" မနေ့ကတည်းက သူဖြစ်နေရတာလဲ "
တစ်ယောက်တည်းစိတ်တိုနေတဲ့ Jenကိုကြည့်ရင်း သူသက်ပြင်းခိုးချမိတယ်။
မဟုတ်ရင်မဆီမဆိုင်မနေ့ကလို ဒေါသကကိုယ့်ဆီလှည့်လာအုံးမယ် ။
မနေ့ည သင်တန်းကပြန်လာပြီးကတည်းက
ဘာဖြစ်နေမှန်းကိုမသိဘူး။
သူကိုကြည့်ရင်းကိုယ်ပါ ဂေါက်ချင်ချင်ရယ်။ကိုယ့်ကိုကိုယ့်မကျေနပ်ဒေါသဖြစ်နေမိတဲ့အဖြစ်က မဆီမဆိုင်Rose'ကိုပါသွားအော်မိတယ်။ ငါ သူကိုတစ်ယောက်တည်းအကြာကြီးပြစ်ထားသလိုဖြစ်သွားတာ။
အခုတော့နာမည်လဲမသိရ၊ဘယ်မှာနေလဲမသိ။
နောက်တစ်ကြိမ်ပြန်တွေ့ရပါမလားဆိုတာ၊
မသေချာမရေရာတဲ့နေ့တွေကို ၊သူဘယ်လိုစိတ်မျိုးနဲ့ဖြတ်ကျော်ရပါတော့မလဲ။တစ်ညလုံးကောင်မလေးအကြောင်းစဉ်းစားပြီး
အိပ်မပျော်နိုင်ခဲ့။ အဲဒီအပြုံးတွေ အဲဒီမျက်ဝန်းတွေကို သူထပ်မြင်ခွင့်ရပါမလားဆိုတဲ့စိတ်က
လူကိုနေမထိထိုင်မသာ၊ရင်ကိုပူလောင်စေတယ်။ ဘယ်သွားသွား ဘာလုပ်လုပ်
သူမျက်နှာလေးဘဲမြင်နေမိတာ။သူကိုထပ်တွေ့ချင်တဲ့စိတ်တွေ၊မတွေ့ရရင်ဆိုတဲ့စိတ်နဲ့တောင် ရင်ထဲလှိုက်ခါဝမ်းနည်းနေရသည်။ ရင်ဘတ်ကြီးကဟာတာတာနဲ့ ဘာလိုအပ်နေမှန်းမသိ။သေချာတာကတော့ သူကောင်မလေးကိုထပ်တွေ့ရမှာဖြစ်လိမ့်မယ်။
မဟုတ်ရင် သူရူးသွားမလားတောင်မသိတော့ဘူး။" ဘယ်ထွက်သွားတာလဲ ကောင်မလေးရယ် ပြန်လာခဲ့ပါလား။ ကျမရှိတဲ့နေရာကျေးဇူးပြု
ပြီးပြန်လာပေးပါလား "အဲဒီနေ့က ကောင်မလေးကိုကုန်းပိုးပြီး
Taxiဌားကာဆေးရုံခေါ်လာခဲ့တယ်။" ဘာမှာမဖြစ်ဘူး။ခဏနေသူသတိရလာလိမ်မယ်။ဆေးသွင်းတာကုန်ရင်ပြန်လို့ရပြီနော် သမီး "
" ဟုတ်ကဲ့ , ကျေးဇူးပါဒေါက်တာ "
သူ နိုးလာရင်ပြန်လို့ရအောင် ငွေသွားရှင်းထားအုံးမှာဘဲ!အဲဒါကသူရဲ့မဟာအမှားကြီးဘဲ။ ဒီလိုသာဖြစ်လာမှာမှန်းသိရင်၊ကောင်မလေးဘေးတစ်ဖဝါးမှခွာမိမှာမဟုတ်ဘူး။ခုတော့.......
ကောင်တာက ငွေရှင်းပြီးပြန်အထွက်မှာဘဲ
သူအတွက် ကံဆိုးမိုးမှောင်ကျလာတော့သည်။
YOU ARE READING
နှောင်ကြိုးရဲ့အလွန်
Fanfictionကျမမှာ အန်ကန်သမီးတင်တောင်းဖို့ ကြိုးလေးတစ်ချောင်းနဲ့ချည်နှောင်ထားတဲ့ ချစ်ခြင်းမေတ္တာတရားတစ်ခုဘဲရှိတာပါ။ အဲဒီချစ်ခြင်းမေတ္တာနဲ့ဘဲ အန်ကန်သမီးတင်တောင်းမှာပါ Manoban >>>> နီနီ ဥယျဉ်ထဲမှာ နီနီ ပျိုးထားတဲ့ပန်းက ဒီတစ်ပင်တည်းသာ၊ အဲဒီအပင်လေး နေရောင်ခြည်ရပြီ...