" Jen အချိန်ရရင် Jisoo စကား
ခဏပြောလို့ရမလား "သူဖိုင်တွဲတစ်ချို့ကို သေချာစီရင်းJen,ကိုမေးလိုက်လေသည်။
ခုနဝယ်လာတဲ့ကော်ဖီနှစ်ခွက်မှာ တစ်ခွက်ကို
Jen ကိုကမ်းပေးလိုက်သည်။" ကျေးဇူးပါနော် Jen လည်းကော်
ဖီသောက်ချင်နေတာ။ Jen အချိန်ရပါတယ်။
Jisoo ပြောစရာရှိလို့လား "ကော်ဖီကိုတစ်ငုံသောက်လိုက်သည်။
လျှာဖျားထဲစိမ့်ဝင်သွားတဲ့ ခါးသက်သက်အရသာကို သူကြိုက်တယ်။
သူတို့နှစ်ယောက်သား ကုမ္မဏီရဲ့ခေါင်မိုးပေါ်တက်လာခဲ့ကြလေသည်။" မန်နိုနဲ့ Jen တွေ့ဖြစ်သေးလား။
အဲဒီကောင်မလေး သူအိမ်မက်တွေကို
ဖျက်ဆီးနေတယ် "စကတ်အတိုကို ဒူးအောက်ကနေ
လက်လျှိုသိမ်းရင်း ခုံတန်းလေးပေါ်
နှစ်ယောက်သားထိုင်မိကြတယ်။" Jen သိပ်နားမရှင်းလို့
Jisoo ဘာပြောချင်တာလဲ "Jisoo ဟာဘေဘီနဲ့ပတ်သတ်ပြီး သူကိုတစ်ခုခု
ပြောချင်နေပုံရတယ်။
ဒါမှမဟုတ် သူတို့နှစ်ယောက်အကြောင်းသိသွားလို့များလား။
ဘေဘီနဲ့ ပတ်သတ်ပြီး ခုလိုပြောလာတာဟာ Jisoo ဟာသူတို့နှစ်ယောက်အကြောင်း
ရိပ်မိနေပြီးမှန်း သူခန့်မှန်းမိတယ်။" မန်နို နိုင်ငံခြားသင်တန်းသွားမတက်
တော့ဘူးတဲ့။ ဒီမှာဘဲကိုယ်ပိုင်လုပ်
ငန်းလေးတစ်ခု လုပ်နိုင်အောင်ကြိုးစား
မယ်တဲ့၊ ငယ်ငယ်လေးကတည်းက သူဝါသာနာကို စွန့်လွှတ်တော့မယ်လို့ပြောနေတယ်။
Jen နဲ့တွေ့ဖြစ်ရင်ကူပြောပေးပါအုံး"Jisoo လက်က ကော်ဖီဘေးချလိုက်သည်။
ဝင်လုဆဲဆဲနေရောင်ခြည်လေးဟာ အလျော့မပေးချင်သလိုနဲ့ အစွမ်းကုန်ဖြာထွက်ပြနေသေးတယ်။
အဲဒီလင်းရောင်ခြည်လေးကို Jisoo ဟာ
အဓိပ္ပါယ်မဲ့စွာငေးကြည့်နေမိတယ်။" Jen နဲ့တွေ့ဖြစ်ပါတယ်။
ဒီကိစ္စာ Jisoo စိတ်မပူပါနဲ့။
Jen သူနဲ့ဒီကိစ္စာကိုသေချာဆွေး
နွေးပြီးပါပြီး "ဟိုတယ်မှာနေ့တုန်းက သူတို့ဒီကိစ္စာကို
အချိန်အကြာကြီးဆွေးနွေးခဲ့ကြတယ်။
ဒီမှာအလုပ်လုပ်မှာကို သူဘယ်လိုမှလက်မခံနိုင်ကြောင်း၊ ဘေဘီရဲ့ အိမ်မက်တွေကို သူကြောင့်အဆုံးရှုံးမခံနိုင်ကြောင်း၊ ခုခဏလေးဝေးနေရတာဟာ တစ်ချိန်မှာတစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်နိုင်ဖို့အတွက်၊ခြေတစ်လှမ်းဆိုတာ ကလေးတစ်ယောက်လို၊ချော့တစ်ခါကြောက်တစ်လှည့်ပြောခဲ့ရလေသည်။
YOU ARE READING
နှောင်ကြိုးရဲ့အလွန်
Fanfictionကျမမှာ အန်ကန်သမီးတင်တောင်းဖို့ ကြိုးလေးတစ်ချောင်းနဲ့ချည်နှောင်ထားတဲ့ ချစ်ခြင်းမေတ္တာတရားတစ်ခုဘဲရှိတာပါ။ အဲဒီချစ်ခြင်းမေတ္တာနဲ့ဘဲ အန်ကန်သမီးတင်တောင်းမှာပါ Manoban >>>> နီနီ ဥယျဉ်ထဲမှာ နီနီ ပျိုးထားတဲ့ပန်းက ဒီတစ်ပင်တည်းသာ၊ အဲဒီအပင်လေး နေရောင်ခြည်ရပြီ...