ဟင့်!
အသိရဲ့နောက်ပြန်ဆွဲမိလိုက်တာက တစ်ဖက်လူရဲ့လက်ကို၊ အင့်!ခနဲအာမေဍိတ်သံ၌
သူဟာ တစ်ဖက်လူနဲ့ တံခါးကြားထိချက်ပြင်း
သွားလေသည်။
တစ်ဖက်လူက သူရင်ခွင်၌ အပြစ်လုပ်ထားတဲ့ကလေးတစ်ယောက်လို မျက်လုံးလေးကလယ်ကလယ်နဲ့မော့ကြည့်လာသည်။" နီနီလေးက ဘာလို့ဒီရောက်နေရတာလဲ။
နီနီမှန်းသိတော့ ဘေဘီဘယ်လောက်လန့်သွားတာဆိုတယ်ထင်လဲ။
ဘယ်နေရာတွေနာသွားသေးလဲဟင့် "သူမှာ ကိုယ့်နာတာထက် နီနီတစ်ခုခုဖြစ်သွားမှာသာစိုးရိမ်နေသည်။
လျှာလေးလစ်တစ်လစ်တစ်လုပ်နေတာကို အသည်းယားလို့ သူနာတာတောင်ဘယ်ရောက်သွားမှန်းမသိ။" တောင်းပန်ပါတယ်၊ နီနီကြောင့်ဘေဘီ
နာသွားပြီ။ အရမ်းနာသွားလားဟင့်၊ ဘေဘီ
ကို နီနီကစချင်လို့ တကယ်တောင်းပန်တယ်နော် အချစ်ရယ် "သူကမ်းပေးတဲ့လက်ကို အားပြုကာ ဘေဘီဟာရှုံမဲ့ကာထလာသည်။
"ဆောရီးပါ အချစ်ရယ်...
ဆောရီးပါနော် "အမှားလုပ်မိတာမို့ မျက်နှာငယ်ငယ်နဲ့
မျက်နှာရှေ့လက်ဖဝါးချင်းပွတ်တိုက်ကာ
တောင်းပန်မိတယ်။" ခုန ဘေဘီ ကိုဘယ်လိုခေါ်လိုက်တာလဲ "
အချစ်ရယ်တဲ့!
ခုန နီနီလေးက သူကိုအချစ်ရယ်
လို့ခေါ်လိုက်တာလား။" ဘေဘီ လို့ခေါ်တာလေ "
ဘေဘီ ဘာမေးမှန်းသိပေမဲ့ သူတမင်ညစ်လိုက်သည်။ဒါပေမဲ့ဘေဘီ၏ မျက်ဝန်းမှာလဲ့နေတဲ့မျက်ရည်တွေက သူရင်ကိုဖယောင်းသားလိုအရည်ပျော်စေတယ်။
တကယ်တော့ ဘေဘီဟာဝမ်းနည်းလွယ်သူ။
သူအားနည်းချက်ကို မာနဆိုတဲ့ဆူးနဲ့အလွှာပါးလေးသာကာရံနိုင်သူ!" အချစ်ရယ် ကလေးလေးရယ် "
"......"
" အချစ်ရယ်၊ အချစ်ရယ်လို့ ရင်ထဲမှာ စက္ကန့်နဲ့အမျှအော်ခေါ်နေမိနေတာ၊ဒီအချစ်လေးဘေဘီက သိပါရဲ့လား၊ ကြားရောကြားပါရဲ့လား"
" နီနီလေးရယ်၊ ဘေဘီကိုအဲလောက်တောင်
ချစ်တာလား။ဘေဘီရဲ့ဖြစ်တည်မူက နီနီအပေါ်
အရမ်းသေးငယ်နူချာသလိုခံစားလာရတယ် "
YOU ARE READING
နှောင်ကြိုးရဲ့အလွန်
Fanfictionကျမမှာ အန်ကန်သမီးတင်တောင်းဖို့ ကြိုးလေးတစ်ချောင်းနဲ့ချည်နှောင်ထားတဲ့ ချစ်ခြင်းမေတ္တာတရားတစ်ခုဘဲရှိတာပါ။ အဲဒီချစ်ခြင်းမေတ္တာနဲ့ဘဲ အန်ကန်သမီးတင်တောင်းမှာပါ Manoban >>>> နီနီ ဥယျဉ်ထဲမှာ နီနီ ပျိုးထားတဲ့ပန်းက ဒီတစ်ပင်တည်းသာ၊ အဲဒီအပင်လေး နေရောင်ခြည်ရပြီ...