ON SEP 24, 2021 BY HOT_TOFU
Chapter 21.1, Arc 2: ထပ်ခိုးထဲမှချစ်သူ
"ဗိုက်တောင်နည်းနည်းဆာလာသလိုဘဲ"
ယောင်းယီအဝတ်အစားများကို
လဲလှယ်ပြီးသည်နှင့်သူ၏ဗလာ
ကျင်းနေသောဝမ်းဗိုက်ကိုပွတ်သပ်
လိုက်ပြီးနောက်ကုတင်ဘေး၌မှေး
ကိုထောက်၍အင်တင်တင်ပုံစံဖြင့်
ထိုင်ချလိုက်လေသည်။အောက်ထပ်ကလှုပ်ရှားသံတွေ
ဘာတစ်ခုမှကိုမကြားရပါလား။
လူတွေအကုန်လုံးအစောကြီး
ကတည်းကထွက်သွားကြပြီ
လား?ဒါဆိုလည်း၊သူအခုအချိန်အောက်ဆင်း
ပြီးမုန့်သွားယူလို့အဆင်ပြေလောက်ပြီ
မလား။ယောင်းယီသည်ငယ်ရွယ်ပြီးတောင့်တင်း
ခိုင်မာသည်။သူ၏ခန္ဓာကိုယ်သည်အချိန်
အတော်ကြာအသုံးပြုခဲ့ပြီးပြီဖြစ်သည့်
အတွက်ဗိုက်ဆာသည့်ခံစားချက်ကို
သည်းခံဖို့ရန်လုံးဝမဖြစ်နိုင်တော့ပေ။
ထို့ကြောင့်သူ၏အစာအိမ်သည်ဂနာမငြိမ်
ဖြစ်လာပြီးမကျေနပ်ချက်ကိုထုတ်ဖော်
ပြသ၍အစာကိုတောင်းဆိုဆန္ဒပြလေ
သည်။နောက်ထပ်နာရီဝက်ကြာသည်းခံ
ခဲ့ပါသော်လည်းသိပ်မကြာခင်မှာတင်
ကိုးနာရီထိုးတော့မှာဖြစ်သည်။
ထိုအခါမှသာအပြင်ထွက်ပြီးမုန့်ယူရန်
ဆုံးဖြတ်ချက်ချလိုက်သည်။ယခုချိန်လောက်ဆိုယခုစံအိမ်ကြီးထဲတွင်
တာဝန်ကျသည့်အစေခံများအားလုံး၏
တာဝန်သည်အမြဲတမ်းပြီးဆုံးသွားလေ့ရှိ
ပြီးအပြင်သို့ပြန်ထွက်သွားလေ့ရှိကြသည်။အလုပ်ကိုရူးသွပ်ပုံရသည့်ယခုစံအိမ်ပိုင်ရှင်
အမျိုးသားသည်လည်းအခုချိန်လောက်ဆို
ထွက်သွားလောက်ပြီဟုထင်သည်။သူ့ဘက်
ကအရမ်းကြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်
နေမိလို့သာထိုလူထွက်သွားတဲ့အသံကိုမ
ကြားလိုက်မိတာနေမှာ။ထိုကဲသို့သူကိုယ်သူနှစ်သိမ့်ပြီးချိန်မှာတော့
ယောင်းယီသည်တံခါးပေါက်ဆီသို့ဦးတည်
သွားရန်သူ၏သတ္တိများကိုစုစည်းလိုက်
တော့သည်။သူ၏လက်ကိုတံခါးရွက်ထိပ်
၌တင်ကာဖွင့်ဖို့ရန်လုပ်ဆောင်လိုက်သည်။
![](https://img.wattpad.com/cover/276407144-288-k620574.jpg)
ESTÁS LEYENDO
သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်း
TerrorMyanmar Translation [ BL ] This is my third translation. I hope you enjoy it. Both unicode and zawgyi are available. Genres : Horror Love Stroy Warning : ကြောက်တတ်ပါက ညမဖတ်ရ။ မေးခွန်း : ကြောက်မက်ဖွယ်ရာ အစဉ်အလာမပြတ်သရဲ ရာဇဝင်ထဲက အဓိကဇာတ်ကောင်ရဲ့...