- 21 -

1.4K 129 5
                                    

ကောင်းကင်ပေါ်ပျံတက်သွားတဲ့လေယာဉ်မော့ကြည့်ပြီး တစ်နေ့ကManoပြောတာပြန်ကြားယောင်ရင်း မျက်ရည်ခိုင်တဲ့ ကျမမျက်ရည်ဝဲခဲ့ရပြန်တယ်။

' Jisooyaaတို့နဲ့အဝေးဆုံးကိုထွက်သွားတာ Jisooyaaကိုမချစ်လို့မဟုတ်ဘူးနော်။
Jisooyaa ဟာ Manoအတွက် အစားထိုးမရတဲ့အစ်မရင်းတစ်ယောက်ပါ '

ကျမရင်ခွင်ထဲချွဲနွဲ့ကာပြောနေခဲ့ဘဲမယ့် သူဝမ်းနည်းနေမှန်း ကျမသိတာပေါ့။ဒီကလေးဟာ ကျမလက်ပေါ်မှာကြီးပြင်းလာတဲ့ကလေးမဟုတ်ပါလား။အခုတော့ သူချစ်တဲ့လူနဲ့ဘဝတစ်ခုတည်ဆောက်ရတော့မည်မို့ ပျော်နေသလို ကျမနဲ့ဝေးသွားရတော့မှာမို့ ဝမ်းနည်းနေပြန်သတဲ့ ဒီကလေးကမခက်ပေဘူးလား။

" Jisoo အွန်းညီးပြန်ကြမယ်လေ။ အဲဒီကောင်းကင် ဘယ်အချိန်ထိမော့ကြည့်နေအုံးမှာလဲ။ သူတို့က ဟိုရောက်လို့ တရေးတမောတောင်ရနေလောက်ပြီ "

" အော်....အင်းပြန်ကြတာပေါ့ "

Rosé အသံကြားမှာဘဲ ပတ်ဝန်းကျင်သတိပြုမိတယ်။ သူရှေ့ကထွက်သွားတဲ့ Rosé နောက်မပြေးရုံတစ်မယ်လိုက်လာခဲ့တယ်။
အဝတ်အစားတွေလဲပြီးသားမို့ ကုမ္ပဏီတန်းသွားရုံသာ။

" အိုး....Sorry နော်သမီး။ အန်တီ စိတ်လော
နေလို့ ။ တကယ်ဘဲ အားနာစရာတြွေဖစ်ကုန်ပြီ "

ရင်ဘတ်ပေါ်ပူနွေးသွားတဲ့ အထိအတွေ့ခံစားလိုက်ရသည်။ ရုပ်ပျက်ဆင်းပျက်တဲ့အထိ ပေကျံသွားတဲ့ ကော်ဖီကြောင့်သူအခက်ကြုံရတော့တယ်။အကျီစကို အနည်းငယ်ခါလျှက် ကိုယ့်ရှေ့က အမျိုးသမီးမော့ကြည့်မိတယ်။

ဟင့်!!

" ရပါ...ရပါတယ်။ ကျမအိမ်ပြန်တော့မှာမို့
ကိစ္စာမရှိပါဘူး။ ကျမသွားခွင့်ပြုပါအုံး။ "

ကိုယ့်ရှေ့ပိတ်ရပ်နေသလိုဖြစ်နေတဲ့ အမျိုးသမီးကိုသူပြောတော့ အားနာသလိုအကြည့်တွေနဲ့ လမ်းဖယ်ပေးတယ်။
လက်နှစ်ဖက် တင်းတင်းဆုပ်လို့ နောက်လှည့်မကြည့်တော့ဘဲ သူကျောခိုင်းထွက်လာခဲ့တယ်။

မျက်ခုံး၊မျက်လုံးနှင့်ထူထဲတဲ့နှုတ်ခမ်းတစ်စုံအတော်ကိုတူတာဘဲ.!

" အွန်ညီး...ဘာဖြစ်လာတာလဲ။ တစ်ခုခုဖြစ်ခဲ့သေးတာလား ။ရော့...ဒါလေးခြုံထားလိုက် "

နှောင်ကြိုးရဲ့အလွန်Where stories live. Discover now