Zawgyi
သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်း -
Chapter 7.2ON Aug 1, 2021 BY HOT TOFU
Arc 1 : ရင်ခွဲရုံထဲမှ ထူးဆန်းသောအသံ
သူဘဲ အထင်မှားနေခဲ့သလားတော့မသိ၊
ယောင်းယီ....ဌာန၏ဌာနမှူးအသံကို
နားထောင်ကြည့်ရသလောက်
အနည်းငယ်မကြည်မသာဖြစ်နေပုံရသည့်
ခံစားချက်မျိုးရရှိနေခဲ့သည်။သို့သော်လည်း၊
သူ၏အပူလွန်ကဲနေသောဦးနှောက်သည်
အချက်အလက်များတွေးတောဖို့ရန်
ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပေ။ထို့ကြောင့်ဖုန်းချလိုက်သည်။
နောက်တော့ ဆေးထပ်သောက်ကာ
ပြန်အိပ်ပျော်သွားတော့သည်။ယောင်းယီ၏အစာအိမ်သည် ညကိုးနာရီ
မထိုးခင်သူ့ကိုနိုးထလာစေခဲ့သည်။သူတစ်နေ့လုံး
ဘာအစာမှမစားရသေးသည့်အတွက်၊
သူ၏ခန္ဓာကိုယ်သည်ဆက်လက်
တောင့်ခံဖို့ရာမဖြစ်နိုင်တော့ပေ။သူ၏နဖူးသည်အနည်းငယ်ပူနေဆဲဖြစ်သည်။
သူအဖျားကျစေရန်ဆေးထိုးဖို့
လိုအပ်သည်ဟုခံစားရသည့်အတွက်
ကိုယ်လက်သုတ်သင်ဆေးကြောရန် တံခါးဆီသို့တယိုင်တယိုင်
လျှောက်သွားလိုက်သည်။သို့သော် တံခါးမဖွင့်ခင်အလျင်အမြန်နောက်သို့
ဆုတ်လိုက်မိသည်။မနေ့ညကဖြစ်ပွားခဲ့သည့်
ဆိုးရွားလှသောအဖြစ်ဆိုးကြီးကို
ပြန်တွေးလိုက်မိသည့်အတွက်၊ယောင်းယီ
နောက်ရက်ထိတိုင်အောင် အပြင်လေးတစ်ခါထွက်ဖို့ကို
အလွန်ကြောက်နေမိခဲ့တာဖြစ်သည်။
ထို့ကြောင့်အစားအစာများကို
အွန်လိုင်းကနေမှာယူလိုက်ပြီး ပိုပြီးအာနိသင်ပြင်းသည့်အဖျားကျဆေး
ကိုမြိုချလိုက်သည်။ထို့နောက်
အခန်းတစ်ခုလုံးရှိမီးလုံးများကို
လိုက်ဖွင့်လိုက်သည်။သူ၏
ပတ်ဝန်းကျင်တစ်ခုလုံး နေ့အချိန်အလား
ထိန်းလင်းနေသည်ကိုမြင်လိုက်ရမှသာ နေရထိုင်ရအဆင်ပြေသွားခဲ့သည်။သူ၏အွန်လိုင်း Delivery သည်
အချိန်သိပ်မယူခဲ့ပေ။ယောင်းယီ
အိပ်မှုန်စုံဖွားပုံစံဖြင့်
ကျေးဇူးတင်ကြောင်းပြသရန်
ဦးအနည်းငယ်ညွတ်ကာ
မုန့်များကိုထွက်ယူလိုက်သည်။
သူ၏ရှုပ်ပွနေသောဆံပင်သည်
မညှပ်ရသောကြောင့်အနည်းငယ်ရှည်နေပြီး၊
သူ၏ပုံစံကိုကြည့်ရသည်မှာဝံပုလွေအုပ်ထဲက
ဝံပုလွေပေါက်လေးနှင့်တူလို့နေသည်။

ESTÁS LEYENDO
သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်း
TerrorMyanmar Translation [ BL ] This is my third translation. I hope you enjoy it. Both unicode and zawgyi are available. Genres : Horror Love Stroy Warning : ကြောက်တတ်ပါက ညမဖတ်ရ။ မေးခွန်း : ကြောက်မက်ဖွယ်ရာ အစဉ်အလာမပြတ်သရဲ ရာဇဝင်ထဲက အဓိကဇာတ်ကောင်ရဲ့...