" လီဆာ အဆင့်သင့်ဖြစ်ပြီးလား၊ ကင်မရာသမားရောက်နေပြီနော် "
" ဟုတ်ကဲ့ , Lrene ကျမအဆင့်သင့်ဖြစ်ပြီ "
မာမီက သူကိုမိတ်ကပ်တြွေပင်ဆင်ပြီးပြီးမို့ အပြင်မှာ သူငယ်တွေသွားငမ်းနေလောက်ပြီ။အနည်းငယ်မို့အစ်နေတဲ့ မျက်ဝန်းကို မိတ်ကပ် ဖွဖွထပ်ပုတ်လိုက်တယ်။
ပွင့်နေသေးတဲ့ဖုန်း တစ်ချက်ပြန်ငုံကြည့်တော့ သူထပ်ငိုချင်လာတယ်။' မလိုအပ်တော့လို့ စွန့်ပစ်ခံရတဲ့အခါ စွန့်ပစ်ခံရတဲ့နေရာမှာဘဲရပ်နေပါမယ်။ ပြန်များလှည့်လာမလားဆိုတဲ့ မျှော့်လင့်ချက်နဲ့ရပ်နေမိဆဲပါ '
ဆိုတဲ့ စာကြောင်းလေးဟာ သူ IGရဲ့acc
အဟောင်းလေးမှာ Postအသစ်အနေနဲ့နေရာ
ယူနေတယ်။
Block ခံလိုက်ရတဲ့ ဒီaccလေးဟာအသံတိတ်နေခဲ့တာကြာပါပြီ။
ငါးနှစ်လုံးမှာ မှတ်မှတ်ရရ Post နှစ်ခုသာရှိနေခဲ့တယ်။" လီဆာ....လီဆာ "
" အာ...Lrene လာပြီ....လာပြီ "
လီဆာဆိုတဲ့ဒီအမည်နာမဟာ သူနဲ့ငါးနှစ်လုံးအတူရှိနေခဲ့ပေမယ့်၊ သူအတွက်နေသားမကျသလိုခံစားနေရတယ်။ဝတ်ထားတဲ့ Dress ကို မကာသူထွက်လာခဲ့တယ်။
နောက်နှစ်အတွက် မဂ္ဂဇင်း Coverကိုသူရိုက်ရမည်။ ထင်ခဲ့တာက သူတစ်ဦးတည်းသာ သို့သော်......." အစ်မတို့ပြောထားတာ ဒီလိုမျိုးမဟုတ်ဘူးနော်၊ ကျမတို့ဘက်ကဒါကိုဖျက်ရလိမ့်မည် "
အခန်းပြင်က Lreneအသံကဆီးကြိုနေတယ်။
Lrene ဟာကိုးရီးယား Entကပို့လိုက်တဲ့ သူရဲ့ မန်နေဂျာ။ အရာရာထောင့်စေ့သေချာလွန်းတဲ့ Lrene ကြောင့် နောက်လှည့်ကြည့်စရာမလိုအောင် သူအဆင်ပြေခဲ့ရတယ်။" ကျမ တို့အတတ်နိုင်ဆုံးအဆင်ပြေအောင်ညှိပေးပါမယ်။ Lrene ရယ် စိတ်နည်းနည်းလျော့ပါ "
တစ်ဖက်က စကားသံတွေလည်းအထင်းသားသူ ကြားနေရတယ်။
" Lrene ဘာဖြစ်လို့လဲ "
" လီဆာ မဂ္ဂဇင်း Coverက သတို့သား၊သတို့သမီး မင်္ဂလာဝတ်စုံနဲ့တဲ့။ ဒါ ငါတို့သဘောတူညီချက်ထဲမှာမပါဘူး။ သတို့သမီးဝတ်စုံနဲ့ ရိုက်မှာကိုဘဲလက်ခံထားတာ။ ခုလို Couple ပုံမဟုတ်ဘူး "
YOU ARE READING
နှောင်ကြိုးရဲ့အလွန်
Fanfictionကျမမှာ အန်ကန်သမီးတင်တောင်းဖို့ ကြိုးလေးတစ်ချောင်းနဲ့ချည်နှောင်ထားတဲ့ ချစ်ခြင်းမေတ္တာတရားတစ်ခုဘဲရှိတာပါ။ အဲဒီချစ်ခြင်းမေတ္တာနဲ့ဘဲ အန်ကန်သမီးတင်တောင်းမှာပါ Manoban >>>> နီနီ ဥယျဉ်ထဲမှာ နီနီ ပျိုးထားတဲ့ပန်းက ဒီတစ်ပင်တည်းသာ၊ အဲဒီအပင်လေး နေရောင်ခြည်ရပြီ...