Unicode
သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်း -
Chapter 3.2ON JULY 24, 2021 BY HOT TOFU
Arc 1 : ရင်ခွဲရုံထဲမှ ထူးဆန်းသောအသံ
ဆေးပညာကိုလေ့လာခဲ့သည့် မည်သူမဆို၊မျက်စိသူငယ်အိမ်ကို
ကျော်လွန်သည်အထိ မည်းနက်နေသောထိုမျက်ဆံများသည်၊
သေဆုံးပြီးသားလူများနှင့်သာသက်ဆိုင်သည့်
အကြောင်းကိုသိရှိပြီးသားဖြစ်လိမ့်မည်။ထို့အပြင် ထိုမျက်လုံးများသည်လည်း သူ့ကိုမကျေမချမ်းမှုအပြည့်ဖြင့် တည်မြဲစွာစိုက်ကြည့်နေခဲ့တာဖြစ်သည်။
ဓာတ်လှေကားသည် လွန်စွာတိတ်ဆိတ်သွားခဲ့သည်...
တိတ်ဆိတ်နေလွန်းသဖြင့် သူ၏ဒရမ်တီးသလိုခုန်နေသော
နှလုံးခုန်သံကိုတောင်
ရှင်းရှင်းလင်းလင်းကြားနေရသည်။
အလွှာနံပါတ်များတဖြည်းဖြည်း
တိုးလာသည်နှင့်အမျှ၊ယောင်းယီ၏
လက်ချောင်းများမှာလည်းတဆတ်ဆတ်
တုန်ရီလာကာ၊ဖုန်းကိုဆုပ်ကိုင်ထားသည့်
လက်များကပါမတည်ငြိမ်နိုင်တော့ပေ။အချိန်အတော်လေးကြာပြီးသည့်နောက်၊
ယောင်းယီအသိပြန်ဝင်လာတော့သည်။
ထို့နောက်အသက်ကိုပြင်းပြင်းရှူထုတ်လိုက်ပြီး၊
လက်ထဲမှဖုန်းကိုဆုပ်ကိုင်ကာ၊
သူအခုလေးတင်မြင်လိုက်ရသည့်မြင်ကွင်းကို
ကြံဖန်ပြီးအကြောင်းရှာဖို့မကြိုးစားခင် သူ၏စိတ်ကိုအရင်ဆုံးငြိမ်အောင်
ထိန်းသိမ်းလိုက်ရသည်။ဤကမ္ဘာလောကကြီးတွင် သရဲဆိုသည်မှာမရှိပေ။
တစ္ဆေ၊သရဲများသည် အယူသည်းမှုများသာဖြစ်သည်၊
ထိုမျက်လုံးများသည်လည်း
သေဆုံးပြီးသားလူတစ်ယောက်ဟုတ်မဟုတ်
ပြောပြနိုင်ရလောက်သည်အထိ
တိကျသေချာမှုမရှိနိုင်ပေ၊
တစ်ချို့သောမျက်လုံးရောဂါများသည်လည်း မျက်စိသူငယ်အိမ်ကြီးမှုကိုဖြစ်စေနိုင်သည်။ထို့အပြင်....ထိုမိန်းကလေးမှာ သေချာပေါက်ကို
အသက်ရှင်နေဆဲလူဖြစ်မည်မှာသေချာသည်။သူမှားကြည့်မိတာဘဲဖြစ်လိမ့်မည်။
ဒါမှမဟုတ်သူ့လိုလူစိမ်းတစ်ယောက်ကို
ခြောက်လှန့်ရန်အတွက်
ထိုမိန်းကလေးဘက်မှစီစဉ်ထားသည့် နောက်ပြောင်မှုတစ်ခုလည်းဖြစ်ကောင်းဖြစ်နိုင်သည်။

BẠN ĐANG ĐỌC
Kinh dịMyanmar Translation [ BL ] This is my third translation. I hope you enjoy it. Both unicode and zawgyi are available. Genres : Horror Love Stroy Warning : ကြောက်တတ်ပါက ညမဖတ်ရ။ မေးခွန်း : ကြောက်မက်ဖွယ်ရာ အစဉ်အလာမပြတ်သရဲ ရာဇဝင်ထဲက အဓိကဇာတ်ကောင်ရဲ့...