" နီနီရယ်....ဘေဘီရဲ့နီနီလေးရယ် ဘယ်မှာများပုန်းခိုနေပါလဲ။ ဘေဘီက တွေ့အောင်ရှာမှာမို့ ဆက်ပြီးသာပုန်းနေလိုက်စမ်းပါကွယ် "
ဒီဒုက္ခိတက ဒီကမ္ဘာမြေပေါ်မှာပုန်းခိုစရာနေရာရော ရှိလို့လား ဘေဘီရယ်!
သီချင်းညည်းသလိုညည်းလာတဲ့ ဘေဘီအသံက အိမ်ပေါ်ထက်ထိပျံလွှင်လာတယ်။
ဘေဘီရောက်တဲ့နေ့ကတည်းက သူဟာအပေါ်ထပ်အခန်းရောက်သွားလေသည်။အဲဒီနေ့ကခါးပေါ်လက်ထောက်လျှက် လက်ညိုးလေးတထောင်ထောင်နဲ့ အမိန့်တွေလည်းတန်းစီပေးသွားလေသည်။ ထမင်းလည်းသူကိုယ်တိုယ်ခွံကျွေးခဲ့သလို ရေကအစမဖိတ်မစဉ်အောင်ကလေးတစ်ယောက်လို ဂရုတစိုက်လုပ်ပေးခဲ့သည်။
တကယ်တမ်းတွန်းထုတ်လိုက်ပေမယ့် လွမ်းနေခဲ့တဲ့သူဟာအဲဒီနေ့က ဘေဘီအမိန့်တွေကို ငြင်းဆန်နိုင်စွမ်းမဲ့စွာ။ ရင်ထဲအစိုင်အခဲကြီးတစ်ခုဟာတစ်ဆို့နင့်နေခဲ့တယ်။ တစ်ဆို့နေတဲ့ ရင်ထဲမှာ ဘာစကားမှာပြောမထွက်စွာ ငြိမ်သက်ရုံတာတတ်နိုင်ခဲ့တယ်။ ဘေဘီရှေ့မျက်ရည်တွေ အားတင်းကာထိန်းချုပ်ထားခဲ့ရတယ်။
အိပ်ယာဝင်ချိန်ထိ တစ်ဖဝါးမှာမခွာဘဲသူဘေးနားရှိနေခဲ့သည်။
သူအိပ်ပျော်သွားတာမို့ ဘယ်အချိန်ပြန်သွားလဲဆိုတာတောင် သူမသိခဲ့။ မနက်တိုင်း ဘေဘီဟာ ခုလိုဘဲသူဆီအစောကြီးရောက်လာတတ်သည်။
သူကိုမနက်စာ ပြင်ဆင်ကျွေးပြီးမှာ ဘေဘီဟာသွားစရာရှိတာ သွားသည်။ တဂွမ်ဂွမ်နဲ့လာနေတဲ့ ဖုန်းကိုလည်း ဥပက္ခြပုထားတတ်တယ်။ခုလည်းမနက်အစောကြီးရောက်လာပြန်ပြီ။နိုးနေပေမယ့် မျက်ဝန်းတွေကို ပြန်မှိတ်ချလိုက်တယ်။တံခါးဖွင့်သံ ခြေဖွနင်းပြီးလျှောက်လာတဲ့ခြေသံတွေ သူကြားနေရတယ်။
နဖူးပေါ်ဖွဖွလေးထိတွေ့လာတဲ့ အထိအတွေ့ခံစားရတယ်။ဒါတွေဟာ အိမ်မက်တွေများလားလို့ သူခုချိန်ထိတွေးထင်နေတုန်းပါဘဲ။ ဘေဘီဘေး ဒီပုံစံမျိုးနဲ့ရော သူမရပ်တည်နိုင်ပါမလား။
အောင်မြင်မူတွေကြားထဲမှာ ဘေဘီကိုဆွဲထုတ်ယူသွားသလိုဖြစ်သွားလိမ့်မည်။ ဒါဆိုသူလုပ်ပေးခဲ့တဲ့အရာတွေက သဲထဲရေသွန်သလို
ဖြစ်သွားလိမ့်မည်။ ကိုယ့်ခြံထဲကကြက် ဘယ်အချိန်သတ်စားစား။ကိုယ့်ပျိုးလိုက်တဲ့ပန်း ဘယ်အချိန်ခူးဆွတ်လို့ပန်ပန် ဆိုသလိုမျိုးဖြစ်သွားလိမ့်မည်။
YOU ARE READING
နှောင်ကြိုးရဲ့အလွန်
Fanfictionကျမမှာ အန်ကန်သမီးတင်တောင်းဖို့ ကြိုးလေးတစ်ချောင်းနဲ့ချည်နှောင်ထားတဲ့ ချစ်ခြင်းမေတ္တာတရားတစ်ခုဘဲရှိတာပါ။ အဲဒီချစ်ခြင်းမေတ္တာနဲ့ဘဲ အန်ကန်သမီးတင်တောင်းမှာပါ Manoban >>>> နီနီ ဥယျဉ်ထဲမှာ နီနီ ပျိုးထားတဲ့ပန်းက ဒီတစ်ပင်တည်းသာ၊ အဲဒီအပင်လေး နေရောင်ခြည်ရပြီ...