား "
ချိုတဲ့ပန်းသီးကိုသာ ဘေဘီကိုမြည်းစမ်း
ကာပေးထားတာမို့ ချိုမည်မှာဧကန်မလွှဲ။
သူလက်ထဲကပန်းသီးကတော့ မချိုသလိုမွဲခြောက်နေသေးတယ်။ Rosé တစ်ယောက်မျက်လုံးမှိတ်ပြီး များ ဝယ်လာလေသလား။" ဒါဆို တစ်ကိုက်တည်းဘဲပေးစားပါလား "
" မရဘူး။ အချစ်ပန်းသီးဘဲကုန်အောင်
စားစမ်းပါ အချစ်ရယ် "" နည်းနည်းလေး ပိစိညှာင့်တောင့်လေး
နော်ဆို...နော်လို့ဆို...."" တကယ်ပိစိညှောင့်တောင့်လေးနော် "
သူသေးသေးလိုက်ကိုက်ကာ ဘေဘီကိုခွံ
ကျွေးလိုက်သည်။ ဘေဘီဟာ ကလေးဆန်
ရင် သူဟာတည်ငြိမ်ကာရင့်ကျက်ပြမည်။
ဘေဘီဟာပြိုလဲပြရင် သူဟာထွေးပွေ့ကာသန်မာပြမည်။" ကြည့် ဘေဘီသိသားဘဲ။နီနီပန်းသီးက
မချိုဘူးဆိုတာ။ မွဲခြောက်နေတာဘဲ
မစားနဲ့တော့။ ဘေဘီပန်းသီးဘဲစား
ရအောင်နော် "" နီ အချိုတွေရှောင်နေလို့ အချစ်ဘဲစားနော်
ညနေ ၆နာရီ ခွဲခန်းဝင်ရမှာသိတယ်မလား "" ဒါကပန်းသီးဘဲလေ အချိုအစိမ့်မှာမဟုတ်တာ။ လာပါ အတူတူစားရအောင်နော် "
" အချစ်ဘဲစားပါ။ ဒါစားပြီးရင် ဘာမှာ
ထပ်စားလို့မရပါဘူးဆို။ ခွဲခန်းမဝင်ခင်
ဗိုက်ဆာနေလိမ့်မယ်။ အဲဒါကုန်ရင်
ရေချိုးရမယ် "" ဘေဘီကိုယ့်ဟာကိုယ်ချိုးမယ်လေ "
" မရဘူး။ ဟိုတစ်နေ့ကစကားနား
မထောင်တော့ဘာဖြစ်လဲ "သူရှိမယ်ထင်တဲ့ ဘယ်ဘက်ဘေဘီဟာ
ဟီးခနဲရယ်ပြတယ်။တကယ်တော့ သူဟာ
ဘေဘီရဲ့ညာဘက်ရောက်နေခဲ့လေပြီ။
မငိုပါဘဲမျက်ရည်တွေဟာ ရစ်သိုင်းလာ
တယ်။ဆုံးရှုံးသွားရပြီဆိုတဲ့အသိက
သူကိုရူးမသွားရုံပါဘဲ။ နီနီအတွက်ထပ်ရှင်
သန်ပေးလို့ကျေးဇူးတင်ပါတယ် ဘေဘီ!
YOU ARE READING
နှောင်ကြိုးရဲ့အလွန်
Fanfictionကျမမှာ အန်ကန်သမီးတင်တောင်းဖို့ ကြိုးလေးတစ်ချောင်းနဲ့ချည်နှောင်ထားတဲ့ ချစ်ခြင်းမေတ္တာတရားတစ်ခုဘဲရှိတာပါ။ အဲဒီချစ်ခြင်းမေတ္တာနဲ့ဘဲ အန်ကန်သမီးတင်တောင်းမှာပါ Manoban >>>> နီနီ ဥယျဉ်ထဲမှာ နီနီ ပျိုးထားတဲ့ပန်းက ဒီတစ်ပင်တည်းသာ၊ အဲဒီအပင်လေး နေရောင်ခြည်ရပြီ...