" Jen ,Mano ဒီနေ့ဘဲဟိုပြန်သွားပြီ။ နင်ကို ကိုယ့်ကိုကိုယ့်ဂရုစိုက်နေပါတဲ့ "
အချိန်တွေဟာမရပ်တန့်ပါဘဲ လှုပ်ရှားနေတဲ့
သူရဲ့လက်တွေဟာ ရပ်တန့်ကုန်တယ်။နင်လိုချင်တာဒါဘဲမလား Jennie Kim !
ဘေဘီဘဝသာ အမြင့်မှာလင်းလက်နေမယ်
ဆိုရင် သူဘဝကို ဝှီးချဲပေါ်ထိုင်ပြီးကျေနပ်
နိုင်ပါတယ်။" အော်..မေ့တော့မလို့ သူဟိုမှာဘဲအခြေချတော့မယ်တဲ့။ "
အိမ်ကို ထမင်းစားလာတဲ့နေ့ကတည်း ဘေဘီဟာထပ်မရောက်လာခဲ့တာဘဲ။ ကြည့်ရတာ သူတို့အဆင်ပြေသွားပုံပေါ်ပါတယ်။
လှည့်ထွက်လာတဲ့ ဝှီးချဲ့ဟာဦးတည်ရာလမ်းတွေပျောက်ကုန်တယ်။
သူကိုတောင် နှုတ်ဆက်မသွားဘူးဘဲ။နင်ဘဲ.....နင်ဘဲအဝေးကိုထပ်တွန်းလွှတ်ခဲ့တာလေ။ဘာလို့ ခုမှာနင်မျက်ရည်တွေကျနေရတာလဲ Jennie Kim။ ဒါနင်ပျော်ရမယ့်ကိစ္စာလေ နင်ဖြစ်ချင်သလိုဖြစ်လာခဲ့ပြီးဘဲ!
" Jen...Jen ...အိပ်ပျော်သွားတာလား။ ဒီဘက်
ကမှာ နင်ခြံထဲဆင်းလို့မရတာ "လှေကားထစ်ဘက် ဦးတည်နေတဲ့ ဝှီးချဲကို သူကမန်းကတန်းလှမ်းဆွဲလိုက်နိုင်လို့တော့သေးတယ်။ စိတ်နဲ့လူနဲ့ ကင်းကွာသွားတာလဲ ဟိုရင်တုန်းအတိုင်းထပ်တွေ့လာရတယ်။
" Rosé ငါကိုဘေဘီအခန်းလိုက်ပို့ပေးပါလား "
" အင်း....ငါခေါ်သွားပေးမယ် "
သူစွေ့ခနဲ Jenကိုပွေ့ချီလိုက်တယ်။ မကြာမကြာပွေ့ချီနေကျမို့ထင်တယ်။ ချီလိုက်တာနဲ့ စွေ့ခနဲပါလာတယ်။
" ခုမှာငိုမနေနဲ့ ဒီတစ်ကြိမ်လဲနင်ဘဲ သူကို
တွန်းလွှတ်လိုက်တာ "" သူ ငါနားနေရင် သူအနာဂတ်တွေကို ငါကိုယ်တိုင်ဖျက်စီးပစ်သလိုဖြစ်သွားမယ်
ဆိုတာ နင်လည်းသိနေတာဘဲမလား "" အေး....ခုလိုငိုပြီး တစ်သက်လုံးပေးဆပ် ချစ်နေလိုက်။ အချစ်သူရဲကောင်းမကြီး "
သူတန်းတန်းမတ်မတ်ဘဲ Mano အခန်းထဲဝင်လာခဲ့သည်။ နေ့တိုင်းသန့်ရှင်းရေးလုပ်ထားတာမို့ အခန်းဟာလူနေတဲ့အတိုင်းသပ်ရပ်နေတယ်။နောက်ကဒေါ်ကြီးယူလာပေးတဲ့ ဝှီးချဲပေါ် Jenကိုထိုင်စေတယ်။
YOU ARE READING
နှောင်ကြိုးရဲ့အလွန်
Fanfictionကျမမှာ အန်ကန်သမီးတင်တောင်းဖို့ ကြိုးလေးတစ်ချောင်းနဲ့ချည်နှောင်ထားတဲ့ ချစ်ခြင်းမေတ္တာတရားတစ်ခုဘဲရှိတာပါ။ အဲဒီချစ်ခြင်းမေတ္တာနဲ့ဘဲ အန်ကန်သမီးတင်တောင်းမှာပါ Manoban >>>> နီနီ ဥယျဉ်ထဲမှာ နီနီ ပျိုးထားတဲ့ပန်းက ဒီတစ်ပင်တည်းသာ၊ အဲဒီအပင်လေး နေရောင်ခြည်ရပြီ...