အတွဲ၂ , ၁၇.၁ {U}

5.4K 735 140
                                        

ON SEP 5, 2021 BY HOT_TOFU

Chapter 17, Arc 2: ထပ်ခိုးထဲမှချစ်သူ

ဒုတိယမြောက်သရဲရာဇဝင်သည်
ထပ်ခိုးထဲမှချစ်သူဖြစ်သည်။

ထိုရာဇဝင်၏အစသည်
လီဟမြို့မှစတင်သည်။
ထိုမြို့နေလင်မယားစုံတွဲတစ်တွဲ
သည်အများအမြင်တွင်အလွန်
တင့်တယ်လိုက်ဖက်ကာ
ပြီးပြည့်စုံပါသော်လည်း
အတွင်းပိုင်းတွင်တော့
သူစိမ်းများထက်တောင်
အေးစက်ကာတစ်ဦးနှင့်တစ်ဦး
ခပ်တန်းတန်းနေကြသည်။

ထိုနှစ်ဦး၏အလွန်ကွဲပြားခြားနား
လှသောကိုယ်ရေးကိုယ်တာများ
ကြောင့်လက်ထပ်ပြီးတစ်နှစ်
အကြာမှာတင်ကွာရှင်းခဲ့ကြသည်။
သို့ရာတွင်,ထိုနှစ်ဦးသည်
စံအိမ်ကြီးတစ်ခုထဲတွင်
အတူတကွနေထိုင်လျက်ရှိပြီး
ကွာရှင်းပြတ်ဆဲမှုကို
ခေတ္တခဏရပ်ဆိုင်းထားရသည်။
အဘယ့်ကြောင့်ဆိုသော်
နောက်ဆုံးသောပိုင်ဆိုင်မှုဖြစ်သည့်
ယခုစံအိမ်ကြီးအားခွဲဝေမှုအပေါ်တွင်
အငြင်းပွားနေကြပြီးဘယ်တစ်ဦး
တစ်ယောက်ကမှအရေးနှိမ့်ကာ
လက်မလွှတ်ပေးချင်သည့်အတွက်
ဖြစ်သည်။ထိုနှစ်ဦးသည်မကြာခဏဆို
သလိုလည်းရန်ဖြစ်လေ့ရှိကြသည်။

ဤသို့ဖြင့်,တစ်ရက်တွင်
အငြင်းပွားမှုတစ်ခုဖြစ်ပွားနေစဉ်
ယောက်ျားဖြစ်သူသည်
ရုတ်တရပ်နှလုံးရောဂါထလာခဲ့သည်။
မိန်းမဖြစ်သူသည် သူမ၏ယောက်ျားသာ
သေဆုံးသွားခဲ့လျှင် ယခုစံအိမ်ကြီးသည်
သူမနှင့်သာသက်ဆိုင်တော့မည်ဆိုသည့်
ရည်ရွယ်ချက်ဖြင့် ယောက်ျားဖြစ်သူ၏
ဆေးဗူးအားအဝေးသို့ယူဆောင်ကာ
လွှတ်ပစ်ခဲ့သည်။

သို့သော်မထင်မှတ်ထားစွာဖြင့်,
နောက်ဆုံးသောထွက်သက်တွင်,
ယောက်ျားဖြစ်သူသည်သူ၏မိန်းမကို
ပါသူနှင့်အတူတူတစ်ပါးတည်းဆွဲခေါ်
ကာဒုတိယထပ်မှပြုတ်ကျစေခဲ့သည်။
မိန်းမဖြစ်သူသည်ချွန်ထက်သည့်အရာတစ်ခု
အပေါ်သို့တည့်တည့်မတ်မတ်ပြုတ်ကျခဲ့သည့်
အတွက်ထိုစုံတွဲနှစ်ယောက်စလုံး
ပွဲကျင်းပြီးသေဆုံးသွားခဲ့ကြသည်။

ထိုနှစ်ဦး၏နံဟောင်ပုတ်ပွနေသော
အလောင်းများကိုနှစ်လကျော်ကြာသည်
အထိဘယ်သူကမှမသိရှိကြပေ။စစ်ဆေးရန်
သွားရောက်သည့်အမွေစီမံခန့်ခွဲရေး
မန်နေဂျာရောက်လာမှသာလျှင်၊
ယခုလိုထိတ်လန့်စဖွယ်မတော်တဆမှုကြီး
အားရှာတွေ့ခဲ့ခြင်းဖြစ်သည်။

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းDonde viven las historias. Descúbrelo ahora