Chapter 28.2, Arc 2: ထပ်ခိုးထပ်မှချစ်သူ
တကယ်ဘဲသူ့ရဲ့အရှေ့မှာဘာရှိနေတာလဲ?
"ကျေးဇူးပြု၍ခင်မျာ၊
ဒီနေရာဘယ်နေရာလဲမသိဘူး?"အားနည်းလှသောအသံတစ်ခုသည်
သူ၏ပခုံးအနောက်ဖက်မှ
ထွက်ပေါ်လာခဲ့သည်။ထိုအချိန်လုရန်သည်
ကြောက်လန့်နေသောငုံးကောင်သဖွယ်
ခုန်ပျံကျော်လွှားလိုက်မိလေသည်။
ဤသို့ဖြင့်သူ၏ဘီယာဗိုက်ကြီးကိုမှ
မထောက်၊လေထုထဲသို့ခုန်လွှားလိုက်သည့်
ပုံသည်သူ၏မိဘများမှသူ့ကို
ခြေထောက်နှစ်ချောင်းဘဲပေးခဲ့သည့်
အခိုက်အတန့်ကိုတောင်မုန်းတီးနေသလိုပင်[၁][၁] ကြောက်ရွံ့ထိတ်လန့်မှုကြောင့်
မြန်မြန်ထွက်ပြေးလို့ရအောင်လို့
ဆုတောင်းတဲ့အခါ
ပြောလိုတဲ့ဗန်းစကားပါဘဲ။
ပြောရမယ်ဆိုခြေထောက်နှစ်ချောင်းဘဲ
ရှိတာကြောင့်အမြန်ဆုံးထွက်ပြေးချင်တာတောင်
အားမရတဲ့အကြောင်းကိုပြောတာပါ။ချောမောပြေပြစ်သော
ဆံပင်အနက်ရောင်ပိုင်ရှင်
အမျိုးသားငယ်လေးသည်
သူ၏အနက်ရောင်မျက်ဝန်းများဖြင့်
ကြက်သေသေလျက်ဆွံအနေမိသည်မှာ၊
သူ၏မျက်စိရှေ့မှအဝလွန်နေသော
အသက်လယ်လတ်ပိုင်း
ဦးလေးကြီး၏ပေါ့ပါးဖျတ်လတ်သော
လှုပ်ရှားမှုများမှသူ့ကို
သိမ့်ကနည်းတုန်သွားစေဖို့ရန်
မလုံလောက်ခင်အချိန်ထိဖြစ်သည်။ဆယ်ကျော်သက်ကလေးအုပ်စုထဲသို့
နောက်ပြန်၊ပြန်ဆုတ်လိုက်ပြီးသော
လုရန်သည်စိတ်သက်သာရမှုကြောင့်
အဆုံး၌အသက်ရှုထုတ်လိုက်ပြီးတော့မှသာ
ပြန်ကြည့်ရဲတော့သည်။
သို့သော်လည်းသူမြင်လိုက်ရသော
မြင်ကွင်းသည်သူထင်ထားသလိုမျိုး
ပုံပျက်ပန်းပျက်ဖြစ်နေသည့်
မကောင်းဆိုးဝါးမဟုတ်ဘဲ၊
ထိုအစားရုပ်ရည်ခပ်ဖြောင့်ဖြောင့်နှင့်
သာမန်လူငယ်လေးတစ်ဦးသာဖြစ်လို့နေသည်။"မင်း! မင်းကဘယ်သူလဲ!? မင်းငါ့အိမ်ထဲ
ဘယ်လိုလုပ်ပြီးဝင်လာတာလဲ!? ပြောစမ်း"လုရန်အစောပိုင်းကာလများ၌
အလွန်စိုးရိမ်နေသေးသော်လည်း၊
ယခုမျက်စိရှေ့မှလူငယ်လေးသည်
လုံးဝမထူးဆန်းဘူးဆိုတာကို
သိလိုက်ရသည့်အခါသူတစ်ချိန်တည်းမှာဘဲ
စိတ်သက်သာရာရသွားခဲ့သလို၊
အရှက်တကွဲအကျိုးလည်းနည်းဖြစ်ခဲ့ရသည်
ဟုလည်းခံစားလိုက်ရသည်။
![](https://img.wattpad.com/cover/276407144-288-k620574.jpg)
CITEȘTI
သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်း
HorrorMyanmar Translation [ BL ] This is my third translation. I hope you enjoy it. Both unicode and zawgyi are available. Genres : Horror Love Stroy Warning : ကြောက်တတ်ပါက ညမဖတ်ရ။ မေးခွန်း : ကြောက်မက်ဖွယ်ရာ အစဉ်အလာမပြတ်သရဲ ရာဇဝင်ထဲက အဓိကဇာတ်ကောင်ရဲ့...