Happy Jenlisa Day 💕
>>>>><<<<<<
" ဘေဘီ....!"
သံစဉ်တွေက သူထင်သလိုမဟုတ်ပါဘဲ။
စားပွဲဝိုင်းဘေး လူသုံးယောက်ရဲ့ပခုံးပေါ်မှာ
လက်အနိမ့်အမြင့်လှုပ်ရှားနေတဲ့ သူတွေဆီက
တယောသံသာဖြစ်နေလေသည်။ ဒီသံစဉ်ကို
ဘေဘီက တယောနှင့်ပုံဖော်ထားသည်ဘဲ။
အခန်းပြည့်အဝါရောင်လိုက်ကာစ သည်သာ
နေရာယူထားသလို အဲဒီလိုက်ကာစမှာ
ဒေစီပန်းပွင့်လေးတွေပြေးလွှားနေတယ်။
ရှေ့မျက်နှာချင်းဆိုင်မှာ အဖြူရောင်ပိတ်
ကားတစ်ချပ်ရှိနေလေသည်။ထို့နောက်
ဝှီးချဲပေါ်မှာသတို့သမီးဝတ်စုံနှင့် မိန်းက
လေးတစ်ဦးသည် ပိတ်ကားပေါ် ထင်လင်း
စွာပေါ်လာလေသည်။ သူလက်ထဲမှာ
နေကြာပေါ်ခြံရံနေတဲ့ဒေစီပန်းစည်းတစ်
စည်းကို ဖွဖွကိုင်ထားလေသည်။" ဘေဘီ...ဒါတွေ...ဒါတွေ..."
သူတို့မင်္ဂလာဆောင်တုန်းကပုံရိပ်တွေသည်
အနှေးပြကွက်တစ်ကွက်လိုပြေးလွှားနေသည်။
သူရင်ထဲမှာလည်း အေးခနဲခံစားရသည်။
ဒီနေ့ဟာသူတို့ရဲ့မင်္ဂလာသက်တမ်း၁နှစ်တင်းတင်းပြည့်တဲ့နေ့။ ဘေဘီမေ့နေသည်လို
သူထင်ထားခဲ့တာသည် လွှဲမှားသွားလေသည်။
တယောသံသည်လည်း ငြိမ့်ညောင်းနေသည်။" ဟဲလို...Dear ကျမနဲ့တွဲ က ပေးနိုင်မလား "
သူရှေ့မုဆိုးဒူးထောက်ထိုင်ချလျှက် ဘေဘီ
သည် လက်တစ်ဘက် နှင့်ကမ်းလင့်နေသည်။
သူ ခေါင်းခါပြမိတော့မျက်ရည်တစ်စက်ဟာ
လွှင့်ခနဲ ဘေဘီပါးပြင်ပေါ်သွားစင်လေသည်။
သူလက်ဖမိုးကို နှတ်ခမ်းတစ်စုံကခပ်ဖွဖွထိ
တွေ့လာတယ်။" ကိစ္စာမရှိပါဘူး။ မ က တတ်ရင်
ကျမသင်ပေးမှာမို့ ကျမလက်ကိုသာ
ယုံကြည်စွာတွဲလိုက်ပါ "အဲဒီနေ့ကခန်းမထဲမှာ လက်ဖျားချင်းထိ
တွေ့မိရာကနေ ခုတော့ဘဝဆုံးတဲ့ထိအချစ်
တွေနဲ့မြဲမြံစွာလက်တွဲသွားကြတော့မည်။
ဒီလက်ဖျားသွယ်သွယ်လေးတွေကို သံသရာအဆက်ဆက်ထိ ထိတွေ့မိချင်ပါသည်။ သူ
ခါးပေါ်သွယ်လာတဲ့လက်တစ်ဖက်။ဆန့်တန်း
ပါသောတဲ့ သူလက်တစ်ဖက်။ယိမ်းနွဲ့လာတဲ့
သူတို့ခန္ဓာကိုယ်။တင်းခနဲဖြစ်သွားတဲ့ ခါးပေါ်ကလက်ကြောင့် သူခြေအစုံသည် ဘေဘီရဲ့ခြေဖမိုးပေါ်မှာနေရာယူသည်။ဘေဘီရင်ဘတ်ပေါ် သူမျက်နှာအပ်မိတော့ ဘေဘီလက်အစုံသည် သူခါးပေါ်လာတွယ်တယ်။တယောသံနှင့်အတူ သူတို့ခန္ဓာကိုယ်သည်လည်းလှုပ်ရှားသက်ဝင်နေသည်။
YOU ARE READING
နှောင်ကြိုးရဲ့အလွန်
Fanfictionကျမမှာ အန်ကန်သမီးတင်တောင်းဖို့ ကြိုးလေးတစ်ချောင်းနဲ့ချည်နှောင်ထားတဲ့ ချစ်ခြင်းမေတ္တာတရားတစ်ခုဘဲရှိတာပါ။ အဲဒီချစ်ခြင်းမေတ္တာနဲ့ဘဲ အန်ကန်သမီးတင်တောင်းမှာပါ Manoban >>>> နီနီ ဥယျဉ်ထဲမှာ နီနီ ပျိုးထားတဲ့ပန်းက ဒီတစ်ပင်တည်းသာ၊ အဲဒီအပင်လေး နေရောင်ခြည်ရပြီ...