" Rosé ..ငါ.....ငါ ခြေတွေ ဘာလို့ခံစားမူမရှိရတာလဲ၊ ဘာလို့နာကျင်မူမခံစားရတာလဲ "
ထုရိုက်ခံနေရတဲ့ ခြေတွေဟာနာကျင်မူကင်းမဲ့နေတယ်။ အတင်းအားယူလှုပ်ရှားလိုက်ပေမဲ့ သူခြေထောက်တွေဟာ သစ်သားချောင်းတစ်ချောင်းအလား ကုတင်ပေါ်မှာတင်မြဲမြံနေတယ်။
" Jen စိတ်အေးအေးထား။ ဆရာဝန်က ခါးအောက်ပိုင်းအကြောနည်းနည်းထိသွားတယ်လို့ပြောတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လေ့ကျင့်ခန်းပုံမှန်လုပ်ရင် လပိုင်းအတွင်းလမ်းပြန်လျှောက်နိုင်မယ်တဲ့ "
" မသေကောင်းမပျောက်ကောင်း သမီးရယ် "
အခန်းထဲပြေးဝင်လာတဲ့ အဖေကို သူရဲ့အကြည့်မှာမေးခွန်းတွေထပ်နေလိမ့်မယ်။
" အဖေ သမီးကဒုက္ခိတစ်ယောက်ဖြစ်သွား
ပြီလား။ ဒုက္ခိတဖြစ်သွားပြီမလားဟင် "" သမီးဘေးနားအဖေရှိတယ်နော်။
အဖေတို့ အတူတူဖြတ်ကျော်ကြတာပေါ့။
လေ့ကျင့်ခန်းပုံမှန်လုပ်ပေး သမီးပြန်ကောင်းမှာ အချိန်လေးနည်းနည်းယူရုံပါသမီးရယ် "အဖေဟာအားတင်းကာ ပြောနေပေမယ့်
သူကိုယ်တိုင်လည်းမျက်ရည်တွေနဲ့ ဖြေမဆည်နိုင်တာမြင်နေရတယ်။" ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လေ့ကျင့်ခန်း
ပုံမှန်လုပ်ရင် မင်းမကြာခင်လမ်းပြန်လျှောက်
နိုင်ပါ။ "အသံလာဆီကို ဦးတည်ကြည့်မိကြတော့
ဂျူတီကုတ်အဖြူနဲ့ ဆရာဝန်တချို့နှင့် နာစ်တချို့အခန်းထဲဝင်လာလေသည်။ဟယ် အဆင်လေးတွေတော်!
သူဒီနေ့ Jenဆီစောစောလာတာကံကောင်းသွားတာဘဲ။ လူနာလည်းကြည့်ရင်း အဆင်လေးတွေလေးငမ်းရင်း။
ဟယ် ...နောက်အဆင်လေးတစ်ယောက်
ဝင်လာပြန်ပြီး Rosé နင်တော့ရူးတော့မှာဘဲ !" မင်း သတိမေ့နေတာတစ်ပတ်ပြည့်သွားပြီ "
သူသတိမေ့နေတာ တစ်ပတ်တောင်ရှိသွားပြီ။
ဒါဆိုဘေဘီရော ဘေဘီဘယ်မှာလဲ !" ခါးအောက်ပိုင်းက ခုလောလောဆယ်တော့ လှုပ်ရှားလို့ရမှာမဟုတ်သေးဘူး။ ဆေးရုံကဆင်းရင် ကျတော်ပေးထားတဲ့လိပ်စာအတိုင်း သူကိုအဲဒီမှာလေ့ကျင့်ခန်းသွားလုပ်ပေးပါ
အန်ကန် "
YOU ARE READING
နှောင်ကြိုးရဲ့အလွန်
Fanfictionကျမမှာ အန်ကန်သမီးတင်တောင်းဖို့ ကြိုးလေးတစ်ချောင်းနဲ့ချည်နှောင်ထားတဲ့ ချစ်ခြင်းမေတ္တာတရားတစ်ခုဘဲရှိတာပါ။ အဲဒီချစ်ခြင်းမေတ္တာနဲ့ဘဲ အန်ကန်သမီးတင်တောင်းမှာပါ Manoban >>>> နီနီ ဥယျဉ်ထဲမှာ နီနီ ပျိုးထားတဲ့ပန်းက ဒီတစ်ပင်တည်းသာ၊ အဲဒီအပင်လေး နေရောင်ခြည်ရပြီ...