Chapter 30, Arc 2: ထပ်ခိုးထပ်မှချစ်သူ
"မင်းဘာလုပ်တာလဲ!!!"
ရှောင်လုနှင့်အားယွမ်တို့နှစ်ဦးပုန်းနေသည့်
အခန်းထဲမှအော်သံထွက်ပေါ်လာခဲ့သည်။အားယွမ်သတိမထားခင်
အချိန်လေးအတွင်းမှာတင်ရှောင်လု၏ဓားဖြင့်
ထိုးနှက်ခြင်းကိုခံလိုက်ရပြီးနောက်၊
အခန်းအနှံ့သွေးများဖြာထွက်သွားခဲ့သည်။
သူ၏သူငယ်ချင်းကိုမယုံကြည်နိုင်စွာဖြင့်
စိုက်ကြည့်ရင်း၊သူ၏လည်ချောင်းတစ်လျှောက်
သွေးများဆန်တက်လာကာ
ဘာစကားတစ်ခွန်းကိုမှမဆိုနိုင်ခဲ့ပေ။ရှောင်လုသည်သူ၏လက်များကိုလှုပ်ခါရင်း၊
ဓားကိုခိုင်မြဲစွာဆုပ်ကိုင်ထားကာ
ငါးကိုယ်ထဲမှကလီစာများအားလှီးဖြတ်ကာ
ဆွဲထုတ်သလိုမျိုးအားယွမ်၏ခန္ဓာကိုယ်အား
အဆက်မပြတ်ထိုးသွင်းကာနှုတ်မှလည်း"သူ့ကိုပေးသွားပါ။သူမသေချင်သေးဘူး..."
ဟုတတွတ်တွတ်ရေရွတ်လို့နေလေသည်။
လီးဘဲ! ရှောင်လု။
အားယွမ်၊ အဘယ့်ကြောင့်သူ့သူငယ်ချင်းက
သူ့ကိုသတ်ရသလဲဆိုတာကိုတောင်မသိလိုက်ရဘဲ၊
အဝေးကိုသာကြည့်လျက်သူ၏နောက်ဆုံးသော
ထွက်သက်ကိုဆုံးရှုံးခဲ့ရလေသည်။အခြားလူများထွက်ပြေးသွားသည့်အခြမ်းမှလည်း
သွေးနံ့များလှိုင်လှိုင်ထွက်ပေါ်လျက်ရှိသည်။အော်သံများစွာနှင့်အတူ၊
လုရန်၏မျက်လုံးများသည်
သွေးကြောများမြင်နေရသည်အထိနီရဲကာ
ပြူးကျယ်နေခဲ့ပြီး၊သူတစ်နေရာရာမှ
ရရှိလာသည့်မီးသတ်ရာ၌အသုံးပြုသော
ပုဆိန်ကြီးအားမကိုင်ကာရှိရှိသမျှလူတိုင်းကို
လိုက်လံခုတ်ထစ်လို့နေလေသည်။"မပြောနဲ့!ငါဘယ်သူ့ကိုမှမသတ်ခဲ့ဘူး!
နင်တို့အားလုံးကမှသေဖို့ထိုက်တန်တာ!
စောက်သုံးမကျတဲ့ဆန်ကုန်မြေလေးတွေ! ဟားဟားဟားး!"ခုတ်ချက်တိုင်းသည်ရှင်းလင်းပြတ်သားနေခဲ့ပြီး
နေရာအနှံ့သွေးများစွာပြန့်ကျဲကာ
သူ့မျက်နှာပေါ်မှာတောင်မှ
ခပ်စောင်းစောင်းအပြုံးတစ်ခုကို
ချိတ်ဆွဲထားလေသည်။
![](https://img.wattpad.com/cover/276407144-288-k620574.jpg)
ESTÁS LEYENDO
သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်း
TerrorMyanmar Translation [ BL ] This is my third translation. I hope you enjoy it. Both unicode and zawgyi are available. Genres : Horror Love Stroy Warning : ကြောက်တတ်ပါက ညမဖတ်ရ။ မေးခွန်း : ကြောက်မက်ဖွယ်ရာ အစဉ်အလာမပြတ်သရဲ ရာဇဝင်ထဲက အဓိကဇာတ်ကောင်ရဲ့...