၃၀ {U}

3.1K 440 42
                                    

Chapter 30, Arc 2: ထပ်ခိုးထပ်မှချစ်သူ

"မင်းဘာလုပ်တာလဲ!!!"

ရှောင်လုနှင့်အားယွမ်တို့နှစ်ဦးပုန်းနေသည့်အခန်းထဲမှအော်သံထွက်ပေါ်လာခဲ့သည်။

အားယွမ်သတိမထားခင်
အချိန်လေးအတွင်းမှာတင်ရှောင်လု၏ဓားဖြင့်
ထိုးနှက်ခြင်းကိုခံလိုက်ရပြီးနောက်၊
အခန်းအနှံ့သွေးများဖြာထွက်သွားခဲ့သည်။
သူ၏သူငယ်ချင်းကိုမယုံကြည်နိုင်စွာဖြင့်
စိုက်ကြည့်ရင်း၊သူ၏လည်ချောင်းတစ်လျှောက်
သွေးများဆန်တက်လာကာ
ဘာစကားတစ်ခွန်းကိုမှမဆိုနိုင်ခဲ့ပေ။

ရှောင်လုသည်သူ၏လက်များကိုလှုပ်ခါရင်း၊
ဓားကိုခိုင်မြဲစွာဆုပ်ကိုင်ထားကာ
ငါးကိုယ်ထဲမှကလီစာများအားလှီးဖြတ်ကာ
ဆွဲထုတ်သလိုမျိုးအားယွမ်၏ခန္ဓာကိုယ်အား
အဆက်မပြတ်ထိုးသွင်းကာနှုတ်မှလည်း

"သူ့ကိုပေးသွားပါ။သူမသေချင်သေးဘူး..."

ဟုတတွတ်တွတ်ရေရွတ်လို့နေလေသည်။

လီးဘဲ! ရှောင်လု။

အားယွမ်၊ အဘယ့်ကြောင့်သူ့သူငယ်ချင်းက
သူ့ကိုသတ်ရသလဲဆိုတာကိုတောင်မသိလိုက်ရဘဲ၊
အဝေးကိုသာကြည့်လျက်သူ၏နောက်ဆုံးသော
ထွက်သက်ကိုဆုံးရှုံးခဲ့ရလေသည်။

အခြားလူများထွက်ပြေးသွားသည့်အခြမ်းမှလည်း
သွေးနံ့များလှိုင်လှိုင်ထွက်ပေါ်လျက်ရှိသည်။

အော်သံများစွာနှင့်အတူ၊လုရန်၏မျက်လုံးများသည်သွေးကြောများမြင်နေရသည်အထိနီရဲကာ
ပြူးကျယ်နေခဲ့ပြီး၊သူတစ်နေရာရာမှရရှိလာသည့်
မီးသတ်ရာ၌အသုံးပြုသောပုဆိန်ကြီးအား
မကိုင်ကာရှိရှိသမျှလူတိုင်းကိုလိုက်လံခုတ်ထစ်လို့နေလေသည်။

"မပြောနဲ့!ငါဘယ်သူ့ကိုမှမသတ်ခဲ့ဘူး!နင်တို့အားလုံးကမှသေဖို့ထိုက်တန်တာ!စောက်သုံးမကျတဲ့
ဆန်ကုန်မြေလေးတွေ! ဟားဟားဟားး!"

ခုတ်ချက်တိုင်းသည်ရှင်းလင်းပြတ်သားနေခဲ့ပြီး
နေရာအနှံ့သွေးများစွာပြန့်ကျဲကာ
သူ့မျက်နှာပေါ်မှာတောင်မှခပ်စောင်းစောင်း
အပြုံးတစ်ခုကိုချိတ်ဆွဲထားလေသည်။

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now