- 29 -

1.6K 107 8
                                    

" သမီးတို့လည်း ဟိုပြန်တော့မယ်ဆိုတော့
အဖေလည်းမတားချင်ပါဘူး။ ဒီအဖေအိုကြီး
ကို ပစ်ထားချင်ကြတဲ့ သမီးနှစ်ယောက်ကြောင့် အဖေဘဝနဲ့အဖေရှိပါစေတော့ "

ယောက်ျားကြီးတန်မဲ့ သမီးတွေရှေ့မျက်ရည်ချူပြနေတဲ့ Junban ကိုသူမအမြင်ကတ်နေတော့သည်။ ဒါဟာကလေးတွေကို သတ်သတ်စိတ်မကောင်းဖြစ်အောင် လုပ်နေတာနဲ့တူနေသည်ကို လူကြီးဖြစ်ပြီးမတွေးမိလေသလား!

" ဒီမှာ....ရှင်အတွက်လူကြီးစောင့်ရှောက်ဂေဟာ
ရှိတယ်။ကျမ မပြန်ခင်လိုက်ပို့ပေးထားခဲ့မယ်။ ကလေးတွေရှေ့ယောက်ျားကြီးတန်မဲ့ မျက်ရည်ကျနေရတယ်လို့ "

" ကိုယ့်ကလူကြီးစောင့်ရှောက်ဂေဟာမနေ
ချင်ပါဘူး။ မင်းစောင့်ရှောက်မဲ့ ဂေဟာလေး
ထဲမှာဘဲ နေချင်တာ "

Junban ရဲ့အနှောင့်အသွားမလွှတ်တဲ့စကား
တွေကြောင့် ကလေးတွေရှေ့သူမရှက်သွားရသည်။ ကလေးနှစ်ယောက်က သူတို့နှစ်ယောက်ကို ပြုံးစီစီနှင့်ဘယ်ညာတစ်လှည့်စီလိုက်ကြည့်
နေကြတယ်။

" ဒီအသက်အရွယ်ရောက်နေပြီ။ကလေး
ကလားစကားတွေပြောမနေနဲ့ "

" ကိုယ်ငယ်မူပြန်နေတယ်လို့ဘဲ သဘောထားလိုက်ပါကွာ "

သူစကားကြောင့် သမီးနှစ်ယောက်သည်
ခေါင်းချင်းဆိုင်လျှက် ခွီခနဲရယ်ကြသည်။
သမီးတွေကို Junban မရှက်တော့ပါဘူး။
ဒီတစ်ကြိမ်တော့ Yon Mano
ကို သူလက်လွှတ်အရှုံးခံမည်မဟုတ်။

" အ...မေ....အမေ ကျမတို့မရှိရင်
အဖေကိုစောင့်ရှောက်ပေးဖို့ အဖေကိုအမေဆီအပ်ခဲ့ပါရစေ။ အဖေကကျန်းမာရေးလည်း
သိပ်မကောင်းတော့ဘူး။စောက်ရှောက်ရေးဂေဟာကိုတော့ အဖေကိုမပို့လိုက်ပါနဲ့။
အမေဂေဟာကိုဘဲခေါ်သွားလိုက်ပါနော် "

Jennie စကား၌ သူမမျက်ရည်တွေဝဲတက်လာ
ရသည်။ သူမကိုတစ်ချိန်လုံးသမီးဖြစ်တဲ့Mano
ကြောင့် ရန်စောင်နေခဲ့တာ။ သူမကိုဒေါသတွေနဲ့
ကြိတ်မနိုင်ခဲမရဖြစ်နေတဲ့ ဒီကလေးက သူမကို
အမေတဲ့။ သူမသမီးကို အရမ်းချစ်တယ်
ဒီကလေးမလေး။ သူဘဝတစ်ခုလုံးနဲ့တောင်လဲ
လို့သူမသမီးကိုချစ်ပြရဲ့ခဲ့တဲ့ဒီကလေးမလေး။

နှောင်ကြိုးရဲ့အလွန်Where stories live. Discover now