* ဒေါက်...ဒေါက်*
တံခါးခေါက်သံကြောင့် Rosé ဝင်လာမှန်း
သူသိတယ်။" Rosé ငါမှာတဲ့ဆေးပါလား "
တစ်လတစ်ကြိမ်ခံစားရတဲ့ ဒီဒုက္ခလည်းကျော်လွန်ချင်နေမိတယ်။ စိတ်ဖိစီးမူတွေနဲ့ ဒီလပိုနာသလိုခံစားရတယ်။ ငိုထားမိတာကြောင့် မျက်ရိုးတွေဟာလည်း ဖွင့်မရအောင်ကိုက်နေလေသည်။သူခန္ဓာကိုယ့်ကို ပွေ့ထူခြင်းခံရတယ်။
" Rosé ဆေးပေးတော့ "
နှုတ်ခမ်းဖျားမှာတေ့လာတဲ့ဇွန်း၊နှာဖျားကအနှံတစ်ချို့ခံစားလိုက်ရတယ်။ ဒါသူကြိုက်တဲ့ မီယောဂုဘဲ။ ဘာမှမပြောတော့ဘဲ Rosé ခွံကျွေးတာစားလိုက်တယ်။ ဒါဟာသူနေမကောင်းရင် Rosé ကလုပ်ပေးနေကျ။ ဒါပေမယ့် ဒီနေ့မှာရင်ထဲမှာပိုနွေးထွေးသလိုခံစားနေရတယ်။
လက်ဖဝါးထဲရောက်လာတဲ့ ဆေးနဲ့ရေခွက်။" ကျေးဇူးပါဘဲ Rosé။ ငါခဏအိပ်လိုက်အုံးမယ်။ အော်...အဖေပြန်လာရင် ငါကိုလာနိုးပေးပါအုံး "
စောင်ခြုံပေးပြီး Rosé ထွက်သွားတဲ့ခြေသံကို သူနားစိုက်မိတယ်။
" Rosé... "
မျက်ရိုးတွေဟာ ကိုက်လွန်းအားကြီးလို့ဖွင့်မရနိုင်ခဲ့။ သူ Rosé ကိုထပ်ခေါ်လိုက်တာဟာ တိုးဖွဖွ
ဆိုပေမယ့် သေချာကြားနိုင်သည်။" Rosé "
တုံ့ပြန်သံမရှိတဲ့အခါ သူသံသယတွေကြီးထွားလာတယ်။သူအိပ်ယာပေါ် အားတင်းကာထထိုင်လိုက်သည်။ နှုတ်ခမ်းပေါ်ထိတွေ့လာတဲ့လက်တွေကိုခံစားရတယ်။ မျက်ဝန်းတွေကို အားယူဖွင့်ကြည့်လိုက်တယ်။ဝေဝါးနေတဲ့ မျက်ဝန်းအစုံဟာ ကြည်လင်လာတယ်။
ဘေဘီ !
သူရှေ့မှာ အလှဆုံးပြုံးပြပြီးသူကိုကြည့်နေတယ်။ အဲဒီမျက်ဝန်းတွေ၊အဲဒီအကြည့်တွေ၊အဲဒီအပြုံးတွေ၊အဲဒီနှုတ်ခမ်းတွေ၊ အရင်ကအတိုင်း သူရင်ထဲမှာသက်ဝင်နွေးထွေးနေဆဲပါဘဲ။
" ကြည့်လို့ဝပြီးလား ဒါဆိုနမ်းကြရအောင်။ အရမ်းနမ်းချင်နေပြီ "
သူနှုတ်ခမ်းဖျားတိုးကပ်လာတဲ့ ဘေဘီကြောင့် သူမျက်ဝန်းတွေမှိတ်ချလိုက်သည်။
YOU ARE READING
နှောင်ကြိုးရဲ့အလွန်
Fanfictionကျမမှာ အန်ကန်သမီးတင်တောင်းဖို့ ကြိုးလေးတစ်ချောင်းနဲ့ချည်နှောင်ထားတဲ့ ချစ်ခြင်းမေတ္တာတရားတစ်ခုဘဲရှိတာပါ။ အဲဒီချစ်ခြင်းမေတ္တာနဲ့ဘဲ အန်ကန်သမီးတင်တောင်းမှာပါ Manoban >>>> နီနီ ဥယျဉ်ထဲမှာ နီနီ ပျိုးထားတဲ့ပန်းက ဒီတစ်ပင်တည်းသာ၊ အဲဒီအပင်လေး နေရောင်ခြည်ရပြီ...